ရီးရဲယ်မက်ဒရစ်နဲ့ချန်ပီယံလိဂ်ဖိုင်နယ်မှာတွေ့ပြီး အမ်ဘာပေကို ပင်နယ်တီကန်ခိုင်းမယ်ဆိုတဲ့ ပိုချက်တီနို

PSG နည်းပြ ပိုချက်တီနိုက အသင်းက ထွက်ခွာဖို့ သတင်းပြေးနေတဲ့ တိုက်စစ်ကစားသမား အမ်ဘာပေနဲ့ ပတ်သက်လို့ ထူးထူးဆန်းဆန်း ဖွင့်ဟပြောကြားခဲ့ပါတယ်။

အမ်ဘာပေဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ ခွင့်တောင်းခဲ့ပြီး ရီးရဲယ်မက်ဒရစ်ကလည်း သူ့ကိုကမ်းလှမ်းခဲ့ပေမယ့် PSG က လက်လွှတ်မခံခဲ့ပါဘူး။ လက်ရှိအချိန်ထိလည်း အမ်ဘာပေက အသင်းပြောင်းဖို့ ဆန္ဒရှိနေပြီး အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို လက်မခံသေးပါဘူး။

ဒီအခြေအနေမျိုးမှာ ပိုချက်တီနိုက “ရီးရဲယ်မက်ဒရစ်နဲ့ PSG တို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ အဲ့ဒီပွဲရဲ့ နောက်ဆုံးမိနစ်မှာ ပင်နယ်တီရရင် ကျွန်တော် အမ်ဘာပေကို ကန်ခိုင်းမှာပါ”

“ဘာလို့မဖြစ်နိုင်ရမှာလဲ? ကျွန်တော် သူ့ရဲ့ ပရော်ဖက်ရှင်ဆန်မှုအပေါ် သံသယမရှိပါဘူး။ သူ့ရဲ့ စာချုပ်သက်တမ်းက (၂၀၂၂)၊ ဇွန် (၃၀) အထိပါ။ အဲ့ဒီအချိန်ထိကို ကျွန်တော် သူ့အပေါ် ဘာသံသယမှမထားပါဘူး”

“နောက်ထပ် (၅) နှစ်လား၊ (၁၀) နှစ်လား။ အဲ့ဒါဆိုရင် (၂၀၀) ရာခိုင်နှုန်း ပရော်ဖက်ရှင်နယ်ဆန်တာဖြစ်သွားပြီ။ ကျွန်တော် သူ့ကို ဘယ်တော့မှ သံသယမရှိပါဘူး။ မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့ ခြေစွမ်းအဆင့်အတန်းတူညီတဲ့ အမ်ဘာပေက မက်ဆီ၊ နေမာတို့နဲ့ တွဲကစားခွင့်ရနေတာလည်း ကံကောင်းပါတယ်။ သူက ကြီးကျယ်ခမ်းနားတဲ့ အရည်အသွေးရှိပြီး အခုရော၊ အနာဂတ်မှာရော ဒီအတိုင်းပါပဲ” လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။