ချစ်သူဂျော်ဂျီနာကို အကြီးအကျယ်စပရိုက်တိုက်လိုက်တဲ့ ရော်နယ်ဒို

ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ သူနဲ့အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်ကို ပေါင် (၁) သိန်း (၅) ထောင်တန် လက်ဝတ်ရတနာအစုံလိုက် လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဂျော်ဂျီနာနဲ့ ရော်နယ်ဒိုတို့ ချစ်သက်တမ်းက ရှည်ကြာခဲ့ပြီး လက်ရှိအချိန်မှာလည်း သားသမီး (၄) ယောက်နဲ့အတူ မန်ချက်စတာမြို့၊ ချက်စရှိုင်းယားဒေသမှာ အတူတကွ နေထိုင်လျက်ရှိပါတယ်။ ရော်နယ်ဒိုရဲ့လက်ဆောင်ကြောင့် ဂျော်ဂျီနာတစ်ယောက် တော်တော်လေး အံ့အားသင့်ခဲ့ရပြီး ဒါကိုလည်း သူ့ရဲ့အင်စတာဂရမ်စတိုရီမှာ ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။

(၄) ပေ (၆) လက်မအမြင့်ရှိတဲ့ ဗီရိုလေးထဲမှာ ကြည့်မှန်အပါအဝင် အံဆွဲ (၈) ခုပါဝင်ပြီး အဲ့ဒီ အံဆွဲ (၈) ခုထဲမှာတော့ LV ရဲ့ စျေးအကြီးဆုံး လက်ကောက်၊ လည်ဆွဲနဲ့ လက်စွပ်တွေ ပါဝင်တယ်လို့ သိရပါတယ်။ ပန်းရောင်ကိုအခြေခံပြီး ဖန်တီးထားတဲ့ ဒီလက်ဝတ်ရတနာ ဗီရိုသေတ္တာကို ရရှိချိန်မှာတော့ ပြောစရာစကားမရှိအောင် အံ့အားသင့်ရတယ်လို့ ဂျော်ဂျီနာကဆိုပါတယ်။

အောက်တိုဘာ အစောပိုင်းက ဗင်းနစ်ရုပ်ရှင်ပွဲတော်ကို သွားရောက်ခဲ့တုန်းက တန်ဖိုးအားဖြင့် ပေါင် (၇) သောင်း (၈) ထောင်ဖိုးရှိတဲ့ စိန်တစ်ဆင်စာကို ဝတ်ဆင်ခဲ့တဲ့ ဂျော်ဂျီနာရဲ့ လက်ရှိအချိန်မှာ လက်ဝတ်ရတနာစုဆောင်းမှုက တန်ဖိုးအားဖြင့် ပေါင် (၂.၆) သန်းနီးပါးအထိရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ဂျော်ဂျီနာတို့ဟာ (၂၀၁၆) နွေရာသီမှာ စတင်ချစ်ကြိုးသွယ်ခဲ့ပြီး သူတို့နှစ်ယောက်အကြား ဆက်ဆံရေးခိုင်မြဲနေပြီဖြစ်တာကြောင့် မကြာခင်မှာ တရားဝင်လက်ထပ်ပွဲကျင်းပနိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း ဂျော်ဂျီနာက ပြောကြားခဲ့ဖူးပါတယ်။ းဘူး။