အခုနှစ်ထဲမှာပဲ ကစားသမားသမားဘဝသွင်းဂိုး၈၀၀ပြည့်ဖို့ ရှိနေတဲ့ ရော်နယ်ဒို

ရော်နယ်ဒို ဟာ ဒီမနက်က ကစားခဲ့တဲ့ လူဇင်ဘတ် အသင်းကို ပေါ်တူဂီ အသင်းက (၅)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဟတ်ထရစ်ဂိုးသွင်းယူပြီးနောက် နိုင်ငံတကာကစားသမားဘဝ ဟတ်ထရစ်(၁၀)ကြိမ်နဲ့ အများဆုံး ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

အသက်(၃၆)နှစ်အရွယ်ရှိ ရော်နယ်ဒို အတွက်တော့ ဒီဟတ်ထရစ်ဟာ သူ့ရဲ့ကစားသမားဘဝတလျှောက် (၅၈)ကြိမ်မြောက် ဟတ်ထရစ်ဂိုးလည်းဖြစ်ခဲ့တာပါ။ရော်နယ်ဒို ဟာ ပေါ်တူဂီ အတွက် သွင်းဂိုး(၁၁၅)အထိ သွင်းယူထားပြီးလည်းဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ပေါ်တူဂီ အသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ (၈)ပွဲမှာ ဘယ်လ်ဂျီယံနဲ့ ပွဲကလွဲပြီး ပွဲတိုင်းဂိုးသွင်းယူထားတာကိုလည်းတွေ့ရပါတယ်။ဒီ(၈)ပွဲမှာ ရော်နယ်ဒို ဟာ (၁၂)ဂိုးအထိရယူထားတာလည်းဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ အခုနှစ်ထဲမှာဆိုရင် သွင်းဂိုး(၃၈)ဂိုးအထိ ရှိလာခဲ့တာဖြစ်ပြီး သူ့ထက်များတာဆိုလို့ ဘိုင်ယန်မြူးနစ် အသင်းက လီဝန်ဒေါစကီးနဲ့ ဒေါ့မွန် အသင်းတိုက်စစ်မှုး ဟာလန်း တို့ပဲ ရှိတာဖြစ်ပါတယ်။လီဝန်ဒေါစကီးက ဂိုး(၅၀)နဲ့ ဟာလန်းက (၄၁)ဂိုးသွင်းယူထားတာပါ။

ပေါ်တူဂီ အသင်းခေါင်းဆောင် ဟာ ကစားသမားဘဝတလျှောက် နိုင်ငံနဲ့ ကလပ်အသင်းတွေ အတွက် သွင်းဂိုး(၇၉၄)ဂိုးအထိ သွင်းယူထားတာပါ။အဲ့ဒါကြောင့် ရော်နယ်ဒို ဟာ ကစားသမားဘဝသွင်းဂိုး(၈၀၀)ပြည့်ဖို့ (၆)ဂိုးသာ လိုတော့တာလည်းဖြစ်ပါတယ်။

လက်ရှိရော်နယ်ဒို ရဲ့သွင်းဂိုးနှုန်းအတိုင်းသာဆိုရင် သွင်းဂိုး(၈၀၀)ဟာ အခုနှစ်မကုန်ခင်မှာပဲ ပြည့်သွားဖို့ ရှိနေတာလည်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းတိုက်စစ်ကစား သမားဟာ ပေါ်တူဂီ နဲ့ နိုင်ငံတကာ ပွဲစဉ်အပြီးမှာ ကလပ်အသင်းနဲ့ ပရီးမီးယားလိဂ်၊ချန်ပီယံလိဂ်ပွဲစဉ်တွေ ကစားရဖို့ ရှိနေတာပါ။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကမှ မန်ချက်စတာယူနိုက်တက် ကို တကျော့ပြန်ရောက်ရှိလာတဲ့ ရော်နယ်ဒို ဟာ အသင်းအတွက် (၅)ဂိုးသွင်းယူပေးထားတာဖြစ်ပါတယ်။ရော်နယ်ဒို ဟာ ပရီးမီးယားလိဂ်ကို ရောက်ရောက်ချင်းမှာပဲ စက်တင်ဘာလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မကြာသေးခင်က အဲဗာတန် နဲ့ ကစားတဲ့ ပွဲမှာ ရော်နယ်‌ဒို ကို အရန်ခုံပေါ်မှာ သာ ပွဲစစေခဲ့လို့ နည်းပြ ဆိုးလ်ရှားကို ဆာအဲလက်စ်ဖာဂူဆန် အပါအဝင် ပေါ်တူဂီနည်းပြကလည်း ဝေဖန်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Zawgyi

