ယူရိုပြိုင်ပွဲက ခြေစွမ်းတွေကို ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်တဲ့အထိ သယ်ဆောင်နိုင်ခဲ့တဲ့ ဒိန်းမတ်

ဒိန်းမတ် အသင်းဟာ ဒီမနက်က ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဩစတြီးယား အသင်းကို (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်သွားပြီဖြစ်ပါတယ်။မေဟလီ ရဲ့အဆုံးအဖြတ်ဂိုးနဲ့ ဒိန်းမတ်အသင်းဟာ ပြီးပြည့်စုံတဲ့ စံချိန်မှတ်တမ်းနဲ့ နောက်တဆင့်တက်ခဲ့တာဖြစ်ပါတယ်။

ဒိန်းမတ် အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ (၂)ပွဲကစားဖို့ ကျန်သေးပေမယ့် (၈)ပွဲကစား (၈)ပွဲလုံးအနိုင်ရခဲ့ပြီး ဒုတိယနေရာက စကော့တလန် အသင်းကို (၇)မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာကြောင့် ခြေစစ်ပွဲအောင်မြင်ခဲ့တာပါ။

ဒိန်းမတ် အသင်းဟာ ဒီခြေစစ်ပွဲ(၈)ပွဲမှာ ရာနှုန်းပြည့်အနိုင်ရခဲ့သလို ပေးဂိုးလည်း (၁)ဂိုးမှ ခွင့်ပြုထားခြင်းမရှိတာဖြစ်ပါတယ်။ဒိန်းမတ် အသင်းဟာ ဒီခြေစစ်ပွဲမှာ သွင်းဂိုး (၂၇)ဂိုးအထိ ရရှိထားတာဖြစ်ပြီး တပွဲကို ပျှမ်းမျှ (၃)ဂိုးသွင်း
ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒိန်းမတ် အသင်းဟာ ဂျာမနီ ပြီးနောက် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့ ဒုတိယမြောက် ဥရောပအသင်းလည်းဖြစ်လာခဲ့ပါတယ်။လက်ရှိအချိန်ထိ အိမ်ရှင်ကာတာ အပါအဝင် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ထားတဲ့ အသင်းတွေအဖြစ် ဂျာမနီနဲ့ ဒိန်းမတ် တို့ ရှိနေတာလည်းဖြစ်ပါတယ်။

ဒိန်းမတ် အသင်းဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာတည်းက အဲရစ်ဆန် ရဲ့အဖြစ်အပျက်ပြီးနောက် သူတို့ရဲ့ကြိုးစားအားထုတ်မှု စိတ်ဓါတ်ပြင်းပြမှုတွေကို တွေ့မြင်ခဲ့ရတာလည်းဖြစ်ပါတယ်။ယူရိုပြိုင်ပွဲမှာ ဒိန်းမတ် အသင်းဟာ အကြိုဗိုလ်လုပွဲအထိ တက်နိုင်ခဲ့ပြီး အင်္ဂလန်ကို အချိန်ပိုမှာ အရေးနိမ့်ခဲ့တာပါ။

Soccer Football – World Cup – UEFA Qualifiers – Group F – Denmark v Austria – Parken Stadium, Copenhagen, Denmark – October 12, 2021 Denmark fans inside the stadium Liselotte Sabroe/Ritzau Scanpix via REUTERS

အဲ့ဒီတည်းက ဒိန်းမတ် အသင်းရဲ့နိုင်လိုစိတ်ပြင်းပြမှုကို တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။ဒိန်းမတ် အသင်းဟာ ယူရိုပြိုင်ပွဲ ခြေစွမ်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲအထိ သယ်ဆောင်လာနိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ရာနှုန်းပြည့်နိုင်ပွဲ ပေးဂိုးမရှိဆိုတဲ့ စံချိန်နဲ့ ‌ကမ္ဘာ့ဖလားဝင်ခွင့်ရသွားခဲ့ပြီလည်းဖြစ်ပါတယ်။

ဒိန်းမတ် အသင်းရဲ့လက်ရှိအနေအထားအရ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စောင့်ကြည့်စရာ အကောင်းဆုံးအသင်းအဖြစ်လည်း ရှိနေပြီဖြစ်ပါတယ်။

ဒိန်းမတ် အသင်းဟာ လက်ကျန်ခြေစစ်ပွဲ(၂)ပွဲအဖြစ် နိုဝင်ဘာလမှာ ဖာရိုးကျွန်းစု၊စကော့တလန် တို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

