စာချုပ်ကိစ္စအငြင်းပွားနေတာကိုမေ့ထားပြီး အသင်းနိုင်ပွဲရဖို့ပဲ အာရုံစိုက်မယ့် ဆာလတ်

ဆာလတ် ကတော့ လီဗာပူးလ် အသင်း အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးတွေထွက်ပေါ်နေပေမယ့် အသင်းမှာ ပျော်ရွှင်နေတယ်လို့ ပြောလိုက်ပါတယ်။ဆာလတ်နဲ့ လီဗာပူးလ် တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၂၀၂၃)ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

FILE PHOTO: Soccer Football – Premier League – Norwich City v Liverpool – Carrow Road, Norwich, Britain – August 14, 2021 Liverpool’s Mohamed Salah celebrates scoring their third goal Action Images via Reuters/Peter Cziborra EDITORIAL USE ONLY. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 75 images, no video emulation. No use in betting, games or single club /league/player publications. Please contact your account representative for further details. TPX IMAGES OF THE DAY/File Photo

ဆာလတ်ကတော့ လီဗာပူးလ် အသင်းနဲ့ ချုပ်ဆိုမယ့် စာချုပ်သစ်မှာ လုပ်ခလစာတစ်ပတ်ပေါင် (၃သိန်း၅သောင်း)အလိုရှိနေတာလည်းဖြစ်ပါတယ်။ဒါနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေဟာ အဆင်မပြေမှုတွေရှိနေတာပါ။ဒါပေမယ့် ဆာလတ် ကတော့ ဒီရာသီမှာလည်း လီဗာပူးလ် အတွက်ခြေစွမ်းပြသ‌နေတာဖြစ်ပါတယ်။

‌ဆာလတ် ဟာ ဒီရာသီမှာ လီဗာပူးလ် အသင်းအတွက် ပြိုင်ပွဲစုံ(၉)ပွဲပါဝင်ကစားထားပြီး (၉)ဂိုးသွင်းယူထားတာလည်းဖြစ်ပါတယ်။အီဂျစ် ကစားသမားကတော့ သူဟာ အန်ဖီးလ်မှာ ပျော်ရွှင်နေတယ်လို့ ပြောခဲ့တာပါ။

ဆာလတ်က “အသင်းနိုင်ပွဲရနေတဲ့ အချိန်တိုင်း ကျွန်တော်ပျော်ပါတယ်။ဂိုးတွေသွင်းပြီး အသင်းကို အနိုင်ရအောင် ကူညီပေးဖို့ ကျွန်တော်အမြဲတမ်းကြိုးစားပါတယ်။ဒါက အရေးကြီးဆုံးအရာပါ”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဆာလတ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်(၇)ပွဲမှာ (၆)ဂိုးသွင်းပြီး (၃)ဂိုးဖန်တီးထားတာပါ။ချန်ပီယံလိဂ်(၂)ပွဲမှာ (၃)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ဆာလတ် ကို ခေါ်ယူဖို့ ရီးရယ်လ်နဲ့ ဘာစီလိုနာ အသင်းတို့ဟာ အရင်က စိတ်ဝင်စားခဲ့ကြတာဖြစ်ပေမယ့် သူတို့ရဲ့ဘဏ္ဍာရေးပြသနာတွေကြောင့် လီဗာပူးလ် ကစားသမားကို ခေါ်ယူနိုင်ဖို့ ရုန်းကန်ရမှာလည်းဖြစ်ပါတယ်။

လီဗာပူးလ် အသင်းကတော့ မနက်ဖြန်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်ဖိုဒ့် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဘရာဇီးလ် နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပါဝင်ကစားခဲ့တဲ့ အလီဆန် နဲ့ ဖာဘင်ဟို တို့ပါဝင်နိုင်မှာမဟုတ်ဘူးလို့ ကလောပ့်က ပြောဆိုထားပါတယ်။

Zawgyi

ဆာလတ္ ကေတာ့ လီဗာပူးလ္ အသင္း အနာဂတ္နဲ႔ ပတ္သက္ၿပီး ထင္ေၾကးေတြထြက္ေပၚေနေပမယ့္ အသင္းမွာ ေပ်ာ္ရႊင္ေနတယ္လို႔ ေျပာလိုက္ပါတယ္။ဆာလတ္နဲ႔ လီဗာပူးလ္ တို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ (၂၀၂၃)ဇြန္လမွာ ကုန္ဆုံးမွာျဖစ္ပါတယ္။

ဆာလတ္ကေတာ့ လီဗာပူးလ္ အသင္းနဲ႔ ခ်ဳပ္ဆိုမယ့္ စာခ်ဳပ္သစ္မွာ လုပ္ခလစာတစ္ပတ္ေပါင္ (၃သိန္း၅ေသာင္း)အလိုရွိေနတာလည္းျဖစ္ပါတယ္။ဒါနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးမႈေတြဟာ အဆင္မေျပမႈေတြရွိေနတာပါ။ဒါေပမယ့္ ဆာလတ္ ကေတာ့ ဒီရာသီမွာလည္း လီဗာပူးလ္ အတြက္ေျခစြမ္းျပသ‌ေနတာျဖစ္ပါတယ္။

‌ဆာလတ္ ဟာ ဒီရာသီမွာ လီဗာပူးလ္ အသင္းအတြက္ ၿပိဳင္ပြဲစုံ(၉)ပြဲပါဝင္ကစားထားၿပီး (၉)ဂိုးသြင္းယူထားတာလည္းျဖစ္ပါတယ္။အီဂ်စ္ ကစားသမားကေတာ့ သူဟာ အန္ဖီးလ္မွာ ေပ်ာ္ရႊင္ေနတယ္လို႔ ေျပာခဲ့တာပါ။

ဆာလတ္က “အသင္းနိုင္ပြဲရေနတဲ့ အခ်ိန္တိုင္း ကၽြန္ေတာ္ေပ်ာ္ပါတယ္။ဂိုးေတြသြင္းၿပီး အသင္းကို အနိုင္ရေအာင္ ကူညီေပးဖို႔ ကၽြန္ေတာ္အျမဲတမ္းႀကိဳးစားပါတယ္။ဒါက အေရးႀကီးဆုံးအရာပါ”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ဆာလတ္ဟာ ဒီရာသီ ပရီးမီးယားလိဂ္(၇)ပြဲမွာ (၆)ဂိုးသြင္းၿပီး (၃)ဂိုးဖန္တီးထားတာပါ။ခ်န္ပီယံလိဂ္(၂)ပြဲမွာ (၃)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။

ဆာလတ္ ကို ေခၚယူဖို႔ ရီးရယ္လ္နဲ႔ ဘာစီလိုနာ အသင္းတို႔ဟာ အရင္က စိတ္ဝင္စားခဲ့ၾကတာျဖစ္ေပမယ့္ သူတို႔ရဲ့ဘ႑ာေရးျပသနာေတြေၾကာင့္ လီဗာပူးလ္ ကစားသမားကို ေခၚယူနိုင္ဖို႔ ႐ုန္းကန္ရမွာလည္းျဖစ္ပါတယ္။

လီဗာပူးလ္ အသင္းကေတာ့ မနက္ျဖန္မွာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ဝက္ဖိုဒ့္ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ဘရာဇီးလ္ နဲ႔ ကမၻာ့ဖလားေျခစစ္ပြဲ ပါဝင္ကစားခဲ့တဲ့ အလီဆန္ နဲ႔ ဖာဘင္ဟို တို႔ပါဝင္နိုင္မွာမဟုတ္ဘူးလို႔ ကေလာပ့္က ေျပာဆိုထားပါတယ္။