မက်ဆီ၊နေမာ တို့ မပါဝင်နိုင်သေးတဲ့ ပီအက်စ်ဂျီ ကို နိုင်ပွဲရအောင် ကယ်တင်ပေးနေတဲ့ ဘတ်ပီ

ပီအက်စ်ဂျီ အသင်းကတော့ ဒီမနက်က ကစားခဲ့တဲ့ ပြင်သစ်လီဂူးပွဲစဉ်မှာ အန်းဂါးစ် အသင်းကို (၂)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ပီအက်စ်ဂျီ အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ရီးနတ်စ် ကို အရေးနိမ့်ခဲ့တာကို နိုင်ပွဲနဲ့ ပြန်လည်ချေဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

အန်းဂါးစ် အသင်းက ဖူလ်ဂီနီ က ပထမပိုင်းမှာတည်းက ဦးဆောင်ဂိုးရယူခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းမှာတော့ ဘတ်ပီ ရဲ့ဖန်တီးပေးမှုကနေ ဒန်နီလို က ချေပဂိုးသွင်းယူခဲ့တာပါ။အနိုင်ဂိုးကိုတော့ ပွဲပြီးကာနီးမှာ ရခဲ့တဲ့ ပင်နယ်တီကို ဘတ်ပီ က အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ပီအက်စ်ဂျီ အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊နေမာ၊ဒီမာရီယာ၊ပါရီဒတ်စ် နဲ့ မာကွင်ဟို တို့ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲကစားထားကြလို့ မပါဝင်နိုင်ခဲ့တာပါ။မက်ဆီ ကတော့ ပွဲကြည့်စင်ကနေ အသင်းကို လာရောက်အားပေးခဲ့ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ဒီပွဲမှာ အန်းဂါးစ် အသင်းကို ဘောလုံးပိုင်ဆိုင်မှု သိသိသာသာ အသာစီးရယူနိုင်ခဲ့ပေမယ့် ဂိုးပေါက်တည့်မှု(၂)ကြိမ်သာ ရှိခဲ့ကာ ဂိုးပေါက်လွဲချော်မှုက များပြားခဲ့တာကြောင့် အခုလို ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ဒီပွဲအနိုင်ကြောင့် (၁၀)ပွဲကစား (၉)ပွဲနိုင် (၁)ပွဲရှုံး ရမှတ်(၂၇)မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားတာဖြစ်ပါတယ်။

ဘတ်ပီ ဟာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး သတင်းတွေထွက်ပေါ်နေပေမယ့် ပီအက်စ်ဂျီ အတွက် အကောင်းဆုံးခြေစွမ်းပြသနေတာဖြစ်ပြီး လီဂူးဝမ်းပြိုင်ပွဲမှာ (၅)ဂိုးသွင်းယူထားကာ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတာပါ။

ပီအက်စ်ဂျီ အသင်းဟာ ကြားရက်မှာတော့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် လိုက်ပ်ဇစ် အသင်းနဲ့ ကစားရမှာဖြစ်ပြီး အဓိက ကစားသမားအားလုံး ပြန်လည်ပါဝင်နိုင်မှာလည်းဖြစ်ပါတယ်။ပီအက်စ်ဂျီ အသင်းဟာ လာမယ့်အပတ်မှာတော့ မာဆေးလ် နဲ့ လီဂူးဝမ်းပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

ပီအက္စ္ဂ်ီ အသင္းကေတာ့ ဒီမနက္က ကစားခဲ့တဲ့ ျပင္သစ္လီဂူးပြဲစဥ္မွာ အန္းဂါးစ္ အသင္းကို (၂)ဂိုး-(၁)ဂိုးနဲ႔ အနိုင္ရရွိသြားခဲ့ပါတယ္။ပီအက္စ္ဂ်ီ အသင္းဟာ ေနာက္ဆုံးကစားခဲ့တဲ့ပြဲမွာ ရီးနတ္စ္ ကို အေရးနိမ့္ခဲ့တာကို နိုင္ပြဲနဲ႔ ျပန္လည္ေခ်ဖ်က္နိုင္ခဲ့တာျဖစ္ပါတယ္။

အန္းဂါးစ္ အသင္းက ဖူလ္ဂီနီ က ပထမပိုင္းမွာတည္းက ဦးေဆာင္ဂိုးရယူခဲ့တာျဖစ္ပါတယ္။ဒုတိယပိုင္းမွာေတာ့ ဘတ္ပီ ရဲ့ဖန္တီးေပးမႈကေန ဒန္နီလို က ေခ်ပဂိုးသြင္းယူခဲ့တာပါ။အနိုင္ဂိုးကိုေတာ့ ပြဲၿပီးကာနီးမွာ ရခဲ့တဲ့ ပင္နယ္တီကို ဘတ္ပီ က အဆုံးသတ္ခဲ့တာျဖစ္ပါတယ္။

ဒီပြဲမွာ ပီအက္စ္ဂ်ီ အသင္းရဲ့အဓိက ကစားသမားေတြျဖစ္တဲ့ မက္ဆီ၊ေနမာ၊ဒီမာရီယာ၊ပါရီဒတ္စ္ နဲ႔ မာကြင္ဟို တို႔ဟာ ကမၻာ့ဖလားေျခစစ္ပြဲကစားထားၾကလို႔ မပါဝင္နိုင္ခဲ့တာပါ။မက္ဆီ ကေတာ့ ပြဲၾကည့္စင္ကေန အသင္းကို လာေရာက္အားေပးခဲ့ပါတယ္။

ပီအက္စ္ဂ်ီ အသင္းဟာ ဒီပြဲမွာ အန္းဂါးစ္ အသင္းကို ေဘာလုံးပိုင္ဆိုင္မႈ သိသိသာသာ အသာစီးရယူနိုင္ခဲ့ေပမယ့္ ဂိုးေပါက္တည့္မႈ(၂)ႀကိမ္သာ ရွိခဲ့ကာ ဂိုးေပါက္လြဲေခ်ာ္မႈက မ်ားျပားခဲ့တာေၾကာင့္ အခုလို က်ဥ္းေျမာင္းတဲ့ ရလဒ္နဲ႔ အနိုင္ရခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီ အသင္းဟာ ဒီပြဲအနိုင္ေၾကာင့္ (၁၀)ပြဲကစား (၉)ပြဲနိုင္ (၁)ပြဲရႈံး ရမွတ္(၂၇)မွတ္နဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္ထားတာျဖစ္ပါတယ္။

ဘတ္ပီ ဟာ သူ႔ရဲ့အနာဂတ္နဲ႔ ပတ္သက္ၿပီး သတင္းေတြထြက္ေပၚေနေပမယ့္ ပီအက္စ္ဂ်ီ အတြက္ အေကာင္းဆုံးေျခစြမ္းျပသေနတာျဖစ္ၿပီး လီဂူးဝမ္းၿပိဳင္ပြဲမွာ (၅)ဂိုးသြင္းယူထားကာ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ေနတာပါ။

ပီအက္စ္ဂ်ီ အသင္းဟာ ၾကားရက္မွာေတာ့ ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ လိုက္ပ္ဇစ္ အသင္းနဲ႔ ကစားရမွာျဖစ္ၿပီး အဓိက ကစားသမားအားလုံး ျပန္လည္ပါဝင္နိုင္မွာလည္းျဖစ္ပါတယ္။ပီအက္စ္ဂ်ီ အသင္းဟာ လာမယ့္အပတ္မွာေတာ့ မာေဆးလ္ နဲ႔ လီဂူးဝမ္းပြဲစဥ္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။