ဘာကာ ကနေ ထွက်ခဲ့ရလို့ မက်ဆီ အလွန်ဝမ်းနည်းခဲ့တာကို ပြောပြလာတဲ့ အဂွေရို

အဂွေရို ကတော့ လက်ရွေးစင် အသင်းမှာ မက်ဆီ နဲ့ အတူတွဲကစားခဲ့ရလို့ ကလပ်အသင်းမှာပါ အတူတွဲကစားချင်လို့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ဘာစီလိုနာ အသင်းကို အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် မက်ဆီ ကတော့ ဘာစီလိုနာ အသင်းကနေ ထွက်ခွာခဲ့လို့ အဂွေရိုရဲ့မျှော်လင့်ချက်တွေပျက်ပြယ်ခဲ့ရတာဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ မက်ဆီ ကို စာချုပ်သက်တမ်းတိုးချင်ခဲ့ပေမယ့် ဘဏ္ဍာရေးအခက် အခဲတွေ၊လာလီဂါ ရဲ့စည်းမျဉ်းစည်းကမ်းတွေကြောင့် အဆုံးသတ်မှာ သက်တမ်းမတိုးနိုင်ဘဲ အလွတ်နဲ့ လက်လွှတ်ခဲ့ရတာပါ။

မက်ဆီကတော့ ပြင်သစ်ကလပ် ပီအက်စ်ဂျီ အသင်းကို (၂)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။အဂွေရို ကတော့ မက်ဆီ ဘာစီလိုနာ ကနေ ထွက်ခွာတော့မှာကို သိတာနဲ့ သူ့ရဲ့အိမ်ကို သွားရောက်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

အဂွေရို က “ကျွန်တော် တုန်လှုပ်သွားပါတယ်။သူလည်း အလွန်ဝမ်းနည်းနေပါတယ်။ဒီသတင်းကို ကြားတဲ့ အချိန်မှာ ကျွန်တော်လုံးဝမယုံနိုင်ခဲ့ပါဘူး။အဲ့ဒီနေ့မှာ ကျွန်တော်သူ့အိမ်ကိုသွားခဲ့ပါတယ်။သူဟာ တကယ်ကို ဆိုးဆိုးရွားရွားဖြစ်နေတာပါ”

“အဲ့ဒါကြောင့် သူဖြစ်ပျက်ခဲ့တဲ့ အရာတွေကို အာရုံလွှဲပေးနိုင်ဖို့ ကျွန်တော် ကြိုးစားခဲ့ပါတယ်။သူဟာ လုံးဝကို ချွတ်ခြုံကျသွားခဲ့ပါတယ်။ကျွန်တော်ကတော့ သူဖြစ်ပျက်ခဲ့တာတွေကို မေ့နိုင်ဖို့ ကြိုးစားခဲ့တယ်။Esports နဲ့ ကျွန်တော်တို့ လုပ်နေတဲ့ အရာတွေအကြောင်းကို ပြောခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။

အဂွေရို ကတော့ လက်ရှိအချိန်မှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာလို့ ဘာစီလိုနာ အသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နေပြီဖြစ်ပါတယ်။အဂွေရို ဟာ ကော်နယ်လ်လာ နဲ့ ကစားခဲ့တဲ့ လေ့ကျင့်ရေးပွဲမှာ ဘာစီလိုနာ အတွက် ပါဝင်ကစားခဲ့ပြီး (၁)ဂိုးသွင်းယူခဲ့ပါတယ်။

အဂွေရို အနေနဲ့ ဒီတပတ်မှာ ကစားမယ့် ဗလင်စီယာ နဲ့ ပွဲမှာတော့ ဘာစီလိုနာ အသင်းအတွက် သူ့ရဲ့ပထမဆုံးပွဲစဉ်အဖြစ် ပါဝင်ဖို့ရှိနေတာပါ။ဒါပေမယ့် အဂွေရို အနေနဲ့ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

Zawgyi

အေဂြရို ကေတာ့ လက္ေရြးစင္ အသင္းမွာ မက္ဆီ နဲ႔ အတူတြဲကစားခဲ့ရလို႔ ကလပ္အသင္းမွာပါ အတူတြဲကစားခ်င္လို႔ ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕က ဘာစီလိုနာ အသင္းကို အလြတ္နဲ႔ ေျပာင္းေရႊ႕လာခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္ မက္ဆီ ကေတာ့ ဘာစီလိုနာ အသင္းကေန ထြက္ခြာခဲ့လို႔ အေဂြရိုရဲ့ေမၽွာ္လင့္ခ်က္ေတြပ်က္ျပယ္ခဲ့ရတာျဖစ္ပါတယ္။

ဘာစီလိုနာ အသင္းဟာ မက္ဆီ ကို စာခ်ဳပ္သက္တမ္းတိုးခ်င္ခဲ့ေပမယ့္ ဘ႑ာေရးအခက္ အခဲေတြ၊လာလီဂါ ရဲ့စည္းမ်ဥ္းစည္းကမ္းေတြေၾကာင့္ အဆုံးသတ္မွာ သက္တမ္းမတိုးနိုင္ဘဲ အလြတ္နဲ႔ လက္လႊတ္ခဲ့ရတာပါ။

မက္ဆီကေတာ့ ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီ အသင္းကို (၂)ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕သြားခဲ့တာျဖစ္ပါတယ္။အေဂြရို ကေတာ့ မက္ဆီ ဘာစီလိုနာ ကေန ထြက္ခြာေတာ့မွာကို သိတာနဲ႔ သူ႔ရဲ့အိမ္ကို သြားေရာက္ခဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

အေဂြရို က “ကၽြန္ေတာ္ တုန္လႈပ္သြားပါတယ္။သူလည္း အလြန္ဝမ္းနည္းေနပါတယ္။ဒီသတင္းကို ၾကားတဲ့ အခ်ိန္မွာ ကၽြန္ေတာ္လုံးဝမယုံနိုင္ခဲ့ပါဘူး။အဲ့ဒီေန႔မွာ ကၽြန္ေတာ္သူ႔အိမ္ကိုသြားခဲ့ပါတယ္။သူဟာ တကယ္ကို ဆိုးဆိုးရြားရြားျဖစ္ေနတာပါ”

“အဲ့ဒါေၾကာင့္ သူျဖစ္ပ်က္ခဲ့တဲ့ အရာေတြကို အာ႐ုံလႊဲေပးနိုင္ဖို႔ ကၽြန္ေတာ္ ႀကိဳးစားခဲ့ပါတယ္။သူဟာ လုံးဝကို ခၽြတ္ျခဳံက်သြားခဲ့ပါတယ္။ကၽြန္ေတာ္ကေတာ့ သူျဖစ္ပ်က္ခဲ့တာေတြကို ေမ့နိုင္ဖို႔ ႀကိဳးစားခဲ့တယ္။Esports နဲ႔ ကၽြန္ေတာ္တို႔ လုပ္ေနတဲ့ အရာေတြအေၾကာင္းကို ေျပာခဲ့ပါတယ္”လို႔ ဆိုခဲ့ပါတယ္။

အေဂြရို ကေတာ့ လက္ရွိအခ်ိန္မွာ ဒဏ္ရာကေန ျပန္လည္သက္သာလာလို႔ ဘာစီလိုနာ အသင္းနဲ႔ ေလ့က်င့္မႈေတြ ျပန္လည္ျပဳလုပ္ေနၿပီျဖစ္ပါတယ္။အေဂြရို ဟာ ေကာ္နယ္လ္လာ နဲ႔ ကစားခဲ့တဲ့ ေလ့က်င့္ေရးပြဲမွာ ဘာစီလိုနာ အတြက္ ပါဝင္ကစားခဲ့ၿပီး (၁)ဂိုးသြင္းယူခဲ့ပါတယ္။

အေဂြရို အေနနဲ႔ ဒီတပတ္မွာ ကစားမယ့္ ဗလင္စီယာ နဲ႔ ပြဲမွာေတာ့ ဘာစီလိုနာ အသင္းအတြက္ သူ႔ရဲ့ပထမဆုံးပြဲစဥ္အျဖစ္ ပါဝင္ဖို႔ရွိေနတာပါ။ဒါေပမယ့္ အေဂြရို အေနနဲ႔ လူစားဝင္ကစားသမားအျဖစ္သာ ပါဝင္ခြင့္ရဖြယ္ရွိေနတယ္လို႔ သတင္းေတြက ေဖာ္ျပထားပါတယ္။