ဘာစီလိုနာက သူ့ကိုလိုအပ်ရင် ဖုန်းလေးသာခေါ်လိုက် အပြေးလာခဲ့မယ်ဆိုတဲ့ အဲလ်ဗတ်စ်

ဘာစီလိုနာ အသင်းနောက်ခံလူဟောင်း ဒန်နီအဲလ်ဗတ်စ် က အသင်းဟောင်းအနေနဲ့ သူ့ဝန်ဆောင်မှုတွေကို လာခေါက်မယ်ဆိုရင် ဒီခေါ်ဆိုမှုကို နောက်တကြိမ်ဖြေဆိုဖို့ အဆင်သင့်ဖြစ်နေမယ်လို့ ပြောလိုက်ပါတယ်။ဒီလိုသာလုပ်ခဲ့မယ်ဆိုရင် သူဟာနှလုံးခုန်သံတွေနဲ့အတူ ဘာစီလိုနာ ကို ပြန်လာမယ်လို့ပြောလိုက်ပါတယ်။

ဘရာဇီးလ်ကစားသမားဟာ ဘာစီလိုနာ အသင်းမှာ(၈)ရာသီကြာဖြတ်သန်းခဲ့တာဖြစ်ပြီး အောင်မြင်မှုအများအပြားလည်းရယူနိုင်ခဲ့တာပါ။လက်ရှိအချိန်မှာတော့ ဒန်နီအဲလ်‌ဗတ်စ် ဟာ ဆာအိုပေါ်လို နဲ့ အဆင်မပြေမှုတွေကြောင့် စာချုပ်ဖျက်သိမ်းပြီး အသင်းလက်မဲ့ဖြစ်နေခဲ့တာပါ။

ဘာစီလိုနာ အသင်းဟာ ရာသီအစကို နှေးကွေးစွာစတင်မှုနဲ့ အတူ အမှတ်ပေးဇယားအလယ်မှာရပ်တည်နေတာဖြစ်ပြီး အယ်လ်ဗတ်စ် ကတော့ သူတို့ရဲ့လူငယ်အများစုပါဝင်တဲ့အသင်းကို ထူးထူးခြားခြားပြန်ဖြစ်အောင်ကူညီပေးနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

အဲလ်ဗတ်စ် က “ဘာကာ က ကျွန်တော့်ကို လိုအပ်တယ်လို့ပြောဖို့ အလွန်အခွင့်အရေးကောင်းဖြစ်ပါလိမ့်မယ်။ကျွန်တော် ဒီကထွက်ခွာထဲက အမြဲတမ်းပြောခဲ့ပါတယ်။ဘာလို့လဲဆိုရင် ဖြစ်သင့်တဲ့အရာမဟုတ်ဘူးဆိုတာကို မြင်တွေ့ခဲ့လို့ပါ”

“ကျွန်တော်ထွက်သွားပြီးတည်းက ဖြစ်ခဲ့တဲ့ အရာတွေအားလုံးကို မင်းဘယ်တော့မှမြင်ချင်မှာမဟုတ်ပါဘူး။ဘာကာ က ကျွန်တော့်ကိုလိုချင်ပြီး၊လိုအပ်တဲ့အခါမှာ ကျွန်တော်ပြောခဲ့ပါတယ်။ကျွန်တော်ဘယ်နေရာပဲရောက်ရောက်သူတို့ရဲ့စွန့်ပစ်ခြင်းမှာရှိနေပါလိမ့်မယ်”

“ဒီကလပ်အတွက် ကျွန်တော့်ရဲ့ချစ်ခင်မှုနဲ့ လေးစားမှုက အလွန်များလွန်းပါတယ်။ဘာကာ က ကျွန်တော့်ကို လိုအပ်တယ်ထင်ရင် သူတို့က ကျွန်တော့်ကို ဖုန်းခေါ်ဆိုဖို့ပဲလိုပါတယ်။ဘယ်နေရာမှာမဆိုကူညီနိုင်မယ်လို့ထင်နေတုန်းပါပဲ”

“ဒါပေမယ့် ဘာကာမှာပိုများပါတယ်။ဘာလို့လဲဆိုရင် သူတို့မှာ အခုရှိနေတဲ့ လူငယ်ကစားသမားတွေရဲ့အရေအတွက်ကြောင့်ပါ”လို့ ဆိုခဲ့တာဖြစ်ပါတယ်။အဲလ်ဗတ်စ် ဟာ ဘရာဇီးလ် အိုလံပစ်အသင်းနဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi






