ဟယ်ရီပေါ်တာလို မှော်အစွမ်းရှိမှပဲ တရုတ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲပို့‌တော့လို့ဆိုတဲ့ ဝမ်

တရုတ်ဘောလုံးလောကရဲ့ပြသနာဟာ အတွင်းထဲထိ အလွန်နက်ရှိုင်းစွာအမြစ်တွယ်နေတဲ့ အတွက် ကမ္ဘာ့အကောင်းဆုံးနည်းပြတွေက လာကိုင်ရင်တောင်မှပဲ မှော်တုတ်တံမပါဘဲ ကမ္ဘာ့ဖလားကို ရောက်အောင်ပို့နိုင်မှာမဟုတ်ဘူးလို့ လက်ရွေးစင်ကစားသမားဟောင်း Wang Xiaolong က ဆိုလိုက်ပါတယ်။

တရုတ်အသင်းဟာ (၂၀၀၂) နောက်ပိုင်း ပထမဆုံးကမ္ဘာ့ဖလားဝင်ခွင့်ရဖို့ မျှော်လင့်ချက်နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)တတိယအဆင့်အုပ်စုပွဲစဉ်တွေကို ဝင်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။တရုတ်အသင်းဟာ အုပ်စုတွင်း(၄)ပွဲကစားပြီးချိန်မှာ (၃)ပွဲအရေးနိမ့်ထားပြီး (၁)ပွဲသာအနိုင်ရထားတာပါ။

လက်ရှိအချိန်မှာ တရုတ်အသင်းကို လီတိုင်းက ကိုင်တွယ်နေတာဖြစ်ပါတယ်။လီတိုင်း ဟာ နာမည်ကျော်နည်းပြကြီး မာဆယ်လိုလစ်ပီရဲ့နေရာမှာ အစားထိုးကိုင်တွယ်ခဲ့တာပါ။အီတလီလူမျိုးနည်းပြလက်ထက်ကလည်း တရုတ်အသင်းဟာ (၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲခြေစစ်ပွဲအောင်မြင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

Wang က “သူတို့က သူတို့ကိုယ်သူတို့ ဟယ်ရီပေါ်တာအဖြစ် ပြောင်းပြီး မှော်အစွမ်းနဲ့ ဝှေ့ယမ်းကာ တရုတ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲကို ခေါ်ဆောင်သွားနိုင်မလားဆိုတာကို ကြည့်ဖို့ အလွန်စိတ်အားထက်သန်နေပါတယ်”

“ကျွန်တော်တို့တရုတ်ကစားသမားတွေဟာ နိုင်ငံခြားသားကစားတွေနဲ့ ပွဲအပေါ်မှာ နားလည်မှုခြင်းယှဉ်လိုက်မယ်ဆိုရင် လမ်းဘေးမှာ ကစားတဲ့ အခြေအ‌နေမှာပဲရှိပါတယ်။တရုတ်အသင်းကို ကိုင်တွယ်ဖို့ နာမည်ကျော်ပြည်ပနည်းပြတွေရောက်ရှိလာကြပါတယ်”

“သူတို့ဟာ အပေါင်းလက္ခဏာဆောင်တဲ့ ပြောင်းလဲမှုတွေမပြုလုပ်နိုင်ဘဲ စိတ်ပျက်လက်ပျက်နဲ့ဘဲ အသင်းကို ကိုင်တွယ်ပြီး ထွက်ခွာသွားကြပါတယ်။ကျွန်တော်တို့ တရုတ်စူပါလိဂ်မှာ နာမည်ကြီးပြည်ပကစားသမားအချို့လာကစားခဲ့ကြတယ်”

“သူများစောဒကတက်တဲ့အရာအများစုက တရုတ်ကစားသမားတွေဟာ နည်းစနစ်ပိုင်းနဲ့ နည်းဗျုဟာပိုင်းဆိုင်ရာမှာ အသိအမြင်အားနည်းလွန်းတယ်လို့ ပြောကြပါတယ်။နိုင်ငံခြားသားနည်းပြတွေဟာ နည်းဗျုဟာပိုင်းတွေကို အလွန်တန်ဖိုးထားကြပါတယ်”

“သူတို့ဟာ ခေါင်းတွေကို ခါယမ်းနေကြပြီး ကွင်းဘေးကနေ ပြုံးရယ်နေတာကို ကျွန်တော်တို့ မကြာခဏတွေ့ခဲ့ရတယ်”လို့ စင်ဟွာသတင်းဌာနနဲ့ အင်တာဗျုးမှာဆိုခဲ့တာဖြစ်ပါတယ်။

Zawgyi

တ႐ုတ္ေဘာလုံးေလာကရဲ့ျပသနာဟာ အတြင္းထဲထိ အလြန္နက္ရွိုင္းစြာအျမစ္တြယ္ေနတဲ့ အတြက္ ကမၻာ့အေကာင္းဆုံးနည္းျပေတြက လာကိုင္ရင္ေတာင္မွပဲ ေမွာ္တုတ္တံမပါဘဲ ကမၻာ့ဖလားကို ေရာက္ေအာင္ပို႔နိုင္မွာမဟုတ္ဘူးလို႔ လက္ေရြးစင္ကစားသမားေဟာင္း Wang Xiaolong က ဆိုလိုက္ပါတယ္။

တ႐ုတ္အသင္းဟာ (၂၀၀၂) ေနာက္ပိုင္း ပထမဆုံးကမၻာ့ဖလားဝင္ခြင့္ရဖို႔ ေမၽွာ္လင့္ခ်က္နဲ႔ ကမၻာ့ဖလားေျခစစ္ပြဲ(အာရွဇုန္)တတိယအဆင့္အုပ္စုပြဲစဥ္ေတြကို ဝင္ေရာက္ယွဥ္ၿပိဳင္ေနတာျဖစ္ပါတယ္။တ႐ုတ္အသင္းဟာ အုပ္စုတြင္း(၄)ပြဲကစားၿပီးခ်ိန္မွာ (၃)ပြဲအေရးနိမ့္ထားၿပီး (၁)ပြဲသာအနိုင္ရထားတာပါ။

လက္ရွိအခ်ိန္မွာ တ႐ုတ္အသင္းကို လီတိုင္းက ကိုင္တြယ္ေနတာျဖစ္ပါတယ္။လီတိုင္း ဟာ နာမည္ေက်ာ္နည္းျပႀကီး မာဆယ္လိုလစ္ပီရဲ့ေနရာမွာ အစားထိုးကိုင္တြယ္ခဲ့တာပါ။အီတလီလူမ်ိဳးနည္းျပလက္ထက္ကလည္း တ႐ုတ္အသင္းဟာ (၂၀၁၈) ကမၻာ့ဖလားၿပိဳင္ပြဲေျခစစ္ပြဲေအာင္ျမင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

Wang က “သူတို႔က သူတို႔ကိုယ္သူတို႔ ဟယ္ရီေပၚတာအျဖစ္ ေျပာင္းၿပီး ေမွာ္အစြမ္းနဲ႔ ေဝွ႕ယမ္းကာ တ႐ုတ္ကို ကမၻာ့ဖလားၿပိဳင္ပြဲကို ေခၚေဆာင္သြားနိုင္မလားဆိုတာကို ၾကည့္ဖို႔ အလြန္စိတ္အားထက္သန္ေနပါတယ္”

“ကၽြန္ေတာ္တို႔တ႐ုတ္ကစားသမားေတြဟာ နိုင္ငံျခားသားကစားေတြနဲ႔ ပြဲအေပၚမွာ နားလည္မႈျခင္းယွဥ္လိုက္မယ္ဆိုရင္ လမ္းေဘးမွာ ကစားတဲ့ အေျခအ‌ေနမွာပဲရွိပါတယ္။တ႐ုတ္အသင္းကို ကိုင္တြယ္ဖို႔ နာမည္ေက်ာ္ျပည္ပနည္းျပေတြေရာက္ရွိလာၾကပါတယ္”

“သူတို႔ဟာ အေပါင္းလကၡဏာေဆာင္တဲ့ ေျပာင္းလဲမႈေတြမျပဳလုပ္နိုင္ဘဲ စိတ္ပ်က္လက္ပ်က္နဲ႔ဘဲ အသင္းကို ကိုင္တြယ္ၿပီး ထြက္ခြာသြားၾကပါတယ္။ကၽြန္ေတာ္တို႔ တ႐ုတ္စူပါလိဂ္မွာ နာမည္ႀကီးျပည္ပကစားသမားအခ်ိဳ႕လာကစားခဲ့ၾကတယ္”

“သူမ်ားေစာဒကတက္တဲ့အရာအမ်ားစုက တ႐ုတ္ကစားသမားေတြဟာ နည္းစနစ္ပိုင္းနဲ႔ နည္းဗ်ဳဟာပိုင္းဆိုင္ရာမွာ အသိအျမင္အားနည္းလြန္းတယ္လို႔ ေျပာၾကပါတယ္။နိုင္ငံျခားသားနည္းျပေတြဟာ နည္းဗ်ဳဟာပိုင္းေတြကို အလြန္တန္ဖိုးထားၾကပါတယ္”

“သူတို႔ဟာ ေခါင္းေတြကို ခါယမ္းေနၾကၿပီး ကြင္းေဘးကေန ျပဳံးရယ္ေနတာကို ကၽြန္ေတာ္တို႔ မၾကာခဏေတြ႕ခဲ့ရတယ္”လို႔ စင္ဟြာသတင္းဌာနနဲ႔ အင္တာဗ်ဳးမွာဆိုခဲ့တာျဖစ္ပါတယ္။