တနှစ်တာအကောင်းဆုံးသွင်းဂိုးဖြစ်လာမယ့် အခွင့်အရေး ပုတ်ထုတ်ခံလိုက်ရတဲ့ ရော်နယ်ဒ်ို

ရော်နယ်ဒို ကတော့ လူဇင်ဘတ် အသင်းကို အနိုင်ရခဲ့တဲ့ ပွဲမှာ သူ့ရဲ့ကစားသမားဘဝ အကောင်းဆုံးသွင်းဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် မယုံနိုင်ဖွယ်ကောင်းလောက်အောင် ဂိုးသမားရဲ့ကာကွယ်မှုကြောင့် ဒီဂိုးဟာ ဂိုးပိုက်ထဲကို မရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ပေါ်တူဂီ အသင်းဟာ လူဇင်ဘတ် အသင်းကို (၅)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာပါ။ရော်နယ်ဒို က ဟတ်ထရစ်ဂိုးသွင်းယူခဲ့ပြီး လက် ရွေးစင် ကစားသမားဘဝ သွင်းဂိုး(၁၁၅)ဂိုးအထိ ရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ဧရိယာထဲကို ကန်ဆယ်လို ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို တချက်ထိန်းပြီး နောက်ပြန်ကန်ချက်နဲ့ လှလှပပ ကန်သွင်းယူခဲ့တာဖြစ်ပြီး လူဇင်ဘတ် ဂိုးသမား မိုရစ်က ပုတ်ထုတ်ကာကွယ်ခဲ့တာကြောင့် နစ်နာခဲ့ရတာလည်းဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ဒီလိုပုံစံ ဒီလိုကန်သွင်းချက်နဲ့ပဲ (၂၀၀၈) ယူရိုခြေစစ်ပွဲအဖြစ် အဇာဘိုင်ဂျန် အသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ ကန်သွင်းယူခဲ့ပါတယ်။သူ့ရဲ့ကန်ချက်ဟာ ဂိုးစည်းကို ကျော်ပြီး ပြန်ထွက်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီတုန်းက VAR သာရှိခဲ့ရင် သေချာပေါက်ဂိုးအဖြစ် ခွင့်ပြုခံရမှာလည်းဖြစ်တာပါ။

ရော်နယ်ဒို ဟာ လူဇင်ဘတ်နဲ့ ပွဲမှာ ဟတ်ထရစ်သွင်းခဲ့တာကြောင့် သူ့ရဲ့လက်ရွေးစင်ကစားသမားဘဝ (၁၀)ကြိမ်မြောက်ဟတ်ထရစ် ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါကို ဘယ်ကစားသမားကမှ မလုပ်နိုင်သေးတာဖြစ်ပြီး ရော်နယ်ဒို က ပထမဆုံးလုပ်နိုင်ခဲ့တာပါ။

ဒါ့အပြင် ရော်နယ်ဒို ဟာ ဒီသွင်းဂိုးတွေကြောင့် သူ့ရဲ့ကစားသမားဘဝ သွင်းဂိုး(၈၀၀)ပြည့်ဖို့ (၆)ဂိုးသာ လိုအပ်တော့တာလည်းဖြစ်ပါတယ်။ပေါ်တူဂီ အသင်းဟာ ဒီပွဲအနိုင်ရခဲ့တာကြောင့် တပွဲလျော့နဲ့ ထိပ်ဆုံးနေရာက ဆားဘီးယားရဲ့အောက် ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ရော်နယ်‌ဒို ဟာ အခုအပတ်မှာတော့ ကလပ်အသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ အတူ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လက်စတာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ဒီပွဲပြီးရင်တော့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အတ္တလန်တာနဲ့ ယှဉ်ပြိုင်ရမှာပါ။

ရော်နယ်ဒို ဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် (၅)ဂိုးသွင်းယူထားပြီး စက်တင်ဘာလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရတာလည်းဖြစ်ပါတယ်။

Zawgyi

ေရာ္နယ္ဒို ကေတာ့ လူဇင္ဘတ္ အသင္းကို အနိုင္ရခဲ့တဲ့ ပြဲမွာ သူ႔ရဲ့ကစားသမားဘဝ အေကာင္းဆုံးသြင္းဂိုးရဖို႔ နီးစပ္ခဲ့ေပမယ့္ မယုံနိုင္ဖြယ္ေကာင္းေလာက္ေအာင္ ဂိုးသမားရဲ့ကာကြယ္မႈေၾကာင့္ ဒီဂိုးဟာ ဂိုးပိုက္ထဲကို မေရာက္ရွိသြားခဲ့တာျဖစ္ပါတယ္။

ဒီပြဲမွာ ေပၚတူဂီ အသင္းဟာ လူဇင္ဘတ္ အသင္းကို (၅)ဂိုး-ဂိုးမရွိနဲ႔ ဂိုးျပတ္အနိုင္ရခဲ့တာပါ။ေရာ္နယ္ဒို က ဟတ္ထရစ္ဂိုးသြင္းယူခဲ့ၿပီး လက္ ေရြးစင္ ကစားသမားဘဝ သြင္းဂိုး(၁၁၅)ဂိုးအထိ ရွိသြားခဲ့ၿပီလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒို ဟာ ဧရိယာထဲကို ကန္ဆယ္လို ျဖတ္တင္ေပးလိုက္တဲ့ ေဘာလုံးကို တခ်က္ထိန္းၿပီး ေနာက္ျပန္ကန္ခ်က္နဲ႔ လွလွပပ ကန္သြင္းယူခဲ့တာျဖစ္ၿပီး လူဇင္ဘတ္ ဂိုးသမား မိုရစ္က ပုတ္ထုတ္ကာကြယ္ခဲ့တာေၾကာင့္ နစ္နာခဲ့ရတာလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒို ဟာ ဒီလိုပုံစံ ဒီလိုကန္သြင္းခ်က္နဲ႔ပဲ (၂၀၀၈) ယူရိုေျခစစ္ပြဲအျဖစ္ အဇာဘိုင္ဂ်န္ အသင္းနဲ႔ ကစားခဲ့တဲ့ ပြဲမွာ ကန္သြင္းယူခဲ့ပါတယ္။သူ႔ရဲ့ကန္ခ်က္ဟာ ဂိုးစည္းကို ေက်ာ္ၿပီး ျပန္ထြက္လာခဲ့တာျဖစ္ပါတယ္။အဲ့ဒီတုန္းက VAR သာရွိခဲ့ရင္ ေသခ်ာေပါက္ဂိုးအျဖစ္ ခြင့္ျပဳခံရမွာလည္းျဖစ္တာပါ။

ေရာ္နယ္ဒို ဟာ လူဇင္ဘတ္နဲ႔ ပြဲမွာ ဟတ္ထရစ္သြင္းခဲ့တာေၾကာင့္ သူ႔ရဲ့လက္ေရြးစင္ကစားသမားဘဝ (၁၀)ႀကိမ္ေျမာက္ဟတ္ထရစ္ ရယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။ဒါကို ဘယ္ကစားသမားကမွ မလုပ္နိုင္ေသးတာျဖစ္ၿပီး ေရာ္နယ္ဒို က ပထမဆုံးလုပ္နိုင္ခဲ့တာပါ။

ဒါ့အျပင္ ေရာ္နယ္ဒို ဟာ ဒီသြင္းဂိုးေတြေၾကာင့္ သူ႔ရဲ့ကစားသမားဘဝ သြင္းဂိုး(၈၀၀)ျပည့္ဖို႔ (၆)ဂိုးသာ လိုအပ္ေတာ့တာလည္းျဖစ္ပါတယ္။ေပၚတူဂီ အသင္းဟာ ဒီပြဲအနိုင္ရခဲ့တာေၾကာင့္ တပြဲေလ်ာ့နဲ႔ ထိပ္ဆုံးေနရာက ဆားဘီးယားရဲ့ေအာက္ ဒုတိယေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

ေရာ္နယ္‌ဒို ဟာ အခုအပတ္မွာေတာ့ ကလပ္အသင္းျဖစ္တဲ့ မန္ခ်က္စတာယူနိုက္တက္ အသင္းနဲ႔ အတူ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ လက္စတာ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ဒီပြဲၿပီးရင္ေတာ့ ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ အတၱလန္တာနဲ႔ ယွဥ္ၿပိဳင္ရမွာပါ။

ေရာ္နယ္ဒို ဟာ မန္ခ်က္စတာယူနိုက္တက္ အသင္းအတြက္ (၅)ဂိုးသြင္းယူထားၿပီး စက္တင္ဘာလအတြက္ ပရီးမီးယားလိဂ္ အေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ခံထားရတာလည္းျဖစ္ပါတယ္။