ဆိုးလ်ရှား ရဲ့စကားတခွန်းကို ဒေါသထွက်နေတဲ့ တိုက်စစ်ကစားသမား ရက်ရှ်ဖိုဒ့်

မန်ချက်စတာယူနိုက်တက် အသင်းတိုက်စစ်ကစားသမား ရက်ရှ်ဖိုဒ့် ဟာ သူ့ကို နည်းပြ ဆိုးလ်ရှားက ဘောလုံးကိုပဲ ဦးစားပေးဖို့ တိုက်တွန်းခဲ့တဲ့ မကြာသေးခင်က မှတ်ချက်စကားကြောင့် မပျော်မရွှင်ဖြစ်နေတယ်လို့ metro သတင်းက ဖော်ပြထားပါတယ်။

ရက်ရှ်ဖိုဒ့် ဟာ အခုရာသီ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပထမဆုံးပွဲစဉ်အဖြစ် လက်စတာ အသင်းကို (၄)ဂိုး-(၂)ဂိုးနဲ့ အရေးနိမ့်တဲ့ ပွဲစဉ်မှာ ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။ရက်ရှ်ဖိုဒ့် ဟာ ဒီပွဲရဲ့ဒုတိယပိုင်းမှာ လူစားဝင်ကစားပြီး တဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖိုဒ့် ဟာ နွေရာသီက ပခုံးခွဲစိတ်မှုပြုလုပ်ပြီးနောက် အနားယူနေခဲ့ရတာပါ။ရက်ရှ်ဖိုဒ့် ဟာ မကြာသေ့ခင်က နှစ်တွေမှာ ကလေးသူငယ်ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်‌ရေးနဲ့ အစိုးရကျောင်းတွေမှာ ကလေးသူငယ်တွေ အစားအစာအခမဲ့ရရှိအောင် လုပ်ဆောင်ခဲ့တာပါ။

အဲ့ဒါကြောင့် ရက်ရှ်ဖိုဒ့် ဟာ MBE ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ရရှိခဲ့တာဖြစ်ပါတယ်။ဆိုးလ်ရှား ကတော့ ရက်ရှ်ဖိုဒ့်ကို ဘောလုံးကိုသာ ဦးစားပေးပြီး ဘောလုံးကိုသာ အာရုံစိက်ဖို့ ပြောဆိုထားတာပါ။နည်းပြ ဆိုးလ်ရှား ကတော့ ရက်ရှ်ဖိုဒ့် ကို ကွင်းပြင်ပက ပရဟိတလုပ်ငန်းတွေကိုလျှော့ချစေချင်နေတာဖြစ်ပါတယ်။

ရက်ရှ်ဖိုဒ့် နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေရဲ့ပြောဆိုမှုအရ ကစားသမားဟာ ဆိုးလ်ရှား ပြောတဲ့ မှတ်ချက်စကားနဲ့ ပတ်သက်ပြီး ဒေါသထွက်နေတာဖြစ်ကာ သူဟာ ဘောလုံးကို ပြည့်ပြည့်ဝဝ အာရုံစိုက်ထားတယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖိုဒ့် ရဲ့လုပ်ဆောင်မှုတွေအပေါ်မှာ ဝေဖန်မှု့အချို့ရှိခဲ့ပြီး ကွန်ဆာဗေးတစ်အမတ်တဦးက သူ့ကို ဘောလုံးပဲကစားပါလို့ပြောဆိုထားခဲ့ပါတယ်။အခုအချိန်မှာ ဆိုးလ်ရှားကပါ ဒီလိုပုံစံတူတဲ့ စကားမျိုးကို ပြောဆိုလာတာကြောင့် စိတ်ပျက်စရာဖြစ်လာခဲ့ရတာလည်းဖြစ်ပါတယ်။

ဆိုးလ်ရှား ကတော့ လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက် အသင်းရလဒ်ဆိုးတွေကြောင့် အနည်းငယ်ဖိအားပေါ်ကျရောက်နေခဲ့တာပါ။ဒါပေမယ့် အသင်းတာဝန်ရှိသူတွေကတော့ ဆိုးလ်ရှား ဘက်ကနေ အပြည့်အဝရပ်တည်ထားတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ကြားရက်မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အတ္တလန်တာ အသင်းနဲ့ ကစားရမှာဖြစ်ပြီး ဒါပြီးရင်တော့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူးလ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ အသင္းတိုက္စစ္ကစားသမား ရက္ရွ္ဖိုဒ့္ ဟာ သူ႔ကို နည္းၿပ ဆိုးလ္ရွားက ေဘာလုံးကိုပဲ ဦးစားေပးဖို႔ တိုက္တြန္းခဲ့တဲ့ မၾကာေသးခင္က မွတ္ခ်က္စကားေၾကာင့္ မေပ်ာ္မရႊင္ျဖစ္ေနတယ္လို႔ metro သတင္းက ေဖာ္ျပထားပါတယ္။

ရက္ရွ္ဖိုဒ့္ ဟာ အခုရာသီ မန္ခ်က္စတာယူနိုက္တက္ အသင္းအတြက္ ပထမဆုံးပြဲစဥ္အျဖစ္ လက္စတာ အသင္းကို (၄)ဂိုး-(၂)ဂိုးနဲ႔ အေရးနိမ့္တဲ့ ပြဲစဥ္မွာ ပါဝင္ကစားခဲ့တာျဖစ္ပါတယ္။ရက္ရွ္ဖိုဒ့္ ဟာ ဒီပြဲရဲ့ဒုတိယပိုင္းမွာ လူစားဝင္ကစားၿပီး တဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။

ရက္ရွ္ဖိုဒ့္ ဟာ ေႏြရာသီက ပခုံးခြဲစိတ္မႈျပဳလုပ္ၿပီးေနာက္ အနားယူေနခဲ့ရတာပါ။ရက္ရွ္ဖိုဒ့္ ဟာ မၾကာေသ့ခင္က ႏွစ္ေတြမွာ ကေလးသူငယ္ဆင္းရဲႏြမ္းပါးမႈတိုက္ဖ်က္‌ေရးနဲ႔ အစိုးရေက်ာင္းေတြမွာ ကေလးသူငယ္ေတြ အစားအစာအခမဲ့ရရွိေအာင္ လုပ္ေဆာင္ခဲ့တာပါ။

အဲ့ဒါေၾကာင့္ ရက္ရွ္ဖိုဒ့္ ဟာ MBE ဂုဏ္ထူးေဆာင္ပါရဂူဘြဲ႕ကို ရရွိခဲ့တာျဖစ္ပါတယ္။ဆိုးလ္ရွား ကေတာ့ ရက္ရွ္ဖိုဒ့္ကို ေဘာလုံးကိုသာ ဦးစားေပးၿပီး ေဘာလုံးကိုသာ အာ႐ုံစိက္ဖို႔ ေျပာဆိုထားတာပါ။နည္းၿပ ဆိုးလ္ရွား ကေတာ့ ရက္ရွ္ဖိုဒ့္ ကို ကြင္းျပင္ပက ပရဟိတလုပ္ငန္းေတြကိုေလၽွာ့ခ်ေစခ်င္ေနတာျဖစ္ပါတယ္။

ရက္ရွ္ဖိုဒ့္ နဲ႔နီးစပ္တဲ့ သတင္းရင္းျမစ္ေတြရဲ့ေျပာဆိုမႈအရ ကစားသမားဟာ ဆိုးလ္ရွား ေျပာတဲ့ မွတ္ခ်က္စကားနဲ႔ ပတ္သက္ၿပီး ေဒါသထြက္ေနတာျဖစ္ကာ သူဟာ ေဘာလုံးကို ျပည့္ျပည့္ဝဝ အာ႐ုံစိုက္ထားတယ္လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ရက္ရွ္ဖိုဒ့္ ရဲ့လုပ္ေဆာင္မႈေတြအေပၚမွာ ေဝဖန္မႈ႔အခ်ိဳ႕ရွိခဲ့ၿပီး ကြန္ဆာေဗးတစ္အမတ္တဦးက သူ႔ကို ေဘာလုံးပဲကစားပါလို႔ေျပာဆိုထားခဲ့ပါတယ္။အခုအခ်ိန္မွာ ဆိုးလ္ရွားကပါ ဒီလိုပုံစံတူတဲ့ စကားမ်ိဳးကို ေျပာဆိုလာတာေၾကာင့္ စိတ္ပ်က္စရာျဖစ္လာခဲ့ရတာလည္းျဖစ္ပါတယ္။

ဆိုးလ္ရွား ကေတာ့ လက္ရွိအခ်ိန္မွာ မန္ခ်က္စတာယူနိုက္တက္ အသင္းရလဒ္ဆိုးေတြေၾကာင့္ အနည္းငယ္ဖိအားေပၚက်ေရာက္ေနခဲ့တာပါ။ဒါေပမယ့္ အသင္းတာဝန္ရွိသူေတြကေတာ့ ဆိုးလ္ရွား ဘက္ကေန အျပည့္အဝရပ္တည္ထားတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ၾကားရက္မွာ ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ အတၱလန္တာ အသင္းနဲ႔ ကစားရမွာျဖစ္ၿပီး ဒါၿပီးရင္ေတာ့ ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ လီဗာပူးလ္ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။