ဆာလာက ကမ္ဘာ့အကောင်းဆုံးဆို တပတ်ပေါင်ငါးသိန်းပေးလို့ အေးဂျင့်တောင်းဆို

လီဗာပူးလ် အသင်းတိုက်စစ်ကစားသမား ဆာလာ ကတော့ ဝက်ဖိုဒ့် ကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အလွန်ကောင်းမွန်တဲ့ သွင်းဂိုးတဂိုးကို သွင်းယူပြသွားခဲ့ပါတယ်။ဆာလာ ရဲ့ဒီရာသီ သွင်းဂိုး(၁၀)ဂိုးမြောက်နဲ့ အတူ လီဗာပူးလ် အသင်းကတော့ ဝက်ဖိုဒ့် အသင်းကို (၅)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဆာလာရဲ့စွမ်းရည်ကောင်းမွန်မှုကြောင့် သူ့ရဲ့ကိုလံဘီယာအေးဂျင့်ကတော့ တိုက်စစ်ကစားသမားအတွက် တပတ်ပေါင်(၅)သိန်းနဲ့ စာချုပ်သစ်အတွက် ဆက်လက်ညှိနှ်ိုင်းလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ဆာလာ ဟာ လီဗာပူးလ် အသင်းရဲ့လူစာရင်းမှာ အရေးပါတဲ့ ကစားသမားတွေထဲက တဦးလည်းဖြစ်ပါတယ်။မေရာသတင်းမှာတော့ ဆာလတ်ရဲ့အေးဂျင့်နဲ့ အသင်းတို့ဟာ အီဂျစ် ကစားသမားရဲ့စာချုပ်သစ်နဲ့ ပတ်သက်ပြီး ကနဦးဆွေးနွေးမှုတွေစတင်ခဲ့ပြီလို့ ဆိုထားတာပါ။

ဆာလာနဲ့ လီဗာပူးလ် တို့ရဲ့လက်ရှိချုပ်ဆိုထားတဲ့ စာချုပ်မှာ တပတ်လုပ်ခပေါင်(၂)သိန်းနဲ့ (၂၀၂၃)နွေရာသီအထိ စာချုပ်သက်တမ်းရှိနေတာလည်းဖြစ်ပါတယ်။

ဆာလာ ဒီရာသီမှာ ပြသနေတဲ့ခြေစွမ်းကြောင့် ကလောပ့် ကိုယ်တိုင်က သူ့ရဲ့ကစားသမားဟာ လက်ရှိအချိန်မှာ ရော်နယ်ဒို၊မက်ဆီ တို့ထက်ပိုကောင်းတယ်လို့ ပြောဆိုထားတာဖြစ်ပါတယ်။ဆာလာ ဟာ ဒီပွဲမှာ ဝက်ဖိုဒ့် ကစားသမားတွေဖြစ်တဲ့ ဂျုအန်ဟာနန်ဒတ်စ်၊ကူကာနဲ့ ကတ်ကာ့တ် ကို ကျော်ဖြတ်ပြီး လှပတဲ့ဂိုးကိုသွင်းယူခဲ့တာပါ။

ဆာလာ ရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ကလောပ့်က “ဒီနေ့ပွဲမှာ သူ့ရဲ့စွမ်းဆောင်ရည်ဟာ အလွန်ကောင်းမွန်ခဲ့ပါတယ်။ပထမဂိုးအတွက် ပေးပို့မှုဟာ ကောင်းမွန်ခဲ့ပြီး ဒုတိယဂိုးကတော့ အထူးကောင်းမွန်ခဲ့ပါတယ်။သူဟာ ထိပ်တန်းကစားသမားပါ။ဒါကို ကျွန်တော်တို့ အားလုံးမြင်ပါတယ်”

“သူ့ထက်ဘယ်သူပိုကောင်းလဲ?ကမ္ဘာ့ဘောလုံးလောကနဲ့ သူတို့ရဲ့ကြီးမားလွှမ်းမိုးမှုအတွက် သူတို့ဘာတွေလုပ်ခဲ့လဲဆိုတာပြောစရာကိုမလိုပါဘူး။ဒါပေမယ့် အခုအချိန်မှာတော့ ဆာလာ က အကောင်းဆုံးပါပဲ”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ် ကစားသမားဟောင်း မက်နာမန် က ‌ဆာလာ လက်ရှိခြေစွမ်းဟာ ဘတ်ပီ၊နေမာနဲ့ လီဝန်ဒေါစကီး တို့ရဲ့အထက်မှာ ရှိနေတယ်လို့ ချီးကျုးသွားခဲ့ပါတယ်။

Zawgyi

လီဗာပူးလ္ အသင္းတိုက္စစ္ကစားသမား ဆာလာ ကေတာ့ ဝက္ဖိုဒ့္ ကို အနိုင္ရခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ အလြန္ေကာင္းမြန္တဲ့ သြင္းဂိုးတဂိုးကို သြင္းယူျပသြားခဲ့ပါတယ္။ဆာလာ ရဲ့ဒီရာသီ သြင္းဂိုး(၁၀)ဂိုးေျမာက္နဲ႔ အတူ လီဗာပူးလ္ အသင္းကေတာ့ ဝက္ဖိုဒ့္ အသင္းကို (၅)ဂိုး-ဂိုးမရွိနဲ႔ အနိုင္ရခဲ့တာျဖစ္ပါတယ္။

ဆာလာရဲ့စြမ္းရည္ေကာင္းမြန္မႈေၾကာင့္ သူ႔ရဲ့ကိုလံဘီယာေအးဂ်င့္ကေတာ့ တိုက္စစ္ကစားသမားအတြက္ တပတ္ေပါင္(၅)သိန္းနဲ႔ စာခ်ဳပ္သစ္အတြက္ ဆက္လက္ညႇိႏွ္ိုင္းလိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

ဆာလာ ဟာ လီဗာပူးလ္ အသင္းရဲ့လူစာရင္းမွာ အေရးပါတဲ့ ကစားသမားေတြထဲက တဦးလည္းျဖစ္ပါတယ္။ေမရာသတင္းမွာေတာ့ ဆာလတ္ရဲ့ေအးဂ်င့္နဲ႔ အသင္းတို႔ဟာ အီဂ်စ္ ကစားသမားရဲ့စာခ်ဳပ္သစ္နဲ႔ ပတ္သက္ၿပီး ကနဦးေဆြးေႏြးမႈေတြစတင္ခဲ့ၿပီလို႔ ဆိုထားတာပါ။

ဆာလာနဲ႔ လီဗာပူးလ္ တို႔ရဲ့လက္ရွိခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္မွာ တပတ္လုပ္ခေပါင္(၂)သိန္းနဲ႔ (၂၀၂၃)ေႏြရာသီအထိ စာခ်ဳပ္သက္တမ္းရွိေနတာလည္းျဖစ္ပါတယ္။

ဆာလာ ဒီရာသီမွာ ျပသေနတဲ့ေျခစြမ္းေၾကာင့္ ကေလာပ့္ ကိုယ္တိုင္က သူ႔ရဲ့ကစားသမားဟာ လက္ရွိအခ်ိန္မွာ ေရာ္နယ္ဒို၊မက္ဆီ တို႔ထက္ပိုေကာင္းတယ္လို႔ ေျပာဆိုထားတာျဖစ္ပါတယ္။ဆာလာ ဟာ ဒီပြဲမွာ ဝက္ဖိုဒ့္ ကစားသမားေတြျဖစ္တဲ့ ဂ်ဳအန္ဟာနန္ဒတ္စ္၊ကူကာနဲ႔ ကတ္ကာ့တ္ ကို ေက်ာ္ျဖတ္ၿပီး လွပတဲ့ဂိုးကိုသြင္းယူခဲ့တာပါ။

ဆာလာ ရဲ့စြမ္းေဆာင္ရည္နဲ႔ ပတ္သက္ၿပီး ကေလာပ့္က “ဒီေန႔ပြဲမွာ သူ႔ရဲ့စြမ္းေဆာင္ရည္ဟာ အလြန္ေကာင္းမြန္ခဲ့ပါတယ္။ပထမဂိုးအတြက္ ေပးပို႔မႈဟာ ေကာင္းမြန္ခဲ့ၿပီး ဒုတိယဂိုးကေတာ့ အထူးေကာင္းမြန္ခဲ့ပါတယ္။သူဟာ ထိပ္တန္းကစားသမားပါ။ဒါကို ကၽြန္ေတာ္တို႔ အားလုံးျမင္ပါတယ္”

“သူ႔ထက္ဘယ္သူပိုေကာင္းလဲ?ကမၻာ့ေဘာလုံးေလာကနဲ႔ သူတို႔ရဲ့ႀကီးမားလႊမ္းမိုးမႈအတြက္ သူတို႔ဘာေတြလုပ္ခဲ့လဲဆိုတာေျပာစရာကိုမလိုပါဘူး။ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ ဆာလာ က အေကာင္းဆုံးပါပဲ”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ ကစားသမားေဟာင္း မက္နာမန္ က ‌ဆာလာ လက္ရွိေျခစြမ္းဟာ ဘတ္ပီ၊ေနမာနဲ႔ လီဝန္ေဒါစကီး တို႔ရဲ့အထက္မွာ ရွိေနတယ္လို႔ ခ်ီးက်ဳးသြားခဲ့ပါတယ္။