ရော်နယ်ဒိုကြီး ရွေးချယ်ခဲ့တဲ့ မက်ဆီ မဟုတ်တဲ့ အခုနှစ်အတွက် ဘောလွန်းဒီအောဆုရှင်

ရော်နယ်ဒိုကြီး ကတော့ အခုနှစ်အတွက် ဘောလွန်းဒီအော်ဆုကို မက်ဆီ (၇)ကြိမ်မြောက်ရရှိတော့မယ်လို့ မထင်ကြောင်းပြောဆိုလိုက်ပါတယ်။ဒါ့အပြင် လွန်ခဲ့တဲ့(၁၀)စုနှစ်အတွင်း လုံးဝရက်ရက်စက်စက် သွင်းဂိုးတွေကို အဆုံးသတ်ခဲ့တဲ့ တိုက်စစ်မှုးကိုပေးသင့်တယ်လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ်ကဘောလွန်းဒီအောဆုအတွက် ဆန်ကာတင်ကစားသမား(၃၀)ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ မက်‌ဆီက (၇)ကြိမ်မြောက် ရယူနိုင်ဖို့ ရေပန်းစားနေခဲ့တာပါ။ချန်ပီယံလိဂ်နဲ့ ယူရိုချန်ပီယံဆုကို ရယူခဲ့တဲ့ ဂျော်ဂျင်ဟိုနဲ့ ကန်တီ တို့ကလည်း မက်ဆီ နဲ့ အတူ ဒီဆုအတွက် ရေပန်းစားတဲ့ စာရင်းထဲမှာ ပါဝင်ခဲ့တာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က ဒီဆုကို မပေးခဲ့လို့ နစ်နာခဲ့ရတဲ့ ဘိုင်ယန်တိုက်စစ်မှုး လီဝန်ဒေါစကီးကလည်း ဒီနှစ်ဆုရဖို့ ရေပန်းစားနေတဲ့သူတဦးပါ။သူဟာ ပြီးခဲ့တဲ့ရာသီက ဘွန်ဒစ်လီဂါရဲ့နှစ်ပေါင်း(၅၀)နီးပါးကြာ ဂိုးသွင်းစံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ် တိုက်စစ်မှုးဟောင်း ရော်နယ်ဒို ကတော့ ဒီဆုကို ပူပူနွေးနွေး ပြင်သစ်နဲ့ နေးရှင်းလိဂ်ဖလားရယူထားတဲ့ ဘန်ဇီမာ ကသာ ရရှိသင့်တယ်လို့ ယုံကြည်နေတာလည်းဖြစ်ပါတယ်။

ရော်နယ်ဒို က “ဘာသံသယတခုမှမရှိဘဲ ဘောလွန်းဒီအောအတွက် ကျွန်‌တော့်ရဲ့ရွေးချယ်မှုကတော့ ဘန်ဇီမာပါ။အကောင်းဆုံးတိုက်စစ်မှုး၊လွန်ခဲ့တဲ့ (၁၀)နှစ်အတွင်း ရက်ရက်စက်စက်အဆုံးသတ်ခဲ့သူနဲ့ အားလုံးအထက်မှာ ချန်ပီယံဖြစ်ခဲ့တဲ့သူပါ။ခင်ဗျားရောမထင်ဘူးလား”ဆိုပြီး သူ့ရဲ့‌လှုမှုကွန်ယက်မှာ ရေးသားခဲ့တာပါ။

ဘန်ဇီမာ ဟာ ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒို ရီးရယ်လ် ကနေ ထွက်ခွာပြီးတည်းက အသင်းအတွက် အလွန်အရေးပါတဲ့သူဖြစ်လာကာ အဓိကဂိုးသွင်းရှင်အဖြစ်လည်း အသင်းကို ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ရာမို့စ် အသင်းက ထွက်ခွာသွားပြီးနောက် အသင်းရဲ့ဖိအားအများအပြားဟာ ဘန်ဇီမာ ရဲ့ပခုံးပေါ်ကိုရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။အသက်(၃၃)နှစ်အရွယ်ရှိ ဘန်ဇီမာ ဟာ အခုပြက္ခဒိန်တနှစ်အတွင်းမှာ နိုင်ငံနဲ့ ကလပ်အသင်းအတွက် (၃၅)ဂိုးသွင်းယူထားတာပါ။

ဘန်ဇီမာ ကိုယ်တိုင်ကလည်း ကလေးဘဝတည်းက ဘောလွန်းဒီအောဆုကို ရယူနိုင်ဖို့ အမြဲတမ်းအိမ်မက်မက်နေခဲ့တာဖြစ်တယ်လို့ ပြောဆိုထားတာဖြစ်ပါတယ်။

