မက်ဆီချည်းပဲ ဘလွန်းဒီအော်ရနေတာ စိတ်ညစ်စရာကြီး၊ ဒီနှစ် ဘာလို့ထပ်ပေးရမှာလဲဆိုတဲ့ အီဗရာ

ယူနိုက်တက် နောက်ခံလူဟောင်း အီဗရာက မက်ဆီချည်းပဲ ဘလွန်းဒီအော်ဆုနေရတာကို မြင်ရတာ ပျင်းဖို့ တော်တော်ကောင်းနေပြီလို့ ဝေဖန်သွားခဲ့ပါတယ်။

(၂၀၂၁) ဘလွန်းဒီအော်ဆုပေးပွဲ အခမ်းအနားကို လာမယ့် နိုဝင်ဘာ၊ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီဆုအတွက် ဆန်ခါတင်စာရင်းမှာ (၆) ကြိမ်ရထားပြီးသား မက်ဆီ ထပ်မံပါဝင်လာခဲ့သလို နောက်တစ်ကြိမ် ထပ်မံရယူဖို့အတွက်လည်း ရေပန်းစားနေတာပါ။

ဒါပေမယ့် အီဗရာကတော့ မက်ဆီ ဘလွန်းဒီအော်ဆု ထပ်မံဆွတ်ခူးတာမမြင်တွေ့လိုတော့ဘူးလို့ အခုလို ပြောကြားလာခဲ့ပါတယ်။ အီဗရာက “ကျွန်တော့်အမြင် ဒီနှစ် ဘလွန်းဒီအော်က ကန်တေ ဒါမှမဟုတ် ဂျော်ဂျင်ဟိုအတွက်ပါပဲ။ ဒါကို မက်ဆီအတွက်ပဲ ပေးနေတာ ကျွန်တော် တော်တော် စိတ်ညစ်နေပါပြီ”

“ပြီးခဲ့တဲ့ရာသီက သူဘာလုပ်နိုင်ခဲ့လို့လဲ။ ကောင်းပြီ၊ ကိုပါအမေရိကဖလားရတယ်။ ဘာစီလိုနာနဲ့ သူဘာလုပ်နိုင်ခဲ့လို့လဲ?” လို့ မေးခွန်းထုတ်သွားခဲ့ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာနဲ့ ကိုပါဒယ်ရေးဖလားကိုသာ ဆွတ်ခူးနိုင်ခဲ့တာပါ။

ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲတောင် မတက်နိုင်ခဲ့သလို လာလီဂါမှာလည်း အက်သလက်တီကိုရဲ့ နောက်ကောက်ချခြင်းကိုခံခဲ့ရပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ PSG ကို ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်းမှာလည်း ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရဆဲပါ။

အဲ့ဒါကြောင့်လည်း အီဗရာကတော့ မက်ဆီကို ကမ္ဘာ့အကောင်းဆုံးမဖြစ်သင့်ဘူးလို့ ယူဆနေပြီး သူ့ရဲ့အမြင်တွေ မှန်ကန်မလား ရှေ့လအတွင်း စောင့်ကြည့်ရပါလိမ့်မယ်။