ပြိုင်ဘက်ဂိုးသမား လက်ခွဲစိတ်ကုသခဲ့ရတဲ့အထိ ပင်နယ်တီကန်ချက်ပြင်းခဲ့တဲ့ ဆာလတ်

ပြီးခဲ့တဲ့လက ဆာလတ် ပင်နယ်တီလွဲချော်ခဲ့တာနဲ့ ပတ်သက်ပြီး လူတိုင်းအံအားသင့်ခဲ့ရပါတယ်။ဆာလတ် ဟာ ဒီပင်နယ်တီမတိုင်ခင် ကန်သွင်းခဲ့တဲ့ (၁၇)ကြိမ်လုံးဂိုးဝင်အောင်ကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ဒီတကြိမ်သူ့ရဲ့ကန်သွင်းချက်ကိုတော့ အေစီမီလန် ဂိုးသမား မိုင်ဂ်နန် က ကာကွယ်ခဲ့တာဖြစ်ပါတယ်။

ဆာလတ် ရဲ့ကောင်းမွန်တဲ့ အခွင့်အရေးဂိုးမဝင်ခဲ့တာကြောင့် အေစီမီလန် အသင်းရဲ့သွင်းဂိုး(၂)ဂိုးကို ခွင့်ပြုခဲ့ရပြီး ပထမပိုင်းမှာ အေစီမီလန် အသင်းက (၂)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရနေခဲ့တာပါ။ဒုတိယပိုင်းမှာ ဆာလတ် က ချေပဂိုးသွင်းယူပေးခဲ့ပြီး ဟန်ဒါဆန် က အနိုင်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ပွဲအပြီးမှာ လီဗာပူးလ် အသင်းက (၃)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံလိဂ်အုပ်စုအဖွင့်လှခဲ့တာလည်းဖြစ်ပါတယ်။အေစီမီလန် ဂိုးသမား အတွက်တော့ ဆာလတ် ရဲ့ပင်နယ်တီကို ကာကွယ်နိုင်ခဲ့ပေမယ့် သူ့အတွက် အရင်းအနှီးများခဲ့တာပါ။

မိုက်ဂ်နန် ကတော့ ဒီပင်နယ်တီကို ကာကွယ်ခဲ့လို့ အမှန်တကယ်ဒဏ်ရာပြသနာရှိခဲ့တာလည်းဖြစ်ပါတယ်။မိုက်ဂ်နန် ဟာ ဆာလတ် ရဲ့ပင်နယ်တီ ကန်ချက်ကို ပုတ်ထုတ်ခဲ့ပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ဂျိုတာ က ထပ်မံခေါင်းတိုက်ခဲ့တာကို ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီကာကွယ်မှုအပြီးမှာ ပြင်သစ်ဂိုးသမားဟာ နာကျင်မှုအချို့ခံစားခဲ့ရတယ်ဆိုတာသိသာခဲ့ပြီး ခွဲစိတ်ကုသဖို့ လိုအပ်ခဲ့တာလည်းဖြစ်ပါတယ်။သူဟာ ဒီပွဲအပြီးမှာ အေစီမီလန် အသင်းအတွက် ပွဲတိုင်းပါဝင်ကစားခဲ့ပါတယ်။

ဒါပေမယ့် နိုင်ငံတကာပွဲစဉ်အတွင်းမှာ သူ့ရဲ့ဒဏ်ရာအခြေအနေကို စမ်းသပ်ခဲ့ရာမှာတော့ လက်ကောက်ဝတ်ခွဲစိတ်ကုသဖို့ လိုအပ်ခဲ့တာလည်းဖြစ်ပါတယ်။မိုက်ဂ်နန် ဟာ ခွဲစိတ်ကုသမှုခံယူခဲ့ပြီး (၁၀)ပတ်ကြာ အနားယူရဖွယ်ရှိနေတာပါ။

အဲ့ဒါကြောင့် အေစီမီလန် အသင်းဟာ မိုက်ဂ်နန် အနားယူနေချိန်အတွင်း အသင်းရဲ့ဂိုးပေါက်ကို ဖြေရှင်းဖို့ အတွက် ရိုးမား ဂိုးသမားဟောင်း မီရန်တီ ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။

မိုက်ဂ်နန် ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကမှ လိုင်လီ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အေစီမီလန် ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။သူ့ရဲ့လက်စွမ်းပြမှုနဲ့အတူ အေစီမီလန် အသင်းဟာ စီးရီးအေ(၇)ပွဲလုံးရှုံးပွဲမရှိဘဲ အဆင့် (၂)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Zawgyi

ၿပီးခဲ့တဲ့လက ဆာလတ္ ပင္နယ္တီလြဲေခ်ာ္ခဲ့တာနဲ႔ ပတ္သက္ၿပီး လူတိုင္းအံအားသင့္ခဲ့ရပါတယ္။ဆာလတ္ ဟာ ဒီပင္နယ္တီမတိုင္ခင္ ကန္သြင္းခဲ့တဲ့ (၁၇)ႀကိမ္လုံးဂိုးဝင္ေအာင္ကန္သြင္းနိုင္ခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္ ဒီတႀကိမ္သူ႔ရဲ့ကန္သြင္းခ်က္ကိုေတာ့ ေအစီမီလန္ ဂိုးသမား မိုင္ဂ္နန္ က ကာကြယ္ခဲ့တာျဖစ္ပါတယ္။

ဆာလတ္ ရဲ့ေကာင္းမြန္တဲ့ အခြင့္အေရးဂိုးမဝင္ခဲ့တာေၾကာင့္ ေအစီမီလန္ အသင္းရဲ့သြင္းဂိုး(၂)ဂိုးကို ခြင့္ျပဳခဲ့ရၿပီး ပထမပိုင္းမွာ ေအစီမီလန္ အသင္းက (၂)ဂိုး-(၁)ဂိုးနဲ႔ အနိုင္ရေနခဲ့တာပါ။ဒုတိယပိုင္းမွာ ဆာလတ္ က ေခ်ပဂိုးသြင္းယူေပးခဲ့ၿပီး ဟန္ဒါဆန္ က အနိုင္ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။

အဲ့ဒါေၾကာင့္ ပြဲအၿပီးမွာ လီဗာပူးလ္ အသင္းက (၃)ဂိုး-(၂)ဂိုးနဲ႔ အနိုင္ရၿပီး ခ်န္ပီယံလိဂ္အုပ္စုအဖြင့္လွခဲ့တာလည္းျဖစ္ပါတယ္။ေအစီမီလန္ ဂိုးသမား အတြက္ေတာ့ ဆာလတ္ ရဲ့ပင္နယ္တီကို ကာကြယ္နိုင္ခဲ့ေပမယ့္ သူ႔အတြက္ အရင္းအႏွီးမ်ားခဲ့တာပါ။

မိုက္ဂ္နန္ ကေတာ့ ဒီပင္နယ္တီကို ကာကြယ္ခဲ့လို႔ အမွန္တကယ္ဒဏ္ရာျပသနာရွိခဲ့တာလည္းျဖစ္ပါတယ္။မိုက္ဂ္နန္ ဟာ ဆာလတ္ ရဲ့ပင္နယ္တီ ကန္ခ်က္ကို ပုတ္ထုတ္ခဲ့ၿပီး ျပန္ထြက္လာတဲ့ ေဘာလုံးကို ဂ်ိဳတာ က ထပ္မံေခါင္းတိုက္ခဲ့တာကို ကာကြယ္နိုင္ခဲ့တာျဖစ္ပါတယ္။

ဒီကာကြယ္မႈအၿပီးမွာ ျပင္သစ္ဂိုးသမားဟာ နာက်င္မႈအခ်ိဳ႕ခံစားခဲ့ရတယ္ဆိုတာသိသာခဲ့ၿပီး ခြဲစိတ္ကုသဖို႔ လိုအပ္ခဲ့တာလည္းျဖစ္ပါတယ္။သူဟာ ဒီပြဲအၿပီးမွာ ေအစီမီလန္ အသင္းအတြက္ ပြဲတိုင္းပါဝင္ကစားခဲ့ပါတယ္။

ဒါေပမယ့္ နိုင္ငံတကာပြဲစဥ္အတြင္းမွာ သူ႔ရဲ့ဒဏ္ရာအေျခအေနကို စမ္းသပ္ခဲ့ရာမွာေတာ့ လက္ေကာက္ဝတ္ခြဲစိတ္ကုသဖို႔ လိုအပ္ခဲ့တာလည္းျဖစ္ပါတယ္။မိုက္ဂ္နန္ ဟာ ခြဲစိတ္ကုသမႈခံယူခဲ့ၿပီး (၁၀)ပတ္ၾကာ အနားယူရဖြယ္ရွိေနတာပါ။

အဲ့ဒါေၾကာင့္ ေအစီမီလန္ အသင္းဟာ မိုက္ဂ္နန္ အနားယူေနခ်ိန္အတြင္း အသင္းရဲ့ဂိုးေပါက္ကို ေျဖရွင္းဖို႔ အတြက္ ရိုးမား ဂိုးသမားေဟာင္း မီရန္တီ ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူခဲ့တာလည္းျဖစ္ပါတယ္။

မိုက္ဂ္နန္ ဟာ ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕ကမွ လိုင္လီ အသင္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေအစီမီလန္ ကို ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။သူ႔ရဲ့လက္စြမ္းျပမႈနဲ႔အတူ ေအစီမီလန္ အသင္းဟာ စီးရီးေအ(၇)ပြဲလုံးရႈံးပြဲမရွိဘဲ အဆင့္(၂)ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။