Zawgyi

ေရာ္နယ္ဒိုႀကီး ကေတာ့ အခုႏွစ္အတြက္ ေဘာလြန္းဒီေအာ္ဆုကို မက္ဆီ (၇)ႀကိမ္ေျမာက္ရရွိေတာ့မယ္လို႔ မထင္ေၾကာင္းေျပာဆိုလိုက္ပါတယ္။ဒါ့အျပင္ လြန္ခဲ့တဲ့(၁၀)စုႏွစ္အတြင္း လုံးဝရက္ရက္စက္စက္ သြင္းဂိုးေတြကို အဆုံးသတ္ခဲ့တဲ့ တိုက္စစ္မႈးကိုေပးသင့္တယ္လို႔ ေျပာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ အပတ္ကေဘာလြန္းဒီေအာဆုအတြက္ ဆန္ကာတင္ကစားသမား(၃၀)ဦးစာရင္းကို ထုတ္ျပန္ခဲ့ရာမွာ မက္‌ဆီက (၇)ႀကိမ္ေျမာက္ ရယူနိုင္ဖို႔ ေရပန္းစားေနခဲ့တာပါ။ခ်န္ပီယံလိဂ္နဲ႔ ယူရိုခ်န္ပီယံဆုကို ရယူခဲ့တဲ့ ေဂ်ာ္ဂ်င္ဟိုနဲ႔ ကန္တီ တို႔ကလည္း မက္ဆီ နဲ႔ အတူ ဒီဆုအတြက္ ေရပန္းစားတဲ့ စာရင္းထဲမွာ ပါဝင္ခဲ့တာပါ။

ဒါ့အျပင္ ၿပီးခဲ့တဲ့ႏွစ္က ဒီဆုကို မေပးခဲ့လို႔ နစ္နာခဲ့ရတဲ့ ဘိုင္ယန္တိုက္စစ္မႈး လီဝန္ေဒါစကီးကလည္း ဒီႏွစ္ဆုရဖို႔ ေရပန္းစားေနတဲ့သူတဦးပါ။သူဟာ ၿပီးခဲ့တဲ့ရာသီက ဘြန္ဒစ္လီဂါရဲ့ႏွစ္ေပါင္း(၅၀)နီးပါးၾကာ ဂိုးသြင္းစံခ်ိန္ကို ခ်ိဳးဖ်က္ၿပီး စံခ်ိန္သစ္တင္နိုင္ခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္ တိုက္စစ္မႈးေဟာင္း ေရာ္နယ္ဒို ကေတာ့ ဒီဆုကို ပူပူေႏြးေႏြး ျပင္သစ္နဲ႔ ေနးရွင္းလိဂ္ဖလားရယူထားတဲ့ ဘန္ဇီမာ ကသာ ရရွိသင့္တယ္လို႔ ယုံၾကည္ေနတာလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒို က “ဘာသံသယတခုမွမရွိဘဲ ေဘာလြန္းဒီေအာအတြက္ ကၽြန္‌ေတာ့္ရဲ့ေရြးခ်ယ္မႈကေတာ့ ဘန္ဇီမာပါ။အေကာင္းဆုံးတိုက္စစ္မႈး၊လြန္ခဲ့တဲ့ (၁၀)ႏွစ္အတြင္း ရက္ရက္စက္စက္အဆုံးသတ္ခဲ့သူနဲ႔ အားလုံးအထက္မွာ ခ်န္ပီယံျဖစ္ခဲ့တဲ့သူပါ။ခင္ဗ်ားေရာမထင္ဘူးလား”ဆိုၿပီး သူ႔ရဲ့‌လႈမႈကြန္ယက္မွာ ေရးသားခဲ့တာပါ။

ဘန္ဇီမာ ဟာ ေပၚတူဂီ အသင္းေခါင္းေဆာင္ ေရာ္နယ္ဒို ရီးရယ္လ္ ကေန ထြက္ခြာၿပီးတည္းက အသင္းအတြက္ အလြန္အေရးပါတဲ့သူျဖစ္လာကာ အဓိကဂိုးသြင္းရွင္အျဖစ္လည္း အသင္းကို ဦးေဆာင္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕က ရာမို႔စ္ အသင္းက ထြက္ခြာသြားၿပီးေနာက္ အသင္းရဲ့ဖိအားအမ်ားအျပားဟာ ဘန္ဇီမာ ရဲ့ပခုံးေပၚကိုေရာက္ရွိလာခဲ့တာလည္းျဖစ္ပါတယ္။အသက္(၃၃)ႏွစ္အရြယ္ရွိ ဘန္ဇီမာ ဟာ အခုျပကၡဒိန္တႏွစ္အတြင္းမွာ နိုင္ငံနဲ႔ ကလပ္အသင္းအတြက္ (၃၅)ဂိုးသြင္းယူထားတာပါ။

ဘန္ဇီမာ ကိုယ္တိုင္ကလည္း ကေလးဘဝတည္းက ေဘာလြန္းဒီေအာဆုကို ရယူနိုင္ဖို႔ အျမဲတမ္းအိမ္မက္မက္ေနခဲ့တာျဖစ္တယ္လို႔ ေျပာဆိုထားတာျဖစ္ပါတယ္။