ကမ္ဘာ့အဆင့်ဖရီးကစ်သွင်းဂိုးကို သွင်းပြလိုက်တဲ့ ယူနိုက်တက် အပယ်ခံ ပါရဲရား

ပြီးခဲ့တဲ့ အပြောင်းအရွှေ့က မန်ချက်စတာယူနိုက်တက် အသင်းကနေ ဘရာဇီးလ်ကလပ် ဖလာမင်ဂို အသင်းကို အခုနှစ်ရာသီအကုန်ထိ အလွတ်နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ပါရဲရားကတော့ ဂျုဗန်တူဒီ အသင်းကို အနိုင်ရခဲ့တဲ့ ဘရာဇီးလ် လိဂ်ပွဲစဉ်မှာ ကမ္ဘာ့အဆင့်ရှိ ဖရီးကစ်ကန်ချက်နဲ့ လှပတဲ့ ဂိုးတဂိုးသွင်းယူသွားခဲ့ပါတယ်။

ဒီပွဲမှာ ဖလာမင်ဂို အသင်းက ဂျုဗန်တူဒီ အသင်းကို (၃)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ဖလာမင်ဂို အတွက် ဂိုးတွေကို ပါရဲရား၊ ချယ်လ်ဆီး အသင်းကနေ အငှားလာရောက်ကစားနေတဲ့ ကနေဒီ နဲ့ ပီဒရို တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

ပါရဲရား ဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၃၅)မိနစ်မှာ ရခဲ့တဲ့ ပြစ်ဒဏ်ဘောကို ဂိုးပေါက်နဲ့ တော်တော်လေးလှမ်းပေမယ့် ဂိုးဝင်အောင် ကန်သွင်းယူသွားခဲ့တာပါ။ပါရဲရား ဟာ မန်ချက်စတာယူနိုက်တက် အသင်းကနေ အငှားသွားကစားပြီးနောက် ဖလာမင်ဂိုမှာ ခြေစွမ်းပြနေတာလည်းဖြစ်ပါတယ်။

ပါရဲရားဟာ မန်ချက်စတာယူနိုက်တက် ကနေ မထွက်ခွာခင် ကစားခဲ့တဲ့ ဘရန်ဖိုဒ့် နဲ့ ရာသီကြိုခြေစမ်းပွဲမှာလည်း လှပတဲ့ သွင်းဂိုးတဂိုးကို အားပါတဲ့ ကန်သွင်းချက်နဲ့ သွင်းယူခဲ့ပါသေးတယ်။

ဘရာဇီးလ် ကစားသမားဟာ ဒီရာသီမှာ ဖလာမင်ဂို အသင်းအတွက် ပြိုင်ပွဲစုံ(၈)ပွဲပါဝင်ကစားထားပြီး (၂)ဂိုးသွင်းယူထားတာပါ။ဖလာမင်ဂို အသင်းဟာ လက်ရှိ ဘရာဇီးလိဂ်မှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ အသလက်တီကို မင်နဲရိုး အသင်းထက် (၂)ပွဲလျော့ (၁၁)မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာပါ။

ပါရဲရား ဟာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာခဲ့တဲ့ ကစားသမားဖြစ်ပေမယ့် အသင်းအတွက် ပွဲပေါင်း(၇၅)ပွဲသာ ပါဝင်ကစားခဲ့ရပြီး (၄)ဂိုးသာသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပါရဲရားဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် (၂)ရာသီလောက်သာ ပွဲအရေအတွက် အများအပြားပါဝင်ကစားခဲ့ရတာဖြစ်ပြီး ကျန်တဲ့ ရာသီတွေမှာ ဂရန်နာဒါ၊ဗလင်စီယာ၊လာဇီယိုနဲ့ အခု ဖလာမင်ဂို အသင်းတွေမှာ အငှားကစားခဲ့တာပါ။

ပါရဲရား အနေနဲ့ ဖလာမင်ဂို အသင်းမှာ ခြေစွမ်းပြ ဂိုးတွေသွင်းနေပေမယ့် လက်ရှိမန်ချက်စတာယူနိုက်တက် အသင်းရဲ့ကွင်းလယ်အစုအဖွဲ့ကြောင့် နေရာရဖို့ ရုန်းကန်ရဖွယ်ရှိနေပြီး အငှားဒါမှမဟုတ် အပြီးသတ်ရောင်းချခံရဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။

