အသင်းဥက္ကဌ လာပေါ်တာနဲ့ တွေ့တဲ့အချိန်မှာ ငိုကြွေးခဲ့တယ်ဆိုတဲ့ ဘာကာအပယ်ခံ အမ်တီတီ

ပြင်သစ်လက်ရွေးစင် အသင်းနဲ့အတူ ကမ္ဘာ့ဖလားရရှိထားတဲ့ အမ်တီတီ ဟာ အခုရာသီမှာ ဘာစီလိုနာ အတွက် ပွဲထွက်ခွင့်မရသေးတဲ့ ကစားသမားအနည်းငယ်တွေထဲက တဦးအပါအဝင်ဖြစ်ပြီး နည်းပြ ရော်နယ်လ်ကိုးမန်းက သူ့ကို အသုံးပြုခြင်းမရှိတာဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့က သူတို့ရဲ့လစာအသုံးစရိတ်ကို လျှော့ချဖို့ အတွက် အမ်တီတီ ကို ရောင်းချဖို့ ကြိုးစားခဲ့တာဖြစ်ပေမယ့် ကစားသမားကတော့ စပိန်ကလပ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ရောင်းချဖို့ ဘာကