ဘောလွန်းဒီအောအတွက် ဆိုးရွားတဲ့ သတင်းစကားကို ရရှိခဲ့တဲ့ မက်ဆီ

အခုနှစ်အတွက် ဘောလွန်းဒီအောဆု ဆန်ကာတင်ကစားသမား(၃၀)ဦးစာရင်း ထွက်ပေါ်လာခဲ့ပြီဖြစ်ရာ မက်ဆီ ကတော့ ဒီဆုကို ရရှိဖို့ ပုံမှန်အတိုင်းရေပန်းစားနေခဲ့တာလည်းဖြစ်ပါတယ်။အခုနှစ်အတွက် ပေးအပ်မယ့်ဒီဆုကို မက်ဆီအပြင် လီဝန်ဒေါစကီး၊ဂျော်ဂျင်ဟိုနဲ့ ဘန်ဇီမာ တို့ကလည်းရေပန်းစားနေတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းတိုက်စစ်ကစားသမားဟောင်းကတော့ မက်ဆီ ဟာ အခုနှစ်အတွက် ချီးမြှင့်မယ့် ဒီဆုကိုရဖို့မထိုက်တန်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ဘောလွန်းဒီအောဆုကို(၆)ကြိမ်မြောက်ရထားတဲ့ မက်ဆီဟာ (၇)ကြိမ်မြောက်ရယူနိုင်ဖို့ ရေပန်းစားနေခဲ့တာပါ။

မက်ဆီ ဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာ အသင်းနဲ့ အတူ ဥရောပမှာ အောင်မြင်မှုရယူနိုင်ခဲ့ခြင်းမရှိပေမယ့် လာလီဂါပြိုင်ပွဲမှာ ဂိုးသွင်းဘုရင်ဖြစ်ခဲ့ပါတယ်။ဒါပေမယ့် မက်ဆီ ဟာ အာဂျင်တီးနား အသင်းနဲ့ အတူ ကိုပါအမေရိကဖလားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါဟာ မက်ဆီ အတွက်တော့ လက်ရွေးစင်ကစားသမားဘဝ ပထမဆုံးဆုဖလားဖြစ်ခဲ့ပြီး အလွန်ကောင်းမွန်တဲ့ ခံစားမှုဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမယ့် ဘိုင်ယန်မြူးနစ် တိုက်စစ်မှုးဟောင်း ဝက်ဂ်နာ ကတော့ ဘောလွန်းဒီအောရဖို့ မက်ဆီ ဘာကြောင့်ရေပန်းစားလည်းဆိုတာ သူနားမလည်ဘူးလို့ ပြောခဲ့ပါတယ်။

ဝက်ဂ်နာ က မက်ဆီဟာ ဘောလွန်းဒီအောဆုကို ရရှိဖို့ သုညရာခိုင်နှုန်းပဲ ရှိတယ်လို့ ဝက်ဂ်နာ က ပြောခဲ့တာပါ။ဒါ့အပြင် မက်ဆီ ဟာ ဒီ‌ဆုကို ရဖို့ မထိုက်တန်ဘူးလို့လည်း ပြောခဲ့တာဖြစ်ပါတယ်။

ဝက်ဂ်နာ က “မက်ဆီ ဟာ ဘောလွန်းဒီအောဆုနဲ့ မထိုက်တန်ပါဘူး။ဒီနှစ်က ကျွန်တော့်အတွက်တော့ ရှင်းပါတယ်။ချီလီနီ တို့ လီဝန်ဒေါစကီး တို့ပါပဲ။မက်ဆီ ကတော့ အခြားတဖက်မှာ သုညရာခိုင်နှုန်းပဲရှိပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

မက်ဆီ နဲ့ အပြိုင်ရေပန်းစားနေတဲ့ လီဝန်ဒေါစကီး ဟာ ပြီးခဲ့တဲ့နှစ်က ဆုပေးပွဲမကျင်းပလို့ နစ်နာခဲ့ရတာဖြစ်ပြီး ဒီနှစ်မှာ ဆုရဖို့ ထိုက်တန်တယ်လို့ သုံးသပ်နေကြသလို ဂျော်ဂျင်ဟို ကလည်း ချန်ပီယံလိဂ်နဲ့ ယူရိုဖလားတို့ကို ကိုင်မြှောက်နိုင်ခဲ့တာကြောင့် ရေပန်းစားနေခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi

အခုႏွစ္အတြက္ ေဘာလြန္းဒီေအာဆု ဆန္ကာတင္ကစားသမား(၃၀)ဦးစာရင္း ထြက္ေပၚလာခဲ့ၿပီျဖစ္ရာ မက္ဆီ ကေတာ့ ဒီဆုကို ရရွိဖို႔ ပုံမွန္အတိုင္းေရပန္းစားေနခဲ့တာလည္းျဖစ္ပါတယ္။အခုႏွစ္အတြက္ ေပးအပ္မယ့္ဒီဆုကို မက္ဆီအျပင္ လီဝန္ေဒါစကီး၊ေဂ်ာ္ဂ်င္ဟိုနဲ႔ ဘန္ဇီမာ တို႔ကလည္းေရပန္းစားေနတာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ အသင္းတိုက္စစ္ကစားသမားေဟာင္းကေတာ့ မက္ဆီ ဟာ အခုႏွစ္အတြက္ ခ်ီးျမႇင့္မယ့္ ဒီဆုကိုရဖို႔မထိုက္တန္ဘူးလို႔ ေျပာဆိုလိုက္ပါတယ္။ေဘာလြန္းဒီေအာဆုကို(၆)ႀကိမ္ေျမာက္ရထားတဲ့ မက္ဆီဟာ (၇)ႀကိမ္ေျမာက္ရယူနိုင္ဖို႔ ေရပန္းစားေနခဲ့တာပါ။

မက္ဆီ ဟာ ၿပီးခဲ့တဲ့ရာသီက ဘာစီလိုနာ အသင္းနဲ႔ အတူ ဥေရာပမွာ ေအာင္ျမင္မႈရယူနိုင္ခဲ့ျခင္းမရွိေပမယ့္ လာလီဂါၿပိဳင္ပြဲမွာ ဂိုးသြင္းဘုရင္ျဖစ္ခဲ့ပါတယ္။ဒါေပမယ့္ မက္ဆီ ဟာ အာဂ်င္တီးနား အသင္းနဲ႔ အတူ ကိုပါအေမရိကဖလားကို ရယူနိုင္ခဲ့တာျဖစ္ပါတယ္။

ဒါဟာ မက္ဆီ အတြက္ေတာ့ လက္ေရြးစင္ကစားသမားဘဝ ပထမဆုံးဆုဖလားျဖစ္ခဲ့ၿပီး အလြန္ေကာင္းမြန္တဲ့ ခံစားမႈျဖစ္ခဲ့တာလည္းျဖစ္ပါတယ္။ဒါေပမယ့္ ဘိုင္ယန္ျမဴးနစ္ တိုက္စစ္မႈးေဟာင္း ဝက္ဂ္နာ ကေတာ့ ေဘာလြန္းဒီေအာရဖို႔ မက္ဆီ ဘာေၾကာင့္ေရပန္းစားလည္းဆိုတာ သူနားမလည္ဘူးလို႔ ေျပာခဲ့ပါတယ္။

ဝက္ဂ္နာ က မက္ဆီဟာ ေဘာလြန္းဒီေအာဆုကို ရရွိဖို႔ သုညရာခိုင္ႏႈန္းပဲ ရွိတယ္လို႔ ဝက္ဂ္နာ က ေျပာခဲ့တာပါ။ဒါ့အျပင္ မက္ဆီ ဟာ ဒီ‌ဆုကို ရဖို႔ မထိုက္တန္ဘူးလို႔လည္း ေျပာခဲ့တာျဖစ္ပါတယ္။

ဝက္ဂ္နာ က “မက္ဆီ ဟာ ေဘာလြန္းဒီေအာဆုနဲ႔ မထိုက္တန္ပါဘူး။ဒီႏွစ္က ကၽြန္ေတာ့္အတြက္ေတာ့ ရွင္းပါတယ္။ခ်ီလီနီ တို႔ လီဝန္ေဒါစကီး တို႔ပါပဲ။မက္ဆီ ကေတာ့ အျခားတဖက္မွာ သုညရာခိုင္ႏႈန္းပဲရွိပါတယ္”လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

မက္ဆီ နဲ႔ အၿပိဳင္ေရပန္းစားေနတဲ့ လီဝန္ေဒါစကီး ဟာ ၿပီးခဲ့တဲ့ႏွစ္က ဆုေပးပြဲမက်င္းပလို႔ နစ္နာခဲ့ရတာျဖစ္ၿပီး ဒီႏွစ္မွာ ဆုရဖို႔ ထိုက္တန္တယ္လို႔ သုံးသပ္ေနၾကသလို ေဂ်ာ္ဂ်င္ဟို ကလည္း ခ်န္ပီယံလိဂ္နဲ႔ ယူရိုဖလားတို႔ကို ကိုင္ေျမႇာက္နိုင္ခဲ့တာေၾကာင့္ ေရပန္းစားေနခဲ့တာလည္းျဖစ္ပါတယ္။