ရော်နယ်ဒိုကြောင့် နိုင်ငံအသင်းမှာပါ ဘုံပျောက်နေလို့ ယူနိုက်တက်ကို စွန့်ခွာဖွယ်ရှိနေတဲ့ ကာဗာနီ

ကာဗာနီ ဟာ သူ့ရဲ့လက်ရွေးစင်ကစားသမားဘဝအတွက် မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာဖွယ်ရှိတယ်လို့ ပြောဆိုလိုက်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။ကာဗာနီ ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၁၀၄)မိနစ်သာ အကန့်အသတ်နဲ့ ပါဝင်ကစားထားရတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ကာဗာနီ ဟာ မကြာသေးခင်က ကစားခဲ့တဲ့ ဥရုဂွေးလက်ရွေးစင် အသင်းရဲ့ပွဲမှာ အရန်ခုံပေါ်မှာသာ ထိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒို အသင်းထံ ပြန်ရောက်လာတာကြောင့် ကာဗာနီ ဟာ ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

ပိုယက်ကတော့ ကာဗာနီ အနေနဲ့ မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာပြီး ရှေ့ဆက်ရမယ့် အချိန်ဖြစ်တယ်လို့ ယုံကြည်နေတာပါ။”သူကံမကောင်းပါဘူး။ရော်နယ်ဒို မရောက်လာခင်တုန်းက အဓိက တိုက်စစ်မှုးအဖြစ်ကစားခဲ့တာပါ။ဂျုဗီနဲ့ မန်စီးတီး တို့ရဲ့ဆုံးဖြတ်ချက်က ကာဗာနီ အပေါ်ထိရောက်ခဲ့တာပါ”

“ဇန်နဝါရီမှာ သူပြောင်းရွှေ့သင့်ပါတယ်။အပြင်ကနေ ကျွန်တော်သူ့ကိုမသိပါဘူး။ဒါပေမယ့် ကျွန်တော်သာ သူဖြစ်ခဲ့မယ်ဆိုရင် အခုအခြေအနေတွေကို ဘယ်လိုမြင်လဲဆိုတော့ သူဟာ နိုင်ငံအသင်းအတွက် မိနစ်(၉၀)ပြည့် မကစားရတာကို တွေ့ရပါတယ်”

“ဘာကြောင့်လဲဆိုရင် သူမကစားနိုင်တာလည်းဖြစ်နိုင်ပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။အသက်(၃၄)နှစ်အရွယ်ရှိ ကာဗာနီ ဟာ ပြီးခဲ့တဲ့ မန်ချက်စတာယူနိုက်တက် အတွက် ပွဲဦးထွက်ရာသီက (၃၉)ပွဲမှာ (၁၇)ဂိုးသွင်းယူနိုင်ခဲ့တာပါ။

ကာဗာနီ ဟာ ရော်နယ်ဒို အသင်းကို ရောက်ရှိလာတာကြောင့် သူဝတ်ဆင်နေတဲ့ ကျောနံပတ်(၇)ကို လွှဲပြောင်းပေးခဲ့ပြီး သူကကျောနံပတ်(၂၁)ကို ဝတ်ဆင်ခဲ့တာလည်းဖြစ်ပါတယ်။

ကာဗာနီ ဟာ မကြာသေးခင်က အင်တာဗျုးတခုမှာ “ဘောလုံးမှာ ခင်ဗျားအမြဲတမ်းအဆင်သင့်ဖြစ်နေရပါမယ်။ဒါဟာ ထိပ်တန်းအဆင့်ရဲ့အဓိကအချက်တွေထဲကတခုပါ။တခါတလေမှာ ပွဲပိုကစားရမယ်၊တခါတလေမှာ ပွဲကစားခွင့်နည်းမယ်၊ဒါတွေကို မန်နေဂျာက ဆုံးဖြတ်ရတာပါ”

“ဒါက အမြဲတမ်းယှဉ်ပြိုင်နိုင်ဖို့ အလုပ်ကိုရပ်တန့်စေတာတော့မဟုတ်ပါဘူး။လိဂ်က အခုမှစတာပါ၊မနှစ်ကလိုမဟုတ်တော့ပေမယ့် အသင်းရဲ့အစိတ်အပိုင်းအနေနဲ့ ဖြစ်ရမယ်”လို့ ပြောထားတာဖြစ်ပါတယ်။

Zawgyi

ကာဗာနီ ဟာ သူ႔ရဲ့လက္ေရြးစင္ကစားသမားဘဝအတြက္ မန္ခ်က္စတာယူနိုက္တက္ ကေန ထြက္ခြာဖြယ္ရွိတယ္လို႔ ေျပာဆိုလိုက္ေၾကာင္း သတင္းေတြက ေဖာ္ျပပါတယ္။ကာဗာနီ ဟာ ဒီရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ (၁၀၄)မိနစ္သာ အကန႔္အသတ္နဲ႔ ပါဝင္ကစားထားရတာျဖစ္ပါတယ္။

အဲ့ဒါေၾကာင့္ ကာဗာနီ ဟာ မၾကာေသးခင္က ကစားခဲ့တဲ့ ဥ႐ုေဂြးလက္ေရြးစင္ အသင္းရဲ့ပြဲမွာ အရန္ခုံေပၚမွာသာ ထိုင္ခဲ့ရတာလည္းျဖစ္ပါတယ္။ေပၚတူဂီ အသင္းေခါင္းေဆာင္ ေရာ္နယ္ဒို အသင္းထံ ျပန္ေရာက္လာတာေၾကာင့္ ကာဗာနီ ဟာ ပြဲထြက္ကစားခြင့္ရဖို႔ ႐ုန္းကန္ေနရတာျဖစ္ပါတယ္။

ပိုယက္ကေတာ့ ကာဗာနီ အေနနဲ႔ မန္ခ်က္စတာယူနိုက္တက္ကေန ထြက္ခြာၿပီး ေရွ႕ဆက္ရမယ့္ အခ်ိန္ျဖစ္တယ္လို႔ ယုံၾကည္ေနတာပါ။”သူကံမေကာင္းပါဘူး။ေရာ္နယ္ဒို မေရာက္လာခင္တုန္းက အဓိက တိုက္စစ္မႈးအျဖစ္ကစားခဲ့တာပါ။ဂ်ဳဗီနဲ႔ မန္စီးတီး တို႔ရဲ့ဆုံးျဖတ္ခ်က္က ကာဗာနီ အေပၚထိေရာက္ခဲ့တာပါ”

“ဇန္နဝါရီမွာ သူေျပာင္းေရႊ႕သင့္ပါတယ္။အျပင္ကေန ကၽြန္ေတာ္သူ႔ကိုမသိပါဘူး။ဒါေပမယ့္ ကၽြန္ေတာ္သာ သူျဖစ္ခဲ့မယ္ဆိုရင္ အခုအေျခအေနေတြကို ဘယ္လိုျမင္လဲဆိုေတာ့ သူဟာ နိုင္ငံအသင္းအတြက္ မိနစ္(၉၀)ျပည့္ မကစားရတာကို ေတြ႕ရပါတယ္”

“ဘာေၾကာင့္လဲဆိုရင္ သူမကစားနိုင္တာလည္းျဖစ္နိုင္ပါတယ္”လို႔ ေျပာခဲ့တာျဖစ္ပါတယ္။အသက္(၃၄)ႏွစ္အရြယ္ရွိ ကာဗာနီ ဟာ ၿပီးခဲ့တဲ့ မန္ခ်က္စတာယူနိုက္တက္ အတြက္ ပြဲဦးထြက္ရာသီက (၃၉)ပြဲမွာ (၁၇)ဂိုးသြင္းယူနိုင္ခဲ့တာပါ။

ကာဗာနီ ဟာ ေရာ္နယ္ဒို အသင္းကို ေရာက္ရွိလာတာေၾကာင့္ သူဝတ္ဆင္ေနတဲ့ ေက်ာနံပတ္(၇)ကို လႊဲေျပာင္းေပးခဲ့ၿပီး သူကေက်ာနံပတ္(၂၁)ကို ဝတ္ဆင္ခဲ့တာလည္းျဖစ္ပါတယ္။

ကာဗာနီ ဟာ မၾကာေသးခင္က အင္တာဗ်ဳးတခုမွာ “ေဘာလုံးမွာ ခင္ဗ်ားအျမဲတမ္းအဆင္သင့္ျဖစ္ေနရပါမယ္။ဒါဟာ ထိပ္တန္းအဆင့္ရဲ့အဓိကအခ်က္ေတြထဲကတခုပါ။တခါတေလမွာ ပြဲပိုကစားရမယ္၊တခါတေလမွာ ပြဲကစားခြင့္နည္းမယ္၊ဒါေတြကို မန္ေနဂ်ာက ဆုံးျဖတ္ရတာပါ”

“ဒါက အျမဲတမ္းယွဥ္ၿပိဳင္နိုင္ဖို႔ အလုပ္ကိုရပ္တန႔္ေစတာေတာ့မဟုတ္ပါဘူး။လိဂ္က အခုမွစတာပါ၊မႏွစ္ကလိုမဟုတ္ေတာ့ေပမယ့္ အသင္းရဲ့အစိတ္အပိုင္းအေနနဲ႔ ျဖစ္ရမယ္”လို႔ ေျပာထားတာျဖစ္ပါတယ္။