ေရာ္နယ္ဒို ဟာ ဒီမနက္က ကစားခဲ့တဲ့ လူဇင္ဘတ္ အသင္းကို ေပၚတူဂီ အသင္းက (၅)ဂိုး-ဂိုးမရွိနဲ႔ ဂိုးျပတ္အနိုင္ရတဲ့ ကမၻာ့ဖလားေျခစစ္ပြဲမွာ ဟတ္ထရစ္ဂိုးသြင္းယူၿပီးေနာက္ နိုင္ငံတကာကစားသမားဘဝ ဟတ္ထရစ္(၁၀)ႀကိမ္နဲ႔ အမ်ားဆုံး ကစားသမားအျဖစ္ စံခ်ိန္သစ္တင္နိုင္ခဲ့ပါတယ္။

အသက္(၃၆)ႏွစ္အရြယ္ရွိ ေရာ္နယ္ဒို အတြက္ေတာ့ ဒီဟတ္ထရစ္ဟာ သူ႔ရဲ့ကစားသမားဘဝတေလၽွာက္ (၅၈)ႀကိမ္ေျမာက္ ဟတ္ထရစ္ဂိုးလည္းျဖစ္ခဲ့တာပါ။ေရာ္နယ္ဒို ဟာ ေပၚတူဂီ အတြက္ သြင္းဂိုး(၁၁၅)အထိ သြင္းယူထားၿပီးလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒို ဟာ ေပၚတူဂီ အသင္းအတြက္ ေနာက္ဆုံးကစားခဲ့တဲ့ (၈)ပြဲမွာ ဘယ္လ္ဂ်ီယံနဲ႔ ပြဲကလြဲၿပီး ပြဲတိုင္းဂိုးသြင္းယူထားတာကိုလည္းေတြ႕ရပါတယ္။ဒီ(၈)ပြဲမွာ ေရာ္နယ္ဒို ဟာ (၁၂)ဂိုးအထိရယူထားတာလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒို ဟာ အခုႏွစ္ထဲမွာဆိုရင္ သြင္းဂိုး(၃၈)ဂိုးအထိ ရွိလာခဲ့တာျဖစ္ၿပီး သူ႔ထက္မ်ားတာဆိုလို႔ ဘိုင္ယန္ျမဴးနစ္ အသင္းက လီဝန္ေဒါစကီးနဲ႔ ေဒါ့မြန္ အသင္းတိုက္စစ္မႈး ဟာလန္း တို႔ပဲ ရွိတာျဖစ္ပါတယ္။လီဝန္ေဒါစကီးက ဂိုး(၅၀)နဲ႔ ဟာလန္းက (၄၁)ဂိုးသြင္းယူထားတာပါ။

ေပၚတူဂီ အသင္းေခါင္းေဆာင္ ဟာ ကစားသမားဘဝတေလၽွာက္ နိုင္ငံနဲ႔ ကလပ္အသင္းေတြ အတြက္ သြင္းဂိုး(၇၉၄)ဂိုးအထိ သြင္းယူထားတာပါ။အဲ့ဒါေၾကာင့္ ေရာ္နယ္ဒို ဟာ ကစားသမားဘဝသြင္းဂိုး(၈၀၀)ျပည့္ဖို႔ (၆)ဂိုးသာ လိုေတာ့တာလည္းျဖစ္ပါတယ္။

လက္ရွိေရာ္နယ္ဒို ရဲ့သြင္းဂိုးႏႈန္းအတိုင္းသာဆိုရင္ သြင္းဂိုး(၈၀၀)ဟာ အခုႏွစ္မကုန္ခင္မွာပဲ ျပည့္သြားဖို႔ ရွိေနတာလည္းျဖစ္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းတိုက္စစ္ကစား သမားဟာ ေပၚတူဂီ နဲ႔ နိုင္ငံတကာ ပြဲစဥ္အၿပီးမွာ ကလပ္အသင္းနဲ႔ ပရီးမီးယားလိဂ္၊ခ်န္ပီယံလိဂ္ပြဲစဥ္ေတြ ကစားရဖို႔ ရွိေနတာပါ။

ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕ကမွ မန္ခ်က္စတာယူနိုက္တက္ ကို တေက်ာ့ျပန္ေရာက္ရွိလာတဲ့ ေရာ္နယ္ဒို ဟာ အသင္းအတြက္ (၅)ဂိုးသြင္းယူေပးထားတာျဖစ္ပါတယ္။ေရာ္နယ္ဒို ဟာ ပရီးမီးယားလိဂ္ကို ေရာက္ေရာက္ခ်င္းမွာပဲ စက္တင္ဘာလအတြက္ ပရီးမီးယားလိဂ္ အေကာင္းဆုံးဆုကို ရယူနိုင္ခဲ့တာျဖစ္ပါတယ္။

မၾကာေသးခင္က အဲဗာတန္ နဲ႔ ကစားတဲ့ ပြဲမွာ ေရာ္နယ္‌ဒို ကို အရန္ခုံေပၚမွာ သာ ပြဲစေစခဲ့လို႔ နည္းၿပ ဆိုးလ္ရွားကို ဆာအဲလက္စ္ဖာဂူဆန္ အပါအဝင္ ေပၚတူဂီနည္းျပကလည္း ေဝဖန္မႈေတြျပဳလုပ္ခဲ့တာျဖစ္ပါတယ္။