Zawgyi

ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕က မန္ခ်က္စတာယူနိုက္တက္ အသင္းကေန ဘရာဇီးလ္ကလပ္ ဖလာမင္ဂို အသင္းကို အခုႏွစ္ရာသီအကုန္ထိ အလြတ္နဲ႔ ေျပာင္းေရႊ႕သြားခဲ့တဲ့ ပါရဲရားကေတာ့ ဂ်ဳဗန္တူဒီ အသင္းကို အနိုင္ရခဲ့တဲ့ ဘရာဇီးလ္ လိဂ္ပြဲစဥ္မွာ ကမၻာ့အဆင့္ရွိ ဖရီးကစ္ကန္ခ်က္နဲ႔ လွပတဲ့ ဂိုးတဂိုးသြင္းယူသြားခဲ့ပါတယ္။

ဒီပြဲမွာ ဖလာမင္ဂို အသင္းက ဂ်ဳဗန္တူဒီ အသင္းကို (၃)ဂိုး-(၁)ဂိုးနဲ႔ အနိုင္ရခဲ့တာျဖစ္ပါတယ္။ဖလာမင္ဂို အတြက္ ဂိုးေတြကို ပါရဲရား၊ ခ်ယ္လ္ဆီး အသင္းကေန အငွားလာေရာက္ကစားေနတဲ့ ကေနဒီ နဲ႔ ပီဒရို တို႔က သြင္းယူခဲ့တာျဖစ္ပါတယ္။

ပါရဲရား ဟာ ဒီပြဲစဥ္ရဲ့ပြဲခ်ိန္(၃၅)မိနစ္မွာ ရခဲ့တဲ့ ျပစ္ဒဏ္ေဘာကို ဂိုးေပါက္နဲ႔ ေတာ္ေတာ္ေလးလွမ္းေပမယ့္ ဂိုးဝင္ေအာင္ ကန္သြင္းယူသြားခဲ့တာပါ။ပါရဲရား ဟာ မန္ခ်က္စတာယူနိုက္တက္ အသင္းကေန အငွားသြားကစားၿပီးေနာက္ ဖလာမင္ဂိုမွာ ေျခစြမ္းျပေနတာလည္းျဖစ္ပါတယ္။

ပါရဲရားဟာ မန္ခ်က္စတာယူနိုက္တက္ ကေန မထြက္ခြာခင္ ကစားခဲ့တဲ့ ဘရန္ဖိုဒ့္ နဲ႔ ရာသီႀကိဳေျခစမ္းပြဲမွာလည္း လွပတဲ့ သြင္းဂိုးတဂိုးကို အားပါတဲ့ ကန္သြင္းခ်က္နဲ႔ သြင္းယူခဲ့ပါေသးတယ္။

ဘရာဇီးလ္ ကစားသမားဟာ ဒီရာသီမွာ ဖလာမင္ဂို အသင္းအတြက္ ၿပိဳင္ပြဲစုံ(၈)ပြဲပါဝင္ကစားထားၿပီး (၂)ဂိုးသြင္းယူထားတာပါ။ဖလာမင္ဂို အသင္းဟာ လက္ရွိ ဘရာဇီးလိဂ္မွာ ထိပ္ဆုံးက ဦးေဆာင္ေနတဲ့ အသလက္တီကို မင္နဲရိုး အသင္းထက္ (၂)ပြဲေလ်ာ့ (၁၁)မွတ္နဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနတာပါ။

ပါရဲရား ဟာ မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့လူငယ္စီမံကိန္းကေန ထြက္ေပၚလာခဲ့တဲ့ ကစားသမားျဖစ္ေပမယ့္ အသင္းအတြက္ ပြဲေပါင္း(၇၅)ပြဲသာ ပါဝင္ကစားခဲ့ရၿပီး (၄)ဂိုးသာသြင္းယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ပါရဲရားဟာ မန္ခ်က္စတာယူနိုက္တက္ အသင္းအတြက္ (၂)ရာသီေလာက္သာ ပြဲအေရအတြက္ အမ်ားအျပားပါဝင္ကစားခဲ့ရတာျဖစ္ၿပီး က်န္တဲ့ ရာသီေတြမွာ ဂရန္နာဒါ၊ဗလင္စီယာ၊လာဇီယိုနဲ႔ အခု ဖလာမင္ဂို အသင္းေတြမွာ အငွားကစားခဲ့တာပါ။

ပါရဲရား အေနနဲ႔ ဖလာမင္ဂို အသင္းမွာ ေျခစြမ္းၿပ ဂိုးေတြသြင္းေနေပမယ့္ လက္ရွိမန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့ကြင္းလယ္အစုအဖြဲ႕ေၾကာင့္ ေနရာရဖို႔ ႐ုန္းကန္ရဖြယ္ရွိေနၿပီး အငွားဒါမွမဟုတ္ အၿပီးသတ္ေရာင္းခ်ခံရဖြယ္ရွိေနတာလည္းျဖစ္ပါတယ္။