မန်ဒီကို ဘောလွန်းဒီအောစာရင်းကနေ ချန်လှပ်ခဲ့လို့ မေးခွန်းထုတ်နေကြတဲ့ ကစားသမားတွေ

ပြီးခဲ့တဲ့နှစ်ရာသီက ရီးနတ်စ် အသင်းကနေ ချယ်လ်ဆီး အသင်းကို ရောက်ရှိလာခဲ့တဲ့ မန်ဒီ ကတော့ ရောက်ရောက်ချင်းမှာပဲ ကီပါ ဆီကနေ ချယ်လ်ဆီး အသင်းရဲ့နံပတ်(၁)ဂိုးသမားနေရာကို အရယူနိုင်ခဲ့တာဖြစ်ပါတယ်။

လမ်းပတ်လက်ထက်ကနေ တူချယ်လက်ထက်အထိ မန်ဒီရဲ့လက်စွမ်းဟာ မပြောင်းလဲခဲ့ဘဲ အသင်းအတွက် အကောင်းဆုံးလက်စွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီး အသင်း ချန်ပီယံလိဂ်ဖလားကို ရယူရာမှာ မန်ဒီရဲ့လက်စွမ်းတွေက အဓိက ကျခဲ့တာလည်းဖြစ်ပါတယ်။

မန်ဒီဟာ ဒီလိုလက်စွမ်းပြသနိုင်ခဲ့လို့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့အကောင်းဆုံးဂိုးသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။မန်ဒီဟာ ဒီရာသီမှာလည်း ချယ်လ်ဆီး အတွက် ဂိုးမပေးရအောင် အကောင်းဆုံးလက်စွမ်းတွေကို ထပ်မံပြသနေခဲ့တာပါ။

မနေ့က ကစားခဲ့တဲ့ ဘရန်ဖိုဒ့်နဲ့ ပွဲစဉ်မှာဆိုရင် မန်ဒီရဲ့လက်စွမ်းပြ ကာကွယ်မှုတွေကြောင့် ချယ်လ်‌ဆီး အသင်းအနိုင်ရခဲ့တာဖြစ်ပါတယ်။မန်ဒီ ဟာ ဒီပွဲမှာ ဘရန်ဖိုဒ့် အသင်းရဲ့အပိုင်ကန်သွင်းမှု(၆)ကြိမ်ကို ဂိုးမပေးရအောင် လက်စွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ဒီ ဟာ ဒီလိုလက်စွမ်းတွေပြသနေပေမယ့် အခုနှစ်အတွက် ထုတ်ပြန်တဲ့ ဘောလွန်းဒီအောဆန်ကာတင်(၃၀)ဦးစာရင်းမှာ အံအားသင့်ဖွယ်မပါဝင်ခဲ့တာဖြစ်ပါတယ်။ဒီစာရင်းထဲမှာ ဂိုးသမားဆိုလို့ ပီအက်စ်ဂျီနဲ့ အီတလီ ဂိုးသမား ဒွန်နာရမ်မာ တဦးတည်းသာပါဝင်ခဲ့တာဖြစ်ပါတယ်။

မန်ဒီ ဒီလို ဘောလွန်းဒီအောစာရင်းထဲမှာ မပါဝင်ခဲ့တာနဲ့ ပတ်သက်ပြီး မာနေးက ဒါဟာ လက်ခံနိုင်ဖွယ်မရှိတဲ့ လုပ်ရပ်ဆိုပြီး ပြောဆိုထားသလို ကူလီဘာလီကလည်း ဒီလိုစာရင်းထဲဝင်ဖို့ အများကြီးလုပ်ဆောင်ပြမှရမှာလားလို့ ဆိုခဲ့ပါတယ်။

ချယ်လ်ဆီး အသင်းနောက်ခံလူ ရူဒီဂါကတော့ မန်ဒီကို ဘောလုံးဒီအောဆန်ကာတင်စာရင်းထဲမှာ ဘာကြောင့် ‌မရွေးလဲ‌ဆိုတာကို တစုံတဦးလောက်ရှင်းပြပါလို့ ရေးသားခဲ့ပါတယ်။သီယာဂို ဆေးလ်ဗားကလည်း ချန်ပီယံလိဂ်ရ ဂိုးသမားကို ဘာကြောင့် ချန်လှပ်ခဲ့တာလည်းလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

မန်ဒီ ရဲ့လက်စွမ်းကတော့ သူတို့ပြောခဲ့သလိုပဲ အခုနှစ်အတွက် ဘောလွန်းဒီအောဆန်ကာတင်စာရင်းမှာ ပါဝင်ဖို့ ထိုက်တန်မှုရှိတယ်ဆိုတာတော့ အသေအချာပဲဖြစ်ပါတယ်။

Zawgyi

ၿပီးခဲ့တဲ့ႏွစ္ရာသီက ရီးနတ္စ္ အသင္းကေန ခ်ယ္လ္ဆီး အသင္းကို ေရာက္ရွိလာခဲ့တဲ့ မန္ဒီ ကေတာ့ ေရာက္ေရာက္ခ်င္းမွာပဲ ကီပါ ဆီကေန ခ်ယ္လ္ဆီး အသင္းရဲ့နံပတ္(၁)ဂိုးသမားေနရာကို အရယူနိုင္ခဲ့တာျဖစ္ပါတယ္။

လမ္းပတ္လက္ထက္ကေန တူခ်ယ္လက္ထက္အထိ မန္ဒီရဲ့လက္စြမ္းဟာ မေျပာင္းလဲခဲ့ဘဲ အသင္းအတြက္ အေကာင္းဆုံးလက္စြမ္းျပနိုင္ခဲ့တာျဖစ္ပါတယ္။ၿပီးခဲ့တဲ့ရာသီက ခ်ယ္လ္ဆီး အသင္း ခ်န္ပီယံလိဂ္ဖလားကို ရယူရာမွာ မန္ဒီရဲ့လက္စြမ္းေတြက အဓိက က်ခဲ့တာလည္းျဖစ္ပါတယ္။

မန္ဒီဟာ ဒီလိုလက္စြမ္းျပသနိုင္ခဲ့လို႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ့အေကာင္းဆုံးဂိုးသမားအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။မန္ဒီဟာ ဒီရာသီမွာလည္း ခ်ယ္လ္ဆီး အတြက္ ဂိုးမေပးရေအာင္ အေကာင္းဆုံးလက္စြမ္းေတြကို ထပ္မံျပသေနခဲ့တာပါ။

မေန႔က ကစားခဲ့တဲ့ ဘရန္ဖိုဒ့္နဲ႔ ပြဲစဥ္မွာဆိုရင္ မန္ဒီရဲ့လက္စြမ္းၿပ ကာကြယ္မႈေတြေၾကာင့္ ခ်ယ္လ္‌ဆီး အသင္းအနိုင္ရခဲ့တာျဖစ္ပါတယ္။မန္ဒီ ဟာ ဒီပြဲမွာ ဘရန္ဖိုဒ့္ အသင္းရဲ့အပိုင္ကန္သြင္းမႈ(၆)ႀကိမ္ကို ဂိုးမေပးရေအာင္ လက္စြမ္းျပနိုင္ခဲ့တာျဖစ္ပါတယ္။

မန္ဒီ ဟာ ဒီလိုလက္စြမ္းေတြျပသေနေပမယ့္ အခုႏွစ္အတြက္ ထုတ္ျပန္တဲ့ ေဘာလြန္းဒီေအာဆန္ကာတင္(၃၀)ဦးစာရင္းမွာ အံအားသင့္ဖြယ္မပါဝင္ခဲ့တာျဖစ္ပါတယ္။ဒီစာရင္းထဲမွာ ဂိုးသမားဆိုလို႔ ပီအက္စ္ဂ်ီနဲ႔ အီတလီ ဂိုးသမား ဒြန္နာရမ္မာ တဦးတည္းသာပါဝင္ခဲ့တာျဖစ္ပါတယ္။

မန္ဒီ ဒီလို ေဘာလြန္းဒီေအာစာရင္းထဲမွာ မပါဝင္ခဲ့တာနဲ႔ ပတ္သက္ၿပီး မာေနးက ဒါဟာ လက္ခံနိုင္ဖြယ္မရွိတဲ့ လုပ္ရပ္ဆိုၿပီး ေျပာဆိုထားသလို ကူလီဘာလီကလည္း ဒီလိုစာရင္းထဲဝင္ဖို႔ အမ်ားႀကီးလုပ္ေဆာင္ျပမွရမွာလားလို႔ ဆိုခဲ့ပါတယ္။

ခ်ယ္လ္ဆီး အသင္းေနာက္ခံလူ ႐ူဒီဂါကေတာ့ မန္ဒီကို ေဘာလုံးဒီေအာဆန္ကာတင္စာရင္းထဲမွာ ဘာေၾကာင့္ ‌မေရြးလဲ‌ဆိုတာကို တစုံတဦးေလာက္ရွင္းျပပါလို႔ ေရးသားခဲ့ပါတယ္။သီယာဂို ေဆးလ္ဗားကလည္း ခ်န္ပီယံလိဂ္ရ ဂိုးသမားကို ဘာေၾကာင့္ ခ်န္လွပ္ခဲ့တာလည္းလို႔ ေမးခြန္းထုတ္ခဲ့ပါတယ္။

မန္ဒီ ရဲ့လက္စြမ္းကေတာ့ သူတို႔ေျပာခဲ့သလိုပဲ အခုႏွစ္အတြက္ ေဘာလြန္းဒီေအာဆန္ကာတင္စာရင္းမွာ ပါဝင္ဖို႔ ထိုက္တန္မႈရွိတယ္ဆိုတာေတာ့ အေသအခ်ာပဲျဖစ္ပါတယ္။