နယူးကာဆယ် ပြီးတော့ အင်တာ ကို ယူရို၁ဘီလီယံနဲ့ ဝယ်ဖို့ အသင့်ရှိနေတဲ့ ဆော်ဒီအိမ်ရှေ့မင်းသား

နယူးကာဆယ် အသင်းရဲ့ပိုင်ရှင်အသစ်ဖြစ်တဲ့ PIF အစုအဖွဲ့ကတော့ စီးရီးအေလက်ရှိချန်ပီယံ အင်တာမီလန် အသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းတွေထဲက သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ဒီနေ့ အီတလီ ကလာတဲ့ သတင်းတွေမှာ အင်တာမီလန် အသင်းကို ယူရို(၁)ဘီလီယံနဲ့ ဝယ်ယူဖို့ ကြိုးစားနေတယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲ ဆော်ဒီအိမ်ရှေ့မင်းသားရဲ့PIF က အင်တာမီလန် အသင်းကို ပိုင်ဆိုင်တဲ့ တရုတ်အစုအဖွဲ့နဲ့ ပြီးခဲ့တဲ့နှစ်က ပထမဆုံးအကြိမ်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပြီး မရောင်းချခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ အခြေအနေတွေက ‌အပြောင်းအလဲတွေဖြစ်ခဲ့ပြီး PIF က အကြွေးဝိုင်းနေတဲ့ တရုတ်ပိုင်ရှင်မိသားစုကို ယူရို(၁)ဘီလီယံပေးဖို့ အဆင်သင့်ရှိနေတာလည်းဖြစ်ပါတယ်။ဥရောပစူပါလိဂ်ကျင်းပဖို့ အဆင်မပြေတည်းက တရုတ်ပိုင်ရှင်‌တွေဟာ အင်တာမီလန် ကို ရောင်းချဖို့ လမ်းဖွင့်ထားတာလည်းဖြစ်ပါတယ်။

အင်တာမီလန် အသင်းဟာ ပြီးခဲ့တဲ့ရာသီက အသင်းရဲ့ဘဏ္ဍာရေးအခက်အခဲတွေကြောင့် နည်းပြ ကွန်တီ ကိုလည်း လက်လွှတ်ခဲ့ရသလို အသင်းရဲ့အဓိက ကစားသမား(၂)ဦးဖြစ်တဲ့ လူကာကူနဲ့ ဟာကီမီတို့ကိုလည်း ရောင်းချခဲ့ရတာဖြစ်ပါတယ်။

ဆော်ဒီအိမ်ရှေ့မင်းသားရဲ့ကျောထောက် နောက်ခံဖြစ်တဲ့ PIF ကတော့ နယူးကာဆယ် ကို ဝယ်ယူပြီးနောက် အင်တာမီလန် အသင်းကိုပါ ဝယ်ယူဖို့ စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး သူတို့ဟာ အားကစားကနေ ကွန်ယက်တခုကို ဖန်တီးမှုတွေ ပြုလုပ်ချင်နေတာလည်းဖြစ်နိုင်တယ်လို့ သတင်းမှာဆိုထားပါတယ်။

ဒါ့အပြင် ဘောလုံးလောကနေ တဆင့် ဆော်ဒီအိမ်ရှေ့မင်းသားရဲ့ပုံရိပ်ကို သန့်ရှင်းအောင် ပြုလုပ်ချင်နေပုံလည်းရတယ်လို့ ဖော်ပြထားတာပါ။PIF အစုအဖွဲ့ဟာ မာဆေးလ်နဲ့ ဘရာဇီးလ် က ကလပ်အသင်းတသင်းကိုလည်း ဝယ်ယူဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာ ဒီအစုအဖွဲ့ဟာ နယူးကာဆယ် အသင်းကို ပြုပြင်ပြောင်းလဲမှုတွေအများကြီး ပြုလုပ်ဖို့ ရှိနေပြီး လာမယ့် ဆောင်းရာသီအပြောင်းအရွှေ့မှာ နာမည်ကျော်ကစားသမားအချို့ကို အသင်းအတွက် ခေါ်ယူပေးဖွယ်လည်းရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် နယူးကာဆယ် အသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖလားကို ရယူနိုင်ဖို့ ရည်မှန်းထားတယ်လို့လည်း အသင်းရဲ့ဒါရိုက်တာသစ် အာမန်ဒါစတေ့ဗ်လေ က ပြောဆိုထားတာဖြစ်ပါတယ်။

Zawgyi

နယူးကာဆယ္ အသင္းရဲ့ပိုင္ရွင္အသစ္ျဖစ္တဲ့ PIF အစုအဖြဲ႕ကေတာ့ စီးရီးေအလက္ရွိခ်န္ပီယံ အင္တာမီလန္ အသင္းကို ဝယ္ယူဖို႔ စိတ္ဝင္စားေနတယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းေတြထဲက သတင္းေတြထြက္ေပၚခဲ့တာျဖစ္ပါတယ္။ဒီေန႔ အီတလီ ကလာတဲ့ သတင္းေတြမွာ အင္တာမီလန္ အသင္းကို ယူရို(၁)ဘီလီယံနဲ႔ ဝယ္ယူဖို႔ ႀကိဳးစားေနတယ္လို႔ ေဖာ္ျပထားတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ထဲ ေဆာ္ဒီအိမ္ေရွ႕မင္းသားရဲ့PIF က အင္တာမီလန္ အသင္းကို ပိုင္ဆိုင္တဲ့ တ႐ုတ္အစုအဖြဲ႕နဲ႔ ၿပီးခဲ့တဲ့ႏွစ္က ပထမဆုံးအႀကိမ္ေဆြးေႏြးမႈေတြျပဳလုပ္ခဲ့ၾကတာျဖစ္ၿပီး မေရာင္းခ်ခဲ့တာျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ အေျခအေနေတြက ‌အေျပာင္းအလဲေတြျဖစ္ခဲ့ၿပီး PIF က အေႂကြးဝိုင္းေနတဲ့ တ႐ုတ္ပိုင္ရွင္မိသားစုကို ယူရို(၁)ဘီလီယံေပးဖို႔ အဆင္သင့္ရွိေနတာလည္းျဖစ္ပါတယ္။ဥေရာပစူပါလိဂ္က်င္းပဖို႔ အဆင္မေျပတည္းက တ႐ုတ္ပိုင္ရွင္‌ေတြဟာ အင္တာမီလန္ ကို ေရာင္းခ်ဖို႔ လမ္းဖြင့္ထားတာလည္းျဖစ္ပါတယ္။

အင္တာမီလန္ အသင္းဟာ ၿပီးခဲ့တဲ့ရာသီက အသင္းရဲ့ဘ႑ာေရးအခက္အခဲေတြေၾကာင့္ နည္းၿပ ကြန္တီ ကိုလည္း လက္လႊတ္ခဲ့ရသလို အသင္းရဲ့အဓိက ကစားသမား(၂)ဦးျဖစ္တဲ့ လူကာကူနဲ႔ ဟာကီမီတို႔ကိုလည္း ေရာင္းခ်ခဲ့ရတာျဖစ္ပါတယ္။

ေဆာ္ဒီအိမ္ေရွ႕မင္းသားရဲ့ေက်ာေထာက္ ေနာက္ခံျဖစ္တဲ့ PIF ကေတာ့ နယူးကာဆယ္ ကို ဝယ္ယူၿပီးေနာက္ အင္တာမီလန္ အသင္းကိုပါ ဝယ္ယူဖို႔ စိတ္ဝင္စားေနခဲ့တာျဖစ္ၿပီး သူတို႔ဟာ အားကစားကေန ကြန္ယက္တခုကို ဖန္တီးမႈေတြ ျပဳလုပ္ခ်င္ေနတာလည္းျဖစ္နိုင္တယ္လို႔ သတင္းမွာဆိုထားပါတယ္။

ဒါ့အျပင္ ေဘာလုံးေလာကေန တဆင့္ ေဆာ္ဒီအိမ္ေရွ႕မင္းသားရဲ့ပုံရိပ္ကို သန႔္ရွင္းေအာင္ ျပဳလုပ္ခ်င္ေနပုံလည္းရတယ္လို႔ ေဖာ္ျပထားတာပါ။PIF အစုအဖြဲ႕ဟာ မာေဆးလ္နဲ႔ ဘရာဇီးလ္ က ကလပ္အသင္းတသင္းကိုလည္း ဝယ္ယူဖို႔ စီစဥ္ေနတယ္လို႔လည္း သိရပါတယ္။

လက္ရွိအခ်ိန္မွာ ဒီအစုအဖြဲ႕ဟာ နယူးကာဆယ္ အသင္းကို ျပဳျပင္ေျပာင္းလဲမႈေတြအမ်ားႀကီး ျပဳလုပ္ဖို႔ ရွိေနၿပီး လာမယ့္ ေဆာင္းရာသီအေျပာင္းအေရႊ႕မွာ နာမည္ေက်ာ္ကစားသမားအခ်ိဳ႕ကို အသင္းအတြက္ ေခၚယူေပးဖြယ္လည္းရွိေနတာျဖစ္ပါတယ္။

ဒါ့အျပင္ နယူးကာဆယ္ အသင္းကို ပရီးမီးယားလိဂ္ခ်န္ပီယံဖလားကို ရယူနိုင္ဖို႔ ရည္မွန္းထားတယ္လို႔လည္း အသင္းရဲ့ဒါရိုက္တာသစ္ အာမန္ဒါစေတ့ဗ္ေလ က ေျပာဆိုထားတာျဖစ္ပါတယ္။