အင်္ဂလန်ကစားသမားတွေထဲမှာ ငါသတ္တိအရှိဆုံးကွဆိုပြီးအော်ရဲတဲ့ စတာလင်

အင်္ဂလန်နဲ့မန်စီးတီး တောင်ပံကစားသမား စတာလင်က သူ့အနေနဲ့ ပြည်ပထွက်ကစားဖို့ တံခါးဖွင့်ထားတဲ့အကြောင်း ထုတ်ဖော်ပြောကြားလာပါတယ်။

စတာလင်ဟာ လက်ရှိ ဘောလုံးရာသီမှာ အသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်မရဘဲ အသင်းက ထွက်ခွာဖို့ သတင်းပြေးနေသူပါ။ စတာလင်အနေနဲ့ မန်စီးတီးမှာဆက်ရှိဖို့အတွက် ပုံမှန်ပွဲထွက်ခွင့် အာမခံချက်လိုအပ်နေပြီး မရခဲ့ရင်တော့ အသင်းကထွက်ခွာဖို့ ပြင်ဆင်ပါလိမ့်မယ်။

စတာလင်ကိုခေါ်ယူဖို့ အာဆင်နယ်က စိတ်ဝင်စားနေသလို ဘာစီလိုနာကလည်း စိတ်ဝင်စားနေတာပါ။ ဒါပေမယ့် အင်္ဂလန်ကစားသမားတွေက ပြည်ပထွက်ကစားဖို့ တော်တော်လေးတွေဝေတတ်တဲ့ အစဥ်အလာတွေရှိပြီး လက်ရှိအင်္ဂလန်လက်ရွေးစင်လူစာရင်းမှာလည်း အားလုံးနီးပါးက ပြည်တွင်းမှာသာ ကစားနေကြပါတယ်။

စတာလင်ကတော့ “ပွဲထွက်ခွင့် ပိုမိုရရှိဖို့အတွက် အခွင့်အရေးသေချာတယ်ဆိုရင် ကျွန်တော် ပြည်ပကိုလည်း ထွက်ကစားမှာပါ။ ကျွနတော်ပြောခဲ့ပြီးသားပါ။ ဘောလုံးက ကျွန်တော့်အတွက် အရေးကြီးဆုံးဖြစ်ပါတယ်”

“ကျွန်တော့်ရဲ့ ငယ်ဘဝတည်းက အိပ်မက်တွေ စိန်ခေါ်မှုတွေကို သတ်မှတ်ခဲ့ပြီးသားပါ။ အင်္ဂလိပ်ကစားသမားတစ်ယောက်အနေနဲ့ဆိုရင် ပရီးမီးယားလိဂ်ပဲ သိကြပါတယ်။ ကျွန်တော် အမြဲတမ်းတွေးခဲ့တာရှိပါတယ်။ တစ်နေ့နေ့မှာ ပြည်ပထွက်ကစားနိုင်ကောင်း ကစားနိုင်လိမ့်မယ်ပေါ့။ ဒီစိန်ခေါ်မှုတွေကို ကျွန်တော် ရင်ဆိုင်နိုင်မလား ကြည့်ကြတာပေါ့” လို့ ပြောကြားခဲ့ပါတယ်။

စတာလင်ဟာ ဖေဖော်ဝါရီကစလို့ မန်စီးတီးအတွက် ပြိုင်ပွဲစုံ (၃၃) ပွဲမှာ (၁၆) ပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ ဘာစီလိုနာကလည်း စတာလင်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုပေမယ့် သူတို့ရဲ့လက်ရှိအခြေအနေအရ အငှားနဲ့သာ ကနဦးခေါ်ယူနိုင်ဖွယ်ရှိပါတယ်။