ဒိန္းမတ္ အသင္းဟာ ဒီမနက္က ကစားခဲ့တဲ့ ကမၻာ့ဖလားေျခစစ္ပြဲမွာ ဩစႀတီးယား အသင္းကို (၁)ဂိုး-ဂိုးမရွိနဲ႔ အနိုင္ရၿပီး ကမၻာ့ဖလားေျခစစ္ပြဲ ေအာင္ျမင္သြားၿပီျဖစ္ပါတယ္။ေမဟလီ ရဲ့အဆုံးအျဖတ္ဂိုးနဲ႔ ဒိန္းမတ္အသင္းဟာ ၿပီးျပည့္စုံတဲ့ စံခ်ိန္မွတ္တမ္းနဲ႔ ေနာက္တဆင့္တက္ခဲ့တာျဖစ္ပါတယ္။

ဒိန္းမတ္ အသင္းဟာ ကမၻာ့ဖလားေျခစစ္ပြဲ (၂)ပြဲကစားဖို႔ က်န္ေသးေပမယ့္ (၈)ပြဲကစား (၈)ပြဲလုံးအနိုင္ရခဲ့ၿပီး ဒုတိယေနရာက စေကာ့တလန္ အသင္းကို (၇)မွတ္အထိ ျဖတ္ထားနိုင္ခဲ့တာေၾကာင့္ ေျခစစ္ပြဲေအာင္ျမင္ခဲ့တာပါ။

ဒိန္းမတ္ အသင္းဟာ ဒီေျခစစ္ပြဲ(၈)ပြဲမွာ ရာႏႈန္းျပည့္အနိုင္ရခဲ့သလို ေပးဂိုးလည္း (၁)ဂိုးမွ ခြင့္ျပဳထားျခင္းမရွိတာျဖစ္ပါတယ္။ဒိန္းမတ္ အသင္းဟာ ဒီေျခစစ္ပြဲမွာ သြင္းဂိုး (၂၇)ဂိုးအထိ ရရွိထားတာျဖစ္ၿပီး တပြဲကို ပၽွမ္းမၽွ (၃)ဂိုးသြင္း
ယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒိန္းမတ္ အသင္းဟာ ဂ်ာမနီ ၿပီးေနာက္ ၂၀၂၂ ကမၻာ့ဖလားေျခစစ္ပြဲေအာင္ျမင္တဲ့ ဒုတိယေျမာက္ ဥေရာပအသင္းလည္းျဖစ္လာခဲ့ပါတယ္။လက္ရွိအခ်ိန္ထိ အိမ္ရွင္ကာတာ အပါအဝင္ ကမၻာ့ဖလားေျခစစ္ပြဲေအာင္ထားတဲ့ အသင္းေတြအျဖစ္ ဂ်ာမနီနဲ႔ ဒိန္းမတ္ တို႔ ရွိေနတာလည္းျဖစ္ပါတယ္။

ဒိန္းမတ္ အသင္းဟာ ၿပီးခဲ့တဲ့ ယူရိုၿပိဳင္ပြဲမွာတည္းက အဲရစ္ဆန္ ရဲ့အျဖစ္အပ်က္ၿပီးေနာက္ သူတို႔ရဲ့ႀကိဳးစားအားထုတ္မႈ စိတ္ဓါတ္ျပင္းျပမႈေတြကို ေတြ႕ျမင္ခဲ့ရတာလည္းျဖစ္ပါတယ္။ယူရိုၿပိဳင္ပြဲမွာ ဒိန္းမတ္ အသင္းဟာ အႀကိဳဗိုလ္လုပြဲအထိ တက္နိုင္ခဲ့ၿပီး အဂၤလန္ကို အခ်ိန္ပိုမွာ အေရးနိမ့္ခဲ့တာပါ။

အဲ့ဒီတည္းက ဒိန္းမတ္ အသင္းရဲ့နိုင္လိုစိတ္ျပင္းျပမႈကို ေတြ႕ခဲ့ရတာလည္းျဖစ္ပါတယ္။ဒိန္းမတ္ အသင္းဟာ ယူရိုၿပိဳင္ပြဲ ေျခစြမ္းကို ကမၻာ့ဖလားေျခစစ္ပြဲအထိ သယ္ေဆာင္လာနိုင္ခဲ့တာျဖစ္ၿပီး အခုဆိုရင္ ရာႏႈန္းျပည့္နိုင္ပြဲ ေပးဂိုးမရွိဆိုတဲ့ စံခ်ိန္နဲ႔ ‌ကမၻာ့ဖလားဝင္ခြင့္ရသြားခဲ့ၿပီလည္းျဖစ္ပါတယ္။

ဒိန္းမတ္ အသင္းရဲ့လက္ရွိအေနအထားအရ လာမယ့္ ကမၻာ့ဖလားၿပိဳင္ပြဲမွာ ေစာင့္ၾကည့္စရာ အေကာင္းဆုံးအသင္းအျဖစ္လည္း ရွိေနၿပီျဖစ္ပါတယ္။

ဒိန္းမတ္ အသင္းဟာ လက္က်န္ေျခစစ္ပြဲ(၂)ပြဲအျဖစ္ နိုဝင္ဘာလမွာ ဖာရိုးကၽြန္းစု၊စေကာ့တလန္ တို႔နဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။