မပြီးသေးဘူး၊ ကြောက်ဖို့ကောင်းတဲ့စံချိန်တွေ ထပ်ချိုးပြဦးမယ်ဆိုတဲ့ ရော်နယ်ဒို

ယူနိုက်တက်နဲ့ ပေါ်တူဂီလက်ရွေးစင်ကစားသမား ရော်နယ်ဒိုဟာ မနေ့ညက လူဇင်ဘတ်နဲ့ ကစားခဲ့တဲ့ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ စံချိန်မှတ်တမ်းကောင်းတွေကို ထပ်မံရယူနိုင်ခဲ့တဲ့နောက် နောက်ထပ် ဒါမျိုးတွေထပ်လုပ်ပြဦးမယ်လို့ ကတိပေးစကားပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ မနေ့ညကပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပေါ်တူဂီကလည်း (၅) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။

ရော်နယ်ဒိုဟာ (၅) မိနစ်အတွင်းမှာ ပင်နယ်တီ (၂) လုံးရရှိခဲ့သလို ဘရူနိုဖာနန်ဒက်စ်ရဲ့ သွင်းဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ပွဲအပြီး သူ့ရဲ့အင်စတာဂရမ်ပေါ်မှာ ရော်နယ်ဒိုက “နောက်ထပ်နိုင်ပွဲတစ်ပွဲ၊ ရည်မှန်းချက်တွေအတွက် နောက်ထပ် ခြေလှမ်းတစ်လှမ်း၊ ကျွန်တော်တို့နိုင်ငံလက်ရွေးစင်အတွက် နောက်ထပ်သမိုင်းဝင်ညတစ်ညပါပဲ။ အိမ်ကွင်းမှာ ကစားတဲ့အခါ၊ အိမ်ရှင်ပရိသတ်ရှေ့မှောက် ကစားတဲ့အခါ အရာရာတိုင်းက လွယ်ကူလာပါတယ်”

“အဲ့ဒီလိုပွဲမျိုးဆိုရင် ပွဲအစအဆုံး ဂရုစိုက်ရတာပေါ့။ ကျွန်တော့်အနေနဲ့ အခုထက် ပိုပိုပြီး ထပ်မံစွမ်းဆောင်သွားမယ်လို့ ကတိပေးပြီးပါပြီ။ ဒါ ကျွန်တော့်ရဲ့ DNA၊ ကျွန်တော်တို့အားလုံးရဲ့ DNA ပါပဲ။ ကျွန်တော်တို့ ဘယ်တော့မှ ကျေနပ်ရောင့်ရဲနေမှာမဟုတ်သလို လက်လျှော့သွားမှာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ အမြဲတမ်း ရှေ့ဆက်သွားနေမှာပါ” လို့ ရေးသားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ကာတာနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာလည်း အဖွင့်ဂိုးသွင်းယူနိုင်ခဲ့သေးတာပါ။ လက်ရှိအချိန်မှာတော့ ရော်နယ်ဒိုတစ်ယောက် ယူနိုက်တက်နဲ့ ပြန်လည်ပူးပေါင်းပြီး စနေညမှာ ကစားမယ့် လက်စတာနဲ့ပွဲအတွက် ပြင်ဆင်ရတော့မှာဖြစ်ပါတယ်။