ပဲရစ်ကို ဘောလုံးကန်ဖိုသွားတာလား၊ အနားယူဖို့သွားတာလား မေးရတော့မယ့် ရာမို့စ်

ရာမို့စ် ကတော့ ပီအက်စ်ဂျီ အသင်းနဲ့ အတူ လေ့ ကျင့်မှုအပြည့်အဝမပြုလုပ်ရသေးတာကြောင့် ပွဲထွက်ကစားရဖို့ကတော့ ထပ်မံစောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။ရာမို့စ် ဟာ ပီအက်စ်ဂျီ ကို ရောက်ရှိလာခဲ့တဲ့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ထဲက အသင်းအတွက် (၁)ပွဲမှ ပါဝင်ကစားရခြင်းမရှိသေးတာဖြစ်ပါတယ်။

အသက်(၃၅)နှစ်အရွယ်ရှိ ကစားသမားဟာ ပီအက်စ်ဂျီ အသင်းကို ရောက်ရှိလာတည်းက ခြေဖမိုးကြွက်သားဒဏ်ရာကြောင့် ရုန်းကန်နေရတာပါ။ရာမို့စ် ဟာ ဒီရာသီ ပီအက်စ်ဂျီ အသင်းရဲ့ပွဲစဉ်(၁၂)ပွဲကို လွဲချော်ထားတာဖြစ်ပြီး အပြည့်အဝလေ့ကျင့်ဖို့တောင် စောင့်ဆိုင်းနေရတာဖြစ်ပါတယ်။

စပိန်ကစားသမားဟာ မနက်ဖြန်မနက်ပိုင်းမှာ ကစားမယ့် အန်ဂါးစ်နဲ့ လီဂူးဝမ်းပွဲစဉ်မှာ ပီအက်စ်ဂျီ အတွက် ပွဲထွက်ခွင့်ရဖွယ်ရှိတယ်လို့ ထင်ကြေးတွေ ထွက်ပေါ်ခဲ့ပါတယ်။ဒါပေမယ့် ပီအက်စ်ဂျီ ကတော့ ရာမို့စ် ရဲ့အခြေအနေ ဒီထက်စိုးမှာကို စိုးရိမ်တာကြောင့် ဒီပွဲကို ပါဝင်နိုင်မှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။

အဲ့ဒါကြောင့် ရာမို့စ် ဟာ အသင်းရဲ့ပွဲစဉ်ကို ဆက်လက်လွဲချော်ဦးမှာပါ။ကလပ်အသင်းရဲ့ထုတ်ပြန်ချက်မှာတော့ “ရာမို့စ် ဟာ ဆေးအဖွဲ့ရဲ့ထိန်းချုပ်မှုအောက်မှာ တဦးချင်းလေ့ကျင့်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်”

“စုပေါင်းလေ့ကျင့်မှုကို ပြန်သွားနိုင်ဖို့ ရည်ရွယ်ချက်နဲ့အတူ နောက်ထပ်၁၀ရက်ကြာ စွမ်းဆောင်ရည်ကိုစောင့်ကြည့်သွားမယ်လို့”ဆိုခဲ့တာဖြစ်ပါတယ်။ရီးရယ်လ် နောက်ခံလူဟောင်း ဟာ လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်၊မာဆေးလ်နဲ့ လီဂူးဝမ်းပွဲစဉ်တွေကို ဆက်လက်လွဲချော်ဦးမှာပါ။

ဒါပေမယ့် ရာမို့စ် အနေနဲ့ တိုးတက်မှုတွေရှိမယ်ဆိုရင် အခုလ(၂၉)ရက်မှာ ကစားမယ့် လိုင်လီ နဲ့ လီဂူးဝမ်းပွဲစဉ်မှာတော့ ကာလကြာရှည်‌‌ စောင့်ဆိုင်းနေတဲ့ ပီအက်စ်ဂျီ အတွက် ပွဲထွက်ခွင့်ရဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။

ဒီရာသီမှာ ပြည်တွင်းဖလားတွေနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ ပီအက်စ်ဂျီ ဟာ မက်ဆီ၊ရာမို့စ် အပါအဝင် နာမည်ကျော် ကစားသမားတွေအများအပြားကို အားဖြည့်ခဲ့တာလည်းဖြစ်ပါတယ်။ပီအက်စ်ဂျီ အသင်းဟာ လီဂူးဝမ်းမှာ ရာနှုန်းပြည့်နိုင်ပွဲရနေပေမယ့် နောက်ဆုံးကစားတဲ့ ပွဲမှာ ရီးနတ်စ် ကို အရေးနိမ့်ခဲ့တာပါ။

မနက်ဖြန်မှာ ကစားမယ့် အန်းဂါးစ်နဲ့ ပွဲမှာတော့ အရှုံးရလဒ်ကို ပြန်လည်ချေဖျက်နိုင်ဖို့ ကြိုးစားရမှာလည်းဖြစ်ပါတယ်။ဒီပွဲမှာတော့ မက်ဆီ၊ဒီမာရီယာ၊ပါရီဒတ်စ် တို့ပါဝင်နိုင်ဖွယ်ရှိမှာမဟုတ်ပါဘူး။သူတို့ဟာ ဒီမနက်ကမှ အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကစားခဲ့တာဖြစ်ပါတယ်။

Zawgyi

ရာမို႔စ္ ကေတာ့ ပီအက္စ္ဂ်ီ အသင္းနဲ႔ အတူ ေလ့ က်င့္မႈအျပည့္အဝမျပဳလုပ္ရေသးတာေၾကာင့္ ပြဲထြက္ကစားရဖို႔ကေတာ့ ထပ္မံေစာင့္ဆိုင္းရဦးမွာျဖစ္ပါတယ္။ရာမို႔စ္ ဟာ ပီအက္စ္ဂ်ီ ကို ေရာက္ရွိလာခဲ့တဲ့ ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕ထဲက အသင္းအတြက္ (၁)ပြဲမွ ပါဝင္ကစားရျခင္းမရွိေသးတာျဖစ္ပါတယ္။

အသက္(၃၅)ႏွစ္အရြယ္ရွိ ကစားသမားဟာ ပီအက္စ္ဂ်ီ အသင္းကို ေရာက္ရွိလာတည္းက ေျခဖမိုးႂကြက္သားဒဏ္ရာေၾကာင့္ ႐ုန္းကန္ေနရတာပါ။ရာမို႔စ္ ဟာ ဒီရာသီ ပီအက္စ္ဂ်ီ အသင္းရဲ့ပြဲစဥ္(၁၂)ပြဲကို လြဲေခ်ာ္ထားတာျဖစ္ၿပီး အျပည့္အဝေလ့က်င့္ဖို႔ေတာင္ ေစာင့္ဆိုင္းေနရတာျဖစ္ပါတယ္။

စပိန္ကစားသမားဟာ မနက္ျဖန္မနက္ပိုင္းမွာ ကစားမယ့္ အန္ဂါးစ္နဲ႔ လီဂူးဝမ္းပြဲစဥ္မွာ ပီအက္စ္ဂ်ီ အတြက္ ပြဲထြက္ခြင့္ရဖြယ္ရွိတယ္လို႔ ထင္ေၾကးေတြ ထြက္ေပၚခဲ့ပါတယ္။ဒါေပမယ့္ ပီအက္စ္ဂ်ီ ကေတာ့ ရာမို႔စ္ ရဲ့အေျခအေန ဒီထက္စိုးမွာကို စိုးရိမ္တာေၾကာင့္ ဒီပြဲကို ပါဝင္နိုင္မွာမဟုတ္ဘူးလို႔ ဆိုထားပါတယ္။

အဲ့ဒါေၾကာင့္ ရာမို႔စ္ ဟာ အသင္းရဲ့ပြဲစဥ္ကို ဆက္လက္လြဲေခ်ာ္ဦးမွာပါ။ကလပ္အသင္းရဲ့ထုတ္ျပန္ခ်က္မွာေတာ့ “ရာမို႔စ္ ဟာ ေဆးအဖြဲ႕ရဲ့ထိန္းခ်ဳပ္မႈေအာက္မွာ တဦးခ်င္းေလ့က်င့္မႈေတြကို ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္ပါတယ္”

“စုေပါင္းေလ့က်င့္မႈကို ျပန္သြားနိုင္ဖို႔ ရည္ရြယ္ခ်က္နဲ႔အတူ ေနာက္ထပ္၁၀ရက္ၾကာ စြမ္းေဆာင္ရည္ကိုေစာင့္ၾကည့္သြားမယ္လို႔”ဆိုခဲ့တာျဖစ္ပါတယ္။ရီးရယ္လ္ ေနာက္ခံလူေဟာင္း ဟာ လိုက္ပ္ဇစ္နဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္၊မာေဆးလ္နဲ႔ လီဂူးဝမ္းပြဲစဥ္ေတြကို ဆက္လက္လြဲေခ်ာ္ဦးမွာပါ။

ဒါေပမယ့္ ရာမို႔စ္ အေနနဲ႔ တိုးတက္မႈေတြရွိမယ္ဆိုရင္ အခုလ(၂၉)ရက္မွာ ကစားမယ့္ လိုင္လီ နဲ႔ လီဂူးဝမ္းပြဲစဥ္မွာေတာ့ ကာလၾကာရွည္‌‌ ေစာင့္ဆိုင္းေနတဲ့ ပီအက္စ္ဂ်ီ အတြက္ ပြဲထြက္ခြင့္ရဖြယ္ရွိေနတာလည္းျဖစ္ပါတယ္။

ဒီရာသီမွာ ျပည္တြင္းဖလားေတြနဲ႔ ခ်န္ပီယံလိဂ္ဖလားေတြကို ရယူနိုင္ဖို႔ ပစ္မွတ္ထားေနတဲ့ ပီအက္စ္ဂ်ီ ဟာ မက္ဆီ၊ရာမို႔စ္ အပါအဝင္ နာမည္ေက်ာ္ ကစားသမားေတြအမ်ားအျပားကို အားျဖည့္ခဲ့တာလည္းျဖစ္ပါတယ္။ပီအက္စ္ဂ်ီ အသင္းဟာ လီဂူးဝမ္းမွာ ရာႏႈန္းျပည့္နိုင္ပြဲရေနေပမယ့္ ေနာက္ဆုံးကစားတဲ့ ပြဲမွာ ရီးနတ္စ္ ကို အေရးနိမ့္ခဲ့တာပါ။

မနက္ျဖန္မွာ ကစားမယ့္ အန္းဂါးစ္နဲ႔ ပြဲမွာေတာ့ အရႈံးရလဒ္ကို ျပန္လည္ေခ်ဖ်က္နိုင္ဖို႔ ႀကိဳးစားရမွာလည္းျဖစ္ပါတယ္။ဒီပြဲမွာေတာ့ မက္ဆီ၊ဒီမာရီယာ၊ပါရီဒတ္စ္ တို႔ပါဝင္နိုင္ဖြယ္ရွိမွာမဟုတ္ပါဘူး။သူတို႔ဟာ ဒီမနက္ကမွ အာဂ်င္တီးနားနဲ႔ ကမၻာ့ဖလားေျခစစ္ပြဲကစားခဲ့တာျဖစ္ပါတယ္။