ဘယ်သူမှငြင်းရဲမှာမဟုတ်တဲ့ ဂန္တဝင်ကြီးဖာဂူဆန်ရဲ့ Ballon d’Or သတ်မှတ်ချက်

ယူနိုက်တက်ရဲ့ ဂန္တဝင်နည်းပြဟောင်းကြီး ဖာဂူဆန်က သူ့တပည့်ဟောင်း ရော်နယ်ဒိုက ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုနဲ့ ထိုက်တန်တယ်လို့ ဖွင့်ဟပြောကြားလာပါတယ်။

(၂၀၂၁) အတွက် Ballon d’Or ဆန်ခါတင် အယောက် (၃၀) စာရင်းထဲမှာ ရော်နယ်ဒိုလည်း ပါဝင်လာခဲ့ပေမယ့် ဒီနှစ်မှာတော့ ဒီဆုကို ဆွတ်ခူးနိုင်ဖို့ ရေပန်းစားမှုလျော့ကျနေပါတယ်။ မက်ဆီ၊ လီဝန်ဒေါစကီး၊ ဂျော်ဂျင်ဟိုတို့က အဓိကရေပန်းစားနေတာဖြစ်ပြီး ဖာဂူဆန်ကတော့ ဒီကြားထဲမှာ Ballon d’Or နဲ့ပတ်သက်လို့ အခုလိုပဲ ပြောကြားခဲ့တာပါ။

ဖာဂူဆန်က “ရော်နယ်ဒိုက Ballon d’Or နဲ့ ထိုက်တန်ပါတယ်။ ဒီနှစ်မှာ သူက စံချိန်မှတ်တမ်းတွေ တစ်ခုပြီးတစ်ခုကို ချိုးဖြတ်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဖာဂူဆန်ပြောသလိုပဲ ရော်နယ်ဒိုဟာ ဒီနှစ်အတွင်း များပြားတဲ့စံချိန်မှတ်တမ်းတွေကို ချိုးဖြတ်နိုင်ခဲ့တာပါ။

ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမား၊ နိုင်ငံတကာ ကစားသမားတွေထဲမှာ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် (၂၀၂၁) ထဲမှာ စံချိန်တင်ခဲ့ပြီး စီနီယာကစားသမားဘဝ သွင်းဂိုး (၈၀၀) ပြည့်ဖို့အတွက်လည်း (၅) ဂိုးသာ လိုအပ်တော့တာဖြစ်ပါတယ်။

Ballon d’Or ဆုပေးပွဲကို လာမယ့်နိုဝင်ဘာ၊ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပမှာဖြစ်ပြီး ရော်နယ်ဒိုကတော့ သူ့ရဲ့ကစားသမားဘဝအတွက် (၆) ကြိမ်မြောက် Ballon d’Or ဆုကို ဆွတ်ခူးနိုင်မလား စောင့်ကြည့်ရမှာပါ။