ဥရုဂွေးနဲ့ ပွဲမှာ ဘရာဇီးလ်အတွက် ဂိုး၇၀ပြည့်တဲ့ အပြင် ဂိုးဖန်တီးမှု၂ကြိမ်ပါပြုလုပ်ခဲ့တဲ့ နေမာ

ဘရာဇီးလ် အသင်းကတော့ ဒီမနက်က (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဥရုဂွေး အသင်းနဲ့ ကစားခဲ့ရာ (၄)ဂိုး-(၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရသွားခဲ့ပါတယ်။ဘရာဇီးလ် အတွက် ဂိုးတွေကို နေမာနဲ့ ဘာဘိုဆာ တို့က (၁)ဂိုးစီ၊ရာဖင်ဟာ က (၂)ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

ဥရုဂွေး အတွက် ချေပဂိုးကို ‌ဆွာရက်စ် က သွင်းယူခဲ့တာဖြစ်ပါတယ်။နေမာ အတွက်တော့ ဒီပွဲမှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် သူ့ရဲ့လက်ရွေးစင် ကစားသမားဘဝ သွင်းဂိုး(၇၀)ပြည့်မြောက်သွားခဲ့ပြီလည်းဖြစ်ပါတယ်။

အဲ့ဒါကြောင့် နေမာ ဟာ ဘရာဇီးလ် လက်ရွေး စင် အသင်းရဲ့ဂိုးသွင်းအများဆုံး ကစားသမားဖြစ်တဲ့ ဂန္တဝင် ကစားသမားကြီး ပီလီ ရဲ့သွင်းဂိုးကို လိုက်မှီဖို့ (၇)ဂိုးသာ လိုတော့တာလည်းဖြစ်ပါတယ်။ပီအက်စ်ဂျီ တိုက်စစ်ကစားသမား အတွက်ကတော့ ပီလီ ရဲ့ဂိုးသွင်းအများဆုံးစံချိန်ကို ကျော်ဖြတ်ဖို့ နီးစပ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် နေမာ ဟာ ဒီပွဲမှာ ရာဖင်ဟာနဲ့ ဘာဘိုဆာ ရဲ့သွင်းဂိုး(၂)ဂိုးကိုလည်း ဖန်တီးနိုင်ခဲ့တာပါ။အဲ့ဒါကြောင့် ဘရာဇီးလ် လက်ရွေးစင် အတွက် နေမာရဲ့ဂိုးဖန်တီးမှုဟာ (၅၁)ဂိုးအထိ ရှိလာခဲ့တာလည်းဖြစ်ပါတယ်။

နေမာ ဟာ ဘရာဇီးလ်လက်ရွေးစင် အသင်းအတွက် (၁၁၅)ပွဲပါဝင်ကစားထားခဲ့ရာမှာ ဂိုးပါဝင်ပတ်သက်မှုနှုန်း (၁၂၁)ဂိုးအထိ ရှိခဲ့တာလည်းဖြစ်ပါတယ်။နေမာ ဟာ သူ့ရဲ့လက်ရွေးစင် ကစားသမားဘဝ သွင်းဂိုး(၇၀)ပြည့်ဂိုးကို ဒီပွဲမှာ သွင်းယူခဲ့လို့ ပျော်ရွှင်စွာ အောင်ပွဲခံနေခဲ့တာလည်းတွေ့ရပါတယ်။

ဘရာဇီးလ် လက်ရွေးစင် အသင်းဟာ လက်ရှိ ကမ္ဘာ့ဖလားခြေစစ်ပွဲ (၁၁)ပွဲကစားပြီးချိန်မှာ (၁၀)ပွဲနိုင် (၁)ပွဲသရေ ရမှတ်(၃၁)မှတ်ရရှိထားတာဖြစ်ပြီး လက်ကျန်ပွဲစဉ်ထဲက (၁)ပွဲအနိုင်ရတာနဲ့ လာမယ့်(၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသွားမှာလည်းဖြစ်ပါတယ်။

ဘရာဇီးလ် အသင်းဟာ ခြေစစ်ပွဲ(၇)ပွဲကစားဖို့ ကျန်ရှိသေးပေမယ့် အမှတ်ပြတ်သားနေတာကြောင့် (၁)ပွဲအနိုင်ရတာနဲ့ ခြေစစ်ပွဲအောင်မှာပါ။ဘရာဇီးလ် အသင်းဟာ လာမယ့်လမှာတော့ ကိုလံဘီယာ၊အာဂျင်တီးနား တို့နဲ့ ကစားရမှာဖြစ်ပါတယ်။

Zawgyi






