ဥရောပထိပ်တန်း၅လိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲရနေတဲ့ တသင်းတည်းသောအသင်းဖြစ်တဲ့ နာပိုလီ

နာပိုလီ အသင်းဟာ မနေ့က ကစားခဲ့တဲ့ တိုရီနို အသင်းနဲ့ စီးရီးအေ ပွဲစဉ်မှာ (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် ဥရောပထိပ်တန်း(၅)လိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲရနေတဲ့ တသင်းတည်းသော အသင်းဖြစ်တဲ့ စံချိန်မှတ်တမ်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

နာပိုလီ အသင်းဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၂၆)မိနစ်ထဲက ပင်နယ်တီရခဲ့ပေမယ့် လိုဇာနို ဝင်အောင်မကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။နာပိုလီ အတွက် တလုံးတည်းသောသွင်းဂိုးကို ပွဲချိန်(၈၁)မိနစ်မှာ အိုဆင်ဟမ် က သွင်းယူခဲ့တာဖြစ်ပါတယ်။

အိုဆင်ဟမ် ကတော့ ဒီရာသီ နာပိုလီ အသင်းအတွက် ခြေစွမ်းပြဂိုးတွေသွင်းယူနေတာဖြစ်ပြီး ပြိုင်ပွဲစုံ(၉)ပွဲမှာ (၈)ဂိုးအထိ သွင်းယူထားတာလည်းဖြစ်ပါတယ်။

နာပိုလီ အသင်းဟာ စပယ်လက်တီ ရဲ့လက်ထက်မှာ ခံစစ်နဲ့ တိုက်စစ် ကောင်းမွန်လာခဲ့တာဖြစ်ပြီး အခုလို စီးရီးအေ (၈)ပွဲကစားပြီးချိန်မှာ (၈)ပွဲလုံးရာနှုန်းပြည့်အနိုင်ရထားတာပါ။ဒီအနိုင်ရတဲ့ အသင်းတွေထဲမှာ ဂျုဗင်တပ်စ်နဲ့ ဖီအိုရင်တီးနား တို့လို အသင်းတွေလည်းပါဝင်ခဲ့တာပါ။

နာပိုလီ အသင်းဟာ စီးရီးအေ(၈)ပွဲကစားပြီးချိန်မှာ တိုက်စစ်ပိုင်းက (၁၉)ဂိုးသွင်းယူထားပြီး ခံစစ်က (၃)ဂိုးသာ ပေးခဲ့ရတာလည်းဖြစ်ပါတယ်။နာပိုလီ အသင်းဟာ ဒီတပတ်မှာ ရိုးမားနဲ့ တွေ့ဆုံရမှာဖြစ်လို့ ဒီစံချိန်မှတ်တမ်းကို ဆက်ထိန်းနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေတာလည်းဖြစ်ပါတယ်။

နာပိုလီ အသင်းဟာ စီးရီးအေ ပြိုင်ပွဲမှာတော့ ရာနှုန်းပြည့်နိုင်ပွဲနဲ့ ရလဒ်တွေကောင်းနေပေမယ့် ယူရိုပြိုင်ပွဲမှာတော့ ရုန်းကန်ရဖွယ်ရှိနေတာပါ။နာပိုလီ အသင်းဟာ ယူရိုပါလိဂ်(၂)ပွဲကစားအပြီးမှာ (၁)ပွဲသရေ (၁)ပွဲရှုံးနိမ့်ထားတာဖြစ်ပါတယ်။

နာပိုလီ အသင်းဟာ အခုလာမယ့် ကြားရက်မှာတော့ လီဂီယာ အသင်းနဲ့ ကစားရမှာပါ။နာပိုလီ အသင်းအနေနဲ့ အုပ်စုကနေ နောက်တဆင့်တက်ချင်တယ်ဆိုရင် ဒီပွဲကို အနိုင်ရအောင် ကစားဖို့ လိုအပ်နေတာလည်းဖြစ်ပါတယ်။

Zawgyi

နာပိုလီ အသင္းဟာ မေန႔က ကစားခဲ့တဲ့ တိုရီနို အသင္းနဲ႔ စီးရီးေအ ပြဲစဥ္မွာ (၁)ဂိုး-ဂိုးမရွိနဲ႔ အနိုင္ရၿပီးေနာက္ ဥေရာပထိပ္တန္း(၅)လိဂ္မွာ ရာႏႈန္းျပည့္နိုင္ပြဲရေနတဲ့ တသင္းတည္းေသာ အသင္းျဖစ္တဲ့ စံခ်ိန္မွတ္တမ္းကို ဆက္လက္ထိန္းသိမ္းနိုင္ခဲ့ပါတယ္။

နာပိုလီ အသင္းဟာ ဒီပြဲစဥ္ရဲ့ပြဲခ်ိန္(၂၆)မိနစ္ထဲက ပင္နယ္တီရခဲ့ေပမယ့္ လိုဇာနို ဝင္ေအာင္မကန္သြင္းနိုင္ခဲ့တာျဖစ္ပါတယ္။နာပိုလီ အတြက္ တလုံးတည္းေသာသြင္းဂိုးကို ပြဲခ်ိန္(၈၁)မိနစ္မွာ အိုဆင္ဟမ္ က သြင္းယူခဲ့တာျဖစ္ပါတယ္။

အိုဆင္ဟမ္ ကေတာ့ ဒီရာသီ နာပိုလီ အသင္းအတြက္ ေျခစြမ္းျပဂိုးေတြသြင္းယူေနတာျဖစ္ၿပီး ၿပိဳင္ပြဲစုံ(၉)ပြဲမွာ (၈)ဂိုးအထိ သြင္းယူထားတာလည္းျဖစ္ပါတယ္။

နာပိုလီ အသင္းဟာ စပယ္လက္တီ ရဲ့လက္ထက္မွာ ခံစစ္နဲ႔ တိုက္စစ္ ေကာင္းမြန္လာခဲ့တာျဖစ္ၿပီး အခုလို စီးရီးေအ (၈)ပြဲကစားၿပီးခ်ိန္မွာ (၈)ပြဲလုံးရာႏႈန္းျပည့္အနိုင္ရထားတာပါ။ဒီအနိုင္ရတဲ့ အသင္းေတြထဲမွာ ဂ်ဳဗင္တပ္စ္နဲ႔ ဖီအိုရင္တီးနား တို႔လို အသင္းေတြလည္းပါဝင္ခဲ့တာပါ။

နာပိုလီ အသင္းဟာ စီးရီးေအ(၈)ပြဲကစားၿပီးခ်ိန္မွာ တိုက္စစ္ပိုင္းက (၁၉)ဂိုးသြင္းယူထားၿပီး ခံစစ္က (၃)ဂိုးသာ ေပးခဲ့ရတာလည္းျဖစ္ပါတယ္။နာပိုလီ အသင္းဟာ ဒီတပတ္မွာ ရိုးမားနဲ႔ ေတြ႕ဆုံရမွာျဖစ္လို႔ ဒီစံခ်ိန္မွတ္တမ္းကို ဆက္ထိန္းနိုင္မလားဆိုတာ စိတ္ဝင္စားဖြယ္ေကာင္းေနတာလည္းျဖစ္ပါတယ္။

နာပိုလီ အသင္းဟာ စီးရီးေအ ၿပိဳင္ပြဲမွာေတာ့ ရာႏႈန္းျပည့္နိုင္ပြဲနဲ႔ ရလဒ္ေတြေကာင္းေနေပမယ့္ ယူရိုၿပိဳင္ပြဲမွာေတာ့ ႐ုန္းကန္ရဖြယ္ရွိေနတာပါ။နာပိုလီ အသင္းဟာ ယူရိုပါလိဂ္(၂)ပြဲကစားအၿပီးမွာ (၁)ပြဲသေရ (၁)ပြဲရႈံးနိမ့္ထားတာျဖစ္ပါတယ္။

နာပိုလီ အသင္းဟာ အခုလာမယ့္ ၾကားရက္မွာေတာ့ လီဂီယာ အသင္းနဲ႔ ကစားရမွာပါ။နာပိုလီ အသင္းအေနနဲ႔ အုပ္စုကေန ေနာက္တဆင့္တက္ခ်င္တယ္ဆိုရင္ ဒီပြဲကို အနိုင္ရေအာင္ ကစားဖို႔ လိုအပ္ေနတာလည္းျဖစ္ပါတယ္။