“မန်ယူအပိုင်၊ ပြေးသာကိုင်” ဆိုတဲ့ အိုဝင်ရဲ့ ဒီတစ်ပတ်အတွက် ခန့်မှန်းချက်အလန်းစားများ

ပရီးမီးယားလိဂ်ပွဲစဥ်တွေကို အပတ်စဥ်၊ အပတ်တိုင်း ခန့်မှန်းပေးနေကျ မိုက်ကယ်အိုဝင်ကတော့ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဥ် (၈) အတွက် သူ့ရဲ့ ခန့်မှန်းချက်တွေကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

ဒီတစ်ပတ်မှာတော့ ပွဲကောင်းတွေအဖြစ် လက်စတာနဲ့ယူနိုက်တက်၊ ဘရန်ဖို့ဒ်နဲ့ချဲလ်ဆီးတို့ ရှိနေတယ်လို့ ဆိုနိုင်ပြီး ပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံး ပွဲနှစ်ပွဲလို့ဆိုရမှာပါ။

လက်စတာနဲ့ ယူနိုက်တက်ပွဲအတွက်တော့ အိုဝင်က ယူနိုက်တက်တို့ အဝေးကွင်းမှာ ၁-၂ ဂိုးနဲ့ အနိုင်ရရှိသွားမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ယူနိုက်တက်ဟာ နှစ်ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပေမယ့် ဖိအားတွေအောက်ရောက်လာတိုင်း ဆိုးလ်ရှားက ရလဒ်ကောင်းတစ်ခုရအောင် ဖန်တီးပေးနိုင်လေ့ရှိပါတယ်။

ဒါ့အပြင် လက်စတာက (၂၀၁၄) နောက်ပိုင်း ပရီးမီးယားလိဂ် အိမ်ကွင်းပွဲမှာ ယူနိုက်တက်နဲ့ တွေ့ဆုံတိုင်း အနိုင်မရရှိခဲ့ပါဘူး။ အဲ့ဒါကြောင့်လည်း ဒီပွဲမှာ ယူနိုက်တက်တို့ ကျဥ်းမြောင်းတဲ့ရလဒ်နဲ့နိုင်သွားမယ်လို့ အိုဝင်ကဆိုလာတာပါ။

စနေညရဲ့ အစောဆုံးပွဲအဖြစ် ကစားမယ့် ဝက်ဖို့ဒ်နဲ့လီဗာပူးပွဲမှာလည်း နှစ်ပွဲဆက်သရေကျထားတဲ့ လီဗာပူးတို့ ဒီပွဲမှာ နိုင်ပွဲပြန်ရှာတွေ့နိုင်မယ်လို့ အိုဝင်ကဆိုပါတယ်။ ခြေစွာနေတဲ့ တန်းတက်ဘရန့်ဖို့ဒ်နဲ့ ချဲလ်ဆီးတို့ပွဲမှာလည်း ချဲလ်ဆီးက အဝေးကွင်းမှာ ၀-၂ ဂိုးနဲ့ အနိုင်ရရှိသွားမယ်လို့ အိုဝင်ကခန့်မှန်းခဲ့ပါတယ်။

ဘရန့်ဖို့ဒ်ဟာ အိမ်ကွင်းမှာ အာဆင်နယ်ကို အနိုင်၊ လီဗာပူးကို သရေကစားခဲ့ပေမယ့် ချဲလ်ဆီးကိုတော့ အရှုံးပေးရမယ်လို့ အိုဝင်က ခန့်မှန်းထားတာပါ။ မန်စီးတီးက ဘန်လေကို (၃) ဂိုးပြတ်၊ အာဆင်နယ်က ခရစ္စတယ်ပဲလေ့စ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရသွားမယ်လို့လည်း အိုဝင်က ခန့်မှန်းပေးခဲ့ပါတယ်။

အိုဝင်ရဲ့ခန့်မှန်းချက်များ

ဝက်ဖို့ဒ် ၀-၂ လီဗာပူး၊ ဆောက်သမ်တန် ၁-၁ လိဒ်စ်၊ နော့ဝစ်ချ်၊ ၁-၂ ဘရိုက်တန်၊ လက်စတာ ၁-၂ ယူနိုက်တက်

မန်စီးတီး ၃-၀ ဘန်လေ၊ ဘရန့်ဖို့ဒ် ၀-၂ ချဲလ်ဆီး၊ အဲဗာတန် ၂-၁ ဝက်စ်ဟမ်း၊ နယူးကာဆယ် ၁-၁ စပါး၊ အာဆင်နယ် ၂-၁ ခရစ္စတယ်ပဲလေ့စ်