ဖာဂူဆန်တောင် ပွဲတိုင်းတူညီတဲ့လူစာရင်းကို အသုံးပြုလို့လားလို့ ပြန်တုံ့ပြန်ခဲ့တဲ့ ဆိုးလ်ရှား

ရော်နယ်ဒို ကို ပွဲတိုင်းပွဲစတည်းက အသုံးပြုသင့်တယ်လို့ မှတ်ချက်ပေးခဲ့တဲ့ ဆာအဲလက်စ်ဖာဂူဆန်ရဲ့မှတ်ချက်နဲ့ ပတ်သက်ပြီး မစိုးရိမ်ဘူးလို့ နည်းပြ ဆိုးလ်ရှား က ပြောလိုက်ပါတယ်။မန်ချက်စတာယူနိုက်တက် ကို တကျော့ပြန်ရောက်ရှိလာတဲ့ ရော်နယ်ဒို ဟာ အသင်းအတွက် ကစားပေးခဲ့တဲ့ (၆)ပွဲမှာ (၅)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ဒါပေမယ့် ရော်နယ်ဒို ဟာ နိုင်ငံတကာပွဲမတိုင်ခင် ကစားခဲ့တဲ့ အဲဗာတန်နဲ့ ပွဲမှာတော့ အရန်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရတာဖြစ်ပါတယ်။ရော်နယ်ဒို ဟာ ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့ပေမယ့် တဖက်တဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့တာပါ။

ဖာဂူဆန် ကတော့ ရော်နယ်ဒို ကို အရန်ခုံပေါ်မှာထားတဲ့ ဆုံးဖြတ်ချက်ကို မကျေမနပ်ဖြစ်ခဲ့တာပါ။UFC ချန်ပီယံဟောင်း ခါဘစ်နဲ့ ပွဲအပြီး စကားပြောဆိုရာမှာ အကောင်းဆုံးကစားသမားတွေဟာ ပွဲကို အမြဲတမ်းအစတည်းက ပါဝင်သင့်တယ်လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှား ကတော့ သူ့ရဲ့နည်းပြဟောင်းဖြစ်တဲ့ ဖာဂူဆန် အနေနဲ့လည်း အကောင်းဆုံးကစားသမားတွေကို ကာကွယ်နိုင်ဖို့ အတွက် ဒီလိုပဲ အလားတူတဲ့ ဆုံးဖြတ်ချက်တွေချခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဆိုးလ်ရှား က “ကျွန်တော်နဲ့ ဆရာတို့ အကြားမှာ သဘောမတူတာတွေအကြိမ်ကြိမ်ရှိပါတယ်။သူနဲ့ သဘောမတူတာတွေရှိခဲ့တယ်လို့ ကျွန်တော့်မိန်းမကို အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ဒါပေမယ့် ဒါက ‌ကစားသမားတဦးအနေနဲ့ ခေါင်းကြီးပိုင်း မလုပ်ခဲ့ပါဘူး”

“ဒါဟာ ကျွန်တော့်ကို အနှောက်အယှက်မဖြစ်တာသေချာတယ်ဆိုတာ ဆာအဲလက်စ်သိပါတယ်။အားလုံးက ခရစ်စတီယာနို ကိုတွေ့ချင်ကြတာပါပဲ။ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ အားလုံးက သူဖြစ်နေလို့၊သူဟာ တခြားသူတွေနဲ့ မတူဘဲ တမူထူးခြားလို့၊ သူ့မှာလည်း ကစားသမားဘဝရှိပြီး လူတိုင်းက သူ့ကိုလာပြီးကြည့်ချင်ကြပါတယ်”

“ဒါပေမယ့် ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင် သူဟာ ကျွန်တော်တို့ကစားတဲ့ ပွဲတိုင်းကို ကစားလို့မရပါဘူး။ဒါဟာ ရုပ်ပိုင်းဆိုင်ရာသဘောသဘာဝနဲ့ လူသားသဘောသဘာဝပါပဲ။ဒီအလုပ်က ဘယ်လောက်ခက်ခဲလဲဆိုတာ ဖာဂူဆန် ကိုယ်တိုင်သိပါတယ်။သူလည်းအမြဲတမ်းဒီကစားသမားတွေပဲ အသုံးပြုခဲ့တာမှမဟုတ်တာ”

“ကျွန်တော်တို့မှာ အကောင်းဆုံးကစားသမားတွေရှိတယ်။တခါတလေမှာ အလုပ်ဖြစ်ပြီး တခါတလေမှာလည်း အလုပ်မဖြစ်ပါဘူး”လို့ ဆိုခဲ့ပါတယ်။

Zawgyi

ေရာ္နယ္ဒို ကို ပြဲတိုင္းပြဲစတည္းက အသုံးျပဳသင့္တယ္လို႔ မွတ္ခ်က္ေပးခဲ့တဲ့ ဆာအဲလက္စ္ဖာဂူဆန္ရဲ့မွတ္ခ်က္နဲ႔ ပတ္သက္ၿပီး မစိုးရိမ္ဘူးလို႔ နည္းၿပ ဆိုးလ္ရွား က ေျပာလိုက္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ ကို တေက်ာ့ျပန္ေရာက္ရွိလာတဲ့ ေရာ္နယ္ဒို ဟာ အသင္းအတြက္ ကစားေပးခဲ့တဲ့ (၆)ပြဲမွာ (၅)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။

ဒါေပမယ့္ ေရာ္နယ္ဒို ဟာ နိုင္ငံတကာပြဲမတိုင္ခင္ ကစားခဲ့တဲ့ အဲဗာတန္နဲ႔ ပြဲမွာေတာ့ အရန္ကစားသမားအျဖစ္သာ ပါဝင္ခဲ့ရတာျဖစ္ပါတယ္။ေရာ္နယ္ဒို ဟာ ဒုတိယပိုင္းမွာ လူစားဝင္ကစားခဲ့ေပမယ့္ တဖက္တဂိုးစီ သေရရလဒ္နဲ႔ ပြဲၿပီးဆုံးသြားခဲ့တာပါ။

ဖာဂူဆန္ ကေတာ့ ေရာ္နယ္ဒို ကို အရန္ခုံေပၚမွာထားတဲ့ ဆုံးျဖတ္ခ်က္ကို မေက်မနပ္ျဖစ္ခဲ့တာပါ။UFC ခ်န္ပီယံေဟာင္း ခါဘစ္နဲ႔ ပြဲအၿပီး စကားေျပာဆိုရာမွာ အေကာင္းဆုံးကစားသမားေတြဟာ ပြဲကို အျမဲတမ္းအစတည္းက ပါဝင္သင့္တယ္လို႔ ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။

ဆိုးလ္ရွား ကေတာ့ သူ႔ရဲ့နည္းျပေဟာင္းျဖစ္တဲ့ ဖာဂူဆန္ အေနနဲ႔လည္း အေကာင္းဆုံးကစားသမားေတြကို ကာကြယ္နိုင္ဖို႔ အတြက္ ဒီလိုပဲ အလားတူတဲ့ ဆုံးျဖတ္ခ်က္ေတြခ်ခဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဆိုးလ္ရွား က “ကၽြန္ေတာ္နဲ႔ ဆရာတို႔ အၾကားမွာ သေဘာမတူတာေတြအႀကိမ္ႀကိမ္ရွိပါတယ္။သူနဲ႔ သေဘာမတူတာေတြရွိခဲ့တယ္လို႔ ကၽြန္ေတာ့္မိန္းမကို အႀကိမ္ႀကိမ္ေျပာခဲ့ပါတယ္။ဒါေပမယ့္ ဒါက ‌ကစားသမားတဦးအေနနဲ႔ ေခါင္းႀကီးပိုင္း မလုပ္ခဲ့ပါဘူး”

“ဒါဟာ ကၽြန္ေတာ့္ကို အေႏွာက္အယွက္မျဖစ္တာေသခ်ာတယ္ဆိုတာ ဆာအဲလက္စ္သိပါတယ္။အားလုံးက ခရစ္စတီယာနို ကိုေတြ႕ခ်င္ၾကတာပါပဲ။ဘာျဖစ္လို႔လဲဆိုရင္ ကၽြန္ေတာ္တို႔ အားလုံးက သူျဖစ္ေနလို႔၊သူဟာ တျခားသူေတြနဲ႔ မတူဘဲ တမူထူးျခားလို႔၊ သူ႔မွာလည္း ကစားသမားဘဝရွိၿပီး လူတိုင္းက သူ႔ကိုလာၿပီးၾကည့္ခ်င္ၾကပါတယ္”

“ဒါေပမယ့္ ရွင္းရွင္းလင္းလင္းေျပာရမယ္ဆိုရင္ သူဟာ ကၽြန္ေတာ္တို႔ကစားတဲ့ ပြဲတိုင္းကို ကစားလို႔မရပါဘူး။ဒါဟာ ႐ုပ္ပိုင္းဆိုင္ရာသေဘာသဘာဝနဲ႔ လူသားသေဘာသဘာဝပါပဲ။ဒီအလုပ္က ဘယ္ေလာက္ခက္ခဲလဲဆိုတာ ဖာဂူဆန္ ကိုယ္တိုင္သိပါတယ္။သူလည္းအျမဲတမ္းဒီကစားသမားေတြပဲ အသုံးျပဳခဲ့တာမွမဟုတ္တာ”

“ကၽြန္ေတာ္တို႔မွာ အေကာင္းဆုံးကစားသမားေတြရွိတယ္။တခါတေလမွာ အလုပ္ျဖစ္ၿပီး တခါတေလမွာလည္း အလုပ္မျဖစ္ပါဘူး”လို႔ ဆိုခဲ့ပါတယ္။