ဘတ်ပီ နဲ့ ပတ်သက်ပြီး ပီအက်စ်ဂျီရဲ့ဒေါသကို ထပ်ဆွပေးလိုက်တဲ့ ဘန်ဇီမာ

ဘန်ဇီမာ ကတော့ ဘတ်ပီ နဲ့ အတူ ရီးရယ်လ်အသင်းမှာ အတူတွဲကစားချင်တဲ့ သူ့ရဲ့‌ဆန္ဒကို ထပ်မံပြောဆိုလိုက်ပါတယ်။ဘတ်ပီ ကလည်း ရီးရယ်လ် အသင်းကို ပြောင်းရွှေ့ချင်နေတာဖြစ်ပြီး အခုရာသီအကုန်မှာ ဒီအပြောင်းအရွှေ့ဟာ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

TOPSHOT – France’s forward Kylian Mbappe (L) and France’s forward Karim Benzema (R) celebrate with the trophy at the end of the Nations League final football match between Spain and France at San Siro stadium in Milan, on October 10, 2021. (Photo by FRANCK FIFE / AFP)

သူတို့(၂)ဦးဟာ ပြီးခဲ့တဲ့ နေးရှင်းလိဂ်ပြိုင်ပွဲမှာ ပြင်သစ်လက်ရွေးစင် အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ပြင်သစ် အသင်း ဗိုလ်စွဲခဲ့တဲ့ ဒီပြိုင်ပွဲမှာ သူတို့(၂)ဦးလုံးဟာ အကြိုဗိုလ်လုပွဲမှာရော ဗိုလ်လုပွဲမှာပါ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရီးရယ်လ် အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့နောက်ဆုံးရက်ထိ ဘတ်ပီကို ခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီ အသင်းကတော့ သူတို့ရဲ့ကစားသမားကို ရောင်းချဖို့ မစဉ်းစားခဲ့တာပါ။ဘတ်ပီနဲ့ ပီအက်စ်ဂျီ တို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာပါ။

ဘတ်ပီကလည်း ပီအက်စ်ဂျီ ကနေ ထွက်ခွာဖို့ တောင်းဆိုထားတယ်လို့ အတိအလင်းပြောကြားထားဝာာဖြစ်ပါတယ်။အဲ့ဒါကြောင့် ဇန်နဝါရီမှာ အကြိုသဘောတူစာချုပ်ချုပ်ဆိုဖို့ အတွက် ရီးရယ်လ် အသင်းက ကြိုးစားဖွယ်ရှိနေတာဖြစ်ပါတယ်။

ဘန်ဇီမာ က “သူဟာ လက်ရွေးစင် အသင်းမှာ ကျွန်တော်နဲ့ အတူ ပျော်ရွှင်နေပါတယ်။အနာဂတ်မှာ ဘာကြောင့်မဖြစ်နိုင်ရမှာလဲ?။သူဟာ အလွန်ကောင်းမွန်တဲ့ ကစားသမားဖြစ်ပေမယ့် ပီအက်စ်ဂျီကိုတော့ လေးစားဖို့လိုပါတယ်”

“ဒါကို ကျွန်တော်အမြဲတမ်းပြောခဲ့တာဖြစ်ပြီး ကျွန်တော်ထပ်ပြောပါမယ်။ကျွန်တော်တို့ တနေ့ အတူတူတွဲကစားကြဖို့ မျှော်လင့်ထားပါတယ်”လို့ ဆိုပါတယ်။ဘန်ဇီမာ ကတော့ ဘတ်ပီ နဲ့ အတူတွဲကစားချင်တဲ့ အကြောင်းကို ပြောတာ ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။အခုလအစောပိုင်းကလည်း ပြောဆိုခဲ့ပါသေးတယ်။

“ဘတ်ပီကိုယ်တိုင်ပြောခဲ့တာပါ။သူဟာ အခြားအရာတခုကို ကြည့်ချင်နေပါတယ်။တနေ့မှာ သူဟာ ရီးရယ်လ် အတွက် ကစားပါလိမ့်မယ်။ဘယ်တော့ဖြစ်မလဲဆိုတာတော့ မသိပါဘူး။ဒါပေမယ့် သူလာပါလိမ့်မယ်။ဒါက အချိန်ကိစ္စတခုပါပဲ”လို့ ဘန်ဇီမာ က ဆိုခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီ ကတော့ ဘတ်ပီ ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အတွက် စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။

Zawgyi

ဘန္ဇီမာ ကေတာ့ ဘတ္ပီ နဲ႔ အတူ ရီးရယ္လ္အသင္းမွာ အတူတြဲကစားခ်င္တဲ့ သူ႔ရဲ့‌ဆႏၵကို ထပ္မံေျပာဆိုလိုက္ပါတယ္။ဘတ္ပီ ကလည္း ရီးရယ္လ္ အသင္းကို ေျပာင္းေရႊ႕ခ်င္ေနတာျဖစ္ၿပီး အခုရာသီအကုန္မွာ ဒီအေျပာင္းအေရႊ႕ဟာ ျဖစ္ေပၚလာနိုင္ဖြယ္ရွိေနတာျဖစ္ပါတယ္။

သူတို႔(၂)ဦးဟာ ၿပီးခဲ့တဲ့ ေနးရွင္းလိဂ္ၿပိဳင္ပြဲမွာ ျပင္သစ္လက္ေရြးစင္ အသင္းအတြက္ ေျခစြမ္းျပသနိုင္ခဲ့တာျဖစ္ပါတယ္။ျပင္သစ္ အသင္း ဗိုလ္စြဲခဲ့တဲ့ ဒီၿပိဳင္ပြဲမွာ သူတို႔(၂)ဦးလုံးဟာ အႀကိဳဗိုလ္လုပြဲမွာေရာ ဗိုလ္လုပြဲမွာပါ ဂိုးသြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။

ရီးရယ္လ္ အသင္းဟာ ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕ေနာက္ဆုံးရက္ထိ ဘတ္ပီကို ေခၚယူဖို႔ ႀကိဳးစားခဲ့တာျဖစ္ၿပီး ပီအက္စ္ဂ်ီ အသင္းကေတာ့ သူတို႔ရဲ့ကစားသမားကို ေရာင္းခ်ဖို႔ မစဥ္းစားခဲ့တာပါ။ဘတ္ပီနဲ႔ ပီအက္စ္ဂ်ီ တို႔ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ အခုရာသီအကုန္မွာ ကုန္ဆုံးေတာ့မွာပါ။

ဘတ္ပီကလည္း ပီအက္စ္ဂ်ီ ကေန ထြက္ခြာဖို႔ ေတာင္းဆိုထားတယ္လို႔ အတိအလင္းေျပာၾကားထားဝာာျဖစ္ပါတယ္။အဲ့ဒါေၾကာင့္ ဇန္နဝါရီမွာ အႀကိဳသေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုဖို႔ အတြက္ ရီးရယ္လ္ အသင္းက ႀကိဳးစားဖြယ္ရွိေနတာျဖစ္ပါတယ္။

ဘန္ဇီမာ က “သူဟာ လက္ေရြးစင္ အသင္းမွာ ကၽြန္ေတာ္နဲ႔ အတူ ေပ်ာ္ရႊင္ေနပါတယ္။အနာဂတ္မွာ ဘာေၾကာင့္မျဖစ္နိုင္ရမွာလဲ?။သူဟာ အလြန္ေကာင္းမြန္တဲ့ ကစားသမားျဖစ္ေပမယ့္ ပီအက္စ္ဂ်ီကိုေတာ့ ေလးစားဖို႔လိုပါတယ္”

“ဒါကို ကၽြန္ေတာ္အျမဲတမ္းေျပာခဲ့တာျဖစ္ၿပီး ကၽြန္ေတာ္ထပ္ေျပာပါမယ္။ကၽြန္ေတာ္တို႔ တေန႔ အတူတူတြဲကစားၾကဖို႔ ေမၽွာ္လင့္ထားပါတယ္”လို႔ ဆိုပါတယ္။ဘန္ဇီမာ ကေတာ့ ဘတ္ပီ နဲ႔ အတူတြဲကစားခ်င္တဲ့ အေၾကာင္းကို ေျပာတာ ဒါဟာ ပထမဆုံးအႀကိမ္မဟုတ္ပါဘူး။အခုလအေစာပိုင္းကလည္း ေျပာဆိုခဲ့ပါေသးတယ္။

“ဘတ္ပီကိုယ္တိုင္ေျပာခဲ့တာပါ။သူဟာ အျခားအရာတခုကို ၾကည့္ခ်င္ေနပါတယ္။တေန႔မွာ သူဟာ ရီးရယ္လ္ အတြက္ ကစားပါလိမ့္မယ္။ဘယ္ေတာ့ျဖစ္မလဲဆိုတာေတာ့ မသိပါဘူး။ဒါေပမယ့္ သူလာပါလိမ့္မယ္။ဒါက အခ်ိန္ကိစၥတခုပါပဲ”လို႔ ဘန္ဇီမာ က ဆိုခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီ ကေတာ့ ဘတ္ပီ ကို ဆက္လက္ထိန္းသိမ္းနိုင္ဖို႔ အတြက္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုနိုင္ဖို႔ ဆက္လက္ႀကိဳးပမ္းသြားဖြယ္ရွိေနတာလည္းျဖစ္ပါတယ္။