ဆာကာ ကို အသားလွတ်ဖြတ်ကန်ခဲ့တဲ့ မက်အာသာ ကို အနီကတ်မပြလို့ ပေါက်ကွဲနေတဲ့ အာတီတာ

ဒီမနက်က အာဆင်နယ်နဲ့ ပဲလေ့စ် တို့ ကစားခဲ့တဲ့ ပွဲမှာ အာဆင်နယ် အသင်းနည်းပြ အာတီတာ က သူ့ရဲ့ကစားသမား ဆာကာ ကို ဘောလုံးမရှိဘဲ အနောက်ကနေ ဖြတ်ကန်ခဲ့တဲ့ မက်အာသာ ကို မထုတ်ပယ်ခဲ့လို့ ဒေါသထွက်နေပါတယ်။ဘောလုံးကို ဆာကာ ကန်လိုက်တဲ့ အချိန်မှာ မက်အာသာ က အနောက်ကနေ ဆာကာရဲ့ခြေထောက်ကို ဖြတ်ကန်ခဲ့တာဖြစ်ပါတယ်။

ဒိုင်လူကြီး မိုက်ဒိန်းကတော့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ပဲလေ့စ် အသင်း ကွင်းလယ်ကစားသမား မက်အာသာကို အဝါကတ်သာပြသခဲ့တာဖြစ်ပါတယ်။ဆာကာ ကတော့ ဒဏ်ရာပြသနာရရှိသွားခဲ့ပြီး လူစားပါလဲခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲမှာ အာဆင်နယ် နဲ့ပဲလေ့စ် အသင်းတို့ဟာ တဖက်(၂)ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။အူဘာမီယန်းက အာဆင်နယ် အတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဘန်တီကီနဲ့ အီဒူဝါတ့်တို့က ပဲလေ့စ် အတွက် ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေပြန်လည်သွင်းယူခဲ့တာပါ။ဒါပေမယ့် လာကာဇတ်တီ က နာကျင်အချိန်ပို(၅)မိနစ်မှာ အာဆင်နယ် အတွက် ချေပဂိုးပြန်သွင်းခဲ့ပါတယ်။

အဲ့ဒါကြောင့် တဖက်(၂)ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။အာဆင်နယ် အသင်းနည်းပြ အာတီတာ ကတော့ မက်အာသာကို အနီကတ်မပြခဲ့တဲ့ ဆုံးဖြတ်ချက်ကို မယုံကြည်နိုင်အောင်ဖြစ်မိတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

အာတီတာ က “ဒါဟာ အနီကတ်ပြသရမယ်ဆိုတာ လုံးဝသေချာပါတယ်။မက်အာသာ ကွင်းထဲမှာ ဘယ်လိုရှိနေလဲဆိုတာ ကျွန်တော်နားမလည်တော့ပါဘူး။ဆာကာ ကတော့ ဆက်မကစားနိုင်တော့လို့ လူစားလဲလိုက်ရပါတယ်။သူဟာ အဆိုပါ‌‌ နေရာမှာလွန်နာကျင်နေခဲ့ပါတယ်”

“ဒီဖြစ်ရပ်ကိုကြည့်ပြီးအချိန်မှာ ပဲလေ့စ် ကစားသမားအနေနဲ့ ကွင်းထဲမှာ ဘယ်လိုဆက်ကစားနိုင်တယ်ဆိုတာကို ကျွန်တော်နားမလည်တော့ပါဘူး”လို့ ဆိုခဲ့ပါတယ်။ကာရေဂါကလည်း အာတီတာ ရဲ့ပြောဆိုမှုကို သဘောတူပြီး VAR ဟာ သိသာလွန်းတဲ့ အမှားတခုကို ချေဖျက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

ကာရေဂါက “VAR ဟာ ဒီဆုံးဖြတ်ချက်ကို ပြန်ပြောင်းဖို့အများကြီးလိုတယ်လို့ ခံစားရပါတယ်။ဒါဟာ သိသာထင်ရှားတဲ့ အမှားတခုပါပဲ။ဒါဟာ ပြန်ပြောင်းပြီး ဆုံးဖြတ်ရမယ့် အခြေအနေပါပဲ”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ပဲလေ့စ် အသင်းနည်းပြ ဖြစ်တဲ့ ဗီအဲရာ ကတော့ ဒီအဖြစ်အပျက်ကို သူမြင်တွေ့ခဲ့ခြင်းမရှိဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

Zawgyi

ဒီမနက္က အာဆင္နယ္နဲ႔ ပဲေလ့စ္ တို႔ ကစားခဲ့တဲ့ ပြဲမွာ အာဆင္နယ္ အသင္းနည္းၿပ အာတီတာ က သူ႔ရဲ့ကစားသမား ဆာကာ ကို ေဘာလုံးမရွိဘဲ အေနာက္ကေန ျဖတ္ကန္ခဲ့တဲ့ မက္အာသာ ကို မထုတ္ပယ္ခဲ့လို႔ ေဒါသထြက္ေနပါတယ္။ေဘာလုံးကို ဆာကာ ကန္လိုက္တဲ့ အခ်ိန္မွာ မက္အာသာ က အေနာက္ကေန ဆာကာရဲ့ေျခေထာက္ကို ျဖတ္ကန္ခဲ့တာျဖစ္ပါတယ္။

ဒိုင္လူႀကီး မိုက္ဒိန္းကေတာ့ ဒီအျဖစ္အပ်က္နဲ႔ ပတ္သက္ၿပီး ပဲေလ့စ္ အသင္း ကြင္းလယ္ကစားသမား မက္အာသာကို အဝါကတ္သာျပသခဲ့တာျဖစ္ပါတယ္။ဆာကာ ကေတာ့ ဒဏ္ရာျပသနာရရွိသြားခဲ့ၿပီး လူစားပါလဲခဲ့ရတာျဖစ္ပါတယ္။

ဒီပြဲမွာ အာဆင္နယ္ နဲ႔ပဲေလ့စ္ အသင္းတို႔ဟာ တဖက္(၂)ဂိုးစီ သေရရလဒ္နဲ႔ ပြဲၿပီးဆုံးသြားခဲ့ပါတယ္။အူဘာမီယန္းက အာဆင္နယ္ အတြက္ ဦးေဆာင္ဂိုးသြင္းယူနိုင္ခဲ့ေပမယ့္ ဘန္တီကီနဲ႔ အီဒူဝါတ့္တို႔က ပဲေလ့စ္ အတြက္ ေခ်ပဂိုးနဲ႔ ဦးေဆာင္ဂိုးေတြျပန္လည္သြင္းယူခဲ့တာပါ။ဒါေပမယ့္ လာကာဇတ္တီ က နာက်င္အခ်ိန္ပို(၅)မိနစ္မွာ အာဆင္နယ္ အတြက္ ေခ်ပဂိုးျပန္သြင္းခဲ့ပါတယ္။

အဲ့ဒါေၾကာင့္ တဖက္(၂)ဂိုးစီ သေရရလဒ္နဲ႔ ပြဲၿပီးဆုံးခဲ့တာျဖစ္ပါတယ္။အာဆင္နယ္ အသင္းနည္းၿပ အာတီတာ ကေတာ့ မက္အာသာကို အနီကတ္မျပခဲ့တဲ့ ဆုံးျဖတ္ခ်က္ကို မယုံၾကည္နိုင္ေအာင္ျဖစ္မိတယ္လို႔ ပြဲအၿပီးမွာ ေျပာခဲ့ပါတယ္။

အာတီတာ က “ဒါဟာ အနီကတ္ျပသရမယ္ဆိုတာ လုံးဝေသခ်ာပါတယ္။မက္အာသာ ကြင္းထဲမွာ ဘယ္လိုရွိေနလဲဆိုတာ ကၽြန္ေတာ္နားမလည္ေတာ့ပါဘူး။ဆာကာ ကေတာ့ ဆက္မကစားနိုင္ေတာ့လို႔ လူစားလဲလိုက္ရပါတယ္။သူဟာ အဆိုပါ‌‌ ေနရာမွာလြန္နာက်င္ေနခဲ့ပါတယ္”

“ဒီျဖစ္ရပ္ကိုၾကည့္ၿပီးအခ်ိန္မွာ ပဲေလ့စ္ ကစားသမားအေနနဲ႔ ကြင္းထဲမွာ ဘယ္လိုဆက္ကစားနိုင္တယ္ဆိုတာကို ကၽြန္ေတာ္နားမလည္ေတာ့ပါဘူး”လို႔ ဆိုခဲ့ပါတယ္။ကာေရဂါကလည္း အာတီတာ ရဲ့ေျပာဆိုမႈကို သေဘာတူၿပီး VAR ဟာ သိသာလြန္းတဲ့ အမွားတခုကို ေခ်ဖ်က္ဖို႔ ပ်က္ကြက္ခဲ့တယ္လို႔ ဆိုခဲ့ပါတယ္။

ကာေရဂါက “VAR ဟာ ဒီဆုံးျဖတ္ခ်က္ကို ျပန္ေျပာင္းဖို႔အမ်ားႀကီးလိုတယ္လို႔ ခံစားရပါတယ္။ဒါဟာ သိသာထင္ရွားတဲ့ အမွားတခုပါပဲ။ဒါဟာ ျပန္ေျပာင္းၿပီး ဆုံးျဖတ္ရမယ့္ အေျခအေနပါပဲ”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ပဲေလ့စ္ အသင္းနည္းၿပ ျဖစ္တဲ့ ဗီအဲရာ ကေတာ့ ဒီအျဖစ္အပ်က္ကို သူျမင္ေတြ႕ခဲ့ျခင္းမရွိဘူးလို႔ ေျပာဆိုသြားခဲ့ပါတယ္။