လက်စတာကိုရှုံးအပြီး ဆိုးလ်ရှားကိုပါ ဒဲ့ဖိုက်လိုက်တဲ့ ပေါ့ဂ်ဘာ

ပေါ့ဂ်ဘာ ကတော့ လက်စတာ အသင်းကို အရေးနိမ့်ခဲ့လို့ စိတ်ပျက်နေပြီး မန်ချက်စတာယူနိုက်တက် အသင်း ရှုံးနိမ့်ဖို့ ထိုက်တန်တယ်လို့ ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ အခုနှစ်ရာသီအစကို ကောင်းမွန်စွာစတင်နိုင်ခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ (၃)ပွဲလုံး နိုင်ပွဲပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ လက်စတာ အသင်းကို (၄)ဂိုး-(၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ အမှတ်ပေးဇယား အဆင့်(၅)နေရာကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ပေါ့ဂ်ဘာ က အသင်းဟာ ‌အပြောင်းအလဲတွေပြုလုပ်ဖို့ လိုအပ်နေပြီလို့ ဆိုသွားခဲ့တာပါ။

ပေါ့ဘာ က “ရိုးရိုးသားသားပြောရရင် ကျွန်တော်တို့ ဟာ ဒီလိုမျိုးတွေဖြစ်နေတာကြာနေပါပြီ။ကျွန်တော်တို့ ဟာ ဂိုးတွေကို ခပ်လွယ်လွယ်ပဲခွင့်ပြုနေရပါတယ်။ဒါကို ကျွန်တော်တို့ အဖြေမရှာနိုင်သေးပါဘူး”

“ကျွန်တော်တို့ ဟာ ပိုရင့်ကျက်ဖို့၊ အတွေ့အကြုံတွေနဲ့ ပိုပြီးကစားဖို့၊မာမာထန်ထန် ကစားတာဟာ ကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပါတယ်။ကျွန်တော်တို့ ဟာ တခုခုကို ရှာဖွေဖို့လိုသလို ပြောင်းလဲဖို့လည်းလိုအပ်နေပါပြီ”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီရှုံးပွဲကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အဝေးကွင်းမှာ (၂၉)ပွဲဆက် ရှုံးပွဲမရှိဆိုတဲ့ စံချိန်မှတ်တမ်းဟာလည်း ကျိုးပျက်သွားခဲ့ရတာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ လက်စတာ အသင်းကို အရေးနိမ့်အပြီးမှာ အတ္တလန်တာ နဲ့ ချန်ပီယံလိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒါပြီးရင် လီဗာပူးလ်၊စပါး စတဲ့ ပွဲကြီးပွဲကောင်းတွေနဲ့ ဆက်လက်ယှဉ်ပြိုင်ရဦးမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ ‌ဆိုးလ်ရှား အတွက်တော့ လက်ရှိရလဒ်တွေဟာ သူ့အပေါ်အနည်းနဲ့ အများတော့ အကျိုးသက်ရောက်မှုရှိနေတာဖြစ်ပြီး အသင်းပရိသတ်တွေကတော့ နည်းပြ အပြောင်းအလဲပြုလုပ်ဖို့ တောင်းဆိုမှုတွေတောင်ရှိနေကြပြီဖြစ်ပါတယ်။

ဆိုးလ်ရှား အနေနဲ့ အသင်းဘုတ်အဖွဲ့ရဲ့‌ ထောက်ခံမှုကို ရရှိထားပေမယ့် ရလဒ်ပိုင်းတွေတိုးတက်မှုမရှိဘူးဆိုရင်တော့ နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။

Zawgyi

ေပါ့ဂ္ဘာ ကေတာ့ လက္စတာ အသင္းကို အေရးနိမ့္ခဲ့လို႔ စိတ္ပ်က္ေနၿပီး မန္ခ်က္စတာယူနိုက္တက္ အသင္း ရႈံးနိမ့္ဖို႔ ထိုက္တန္တယ္လို႔ ပြဲအၿပီးမွာ ေျပာသြားခဲ့ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ အခုႏွစ္ရာသီအစကို ေကာင္းမြန္စြာစတင္နိုင္ခဲ့ေပမယ့္ ေနာက္ဆုံးကစားခဲ့တဲ့ (၃)ပြဲလုံး နိုင္ပြဲေပ်ာက္ဆုံးေနခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ လက္စတာ အသင္းကို (၄)ဂိုး-(၂)ဂိုးနဲ႔ အေရးနိမ့္ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ အမွတ္ေပးဇယား အဆင့္(၅)ေနရာကို ေရာက္ရွိသြားခဲ့ၿပီျဖစ္ပါတယ္။ေပါ့ဂ္ဘာ က အသင္းဟာ ‌အေျပာင္းအလဲေတြျပဳလုပ္ဖို႔ လိုအပ္ေနၿပီလို႔ ဆိုသြားခဲ့တာပါ။

ေပါ့ဘာ က “ရိုးရိုးသားသားေျပာရရင္ ကၽြန္ေတာ္တို႔ ဟာ ဒီလိုမ်ိဳးေတြျဖစ္ေနတာၾကာေနပါၿပီ။ကၽြန္ေတာ္တို႔ ဟာ ဂိုးေတြကို ခပ္လြယ္လြယ္ပဲခြင့္ျပဳေနရပါတယ္။ဒါကို ကၽြန္ေတာ္တို႔ အေျဖမရွာနိုင္ေသးပါဘူး”

“ကၽြန္ေတာ္တို႔ ဟာ ပိုရင့္က်က္ဖို႔၊ အေတြ႕အၾကဳံေတြနဲ႔ ပိုၿပီးကစားဖို႔၊မာမာထန္ထန္ ကစားတာဟာ ေကာင္းမြန္တဲ့ နည္းလမ္းျဖစ္ပါတယ္။ကၽြန္ေတာ္တို႔ ဟာ တခုခုကို ရွာေဖြဖို႔လိုသလို ေျပာင္းလဲဖို႔လည္းလိုအပ္ေနပါၿပီ”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဒီရႈံးပြဲေၾကာင့္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ့အေဝးကြင္းမွာ (၂၉)ပြဲဆက္ ရႈံးပြဲမရွိဆိုတဲ့ စံခ်ိန္မွတ္တမ္းဟာလည္း က်ိဳးပ်က္သြားခဲ့ရတာပါ။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ လက္စတာ အသင္းကို အေရးနိမ့္အၿပီးမွာ အတၱလန္တာ နဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ဒါၿပီးရင္ လီဗာပူးလ္၊စပါး စတဲ့ ပြဲႀကီးပြဲေကာင္းေတြနဲ႔ ဆက္လက္ယွဥ္ၿပိဳင္ရဦးမွာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းနည္းၿပ ‌ဆိုးလ္ရွား အတြက္ေတာ့ လက္ရွိရလဒ္ေတြဟာ သူ႔အေပၚအနည္းနဲ႔ အမ်ားေတာ့ အက်ိဳးသက္ေရာက္မႈရွိေနတာျဖစ္ၿပီး အသင္းပရိသတ္ေတြကေတာ့ နည္းၿပ အေျပာင္းအလဲျပဳလုပ္ဖို႔ ေတာင္းဆိုမႈေတြေတာင္ရွိေနၾကၿပီျဖစ္ပါတယ္။

ဆိုးလ္ရွား အေနနဲ႔ အသင္းဘုတ္အဖြဲ႕ရဲ့‌ ေထာက္ခံမႈကို ရရွိထားေပမယ့္ ရလဒ္ပိုင္းေတြတိုးတက္မႈမရွိဘူးဆိုရင္ေတာ့ နည္းျပရာထူးကေန ထုတ္ပယ္ခံရဖြယ္ရွိေနတာလည္းျဖစ္ပါတယ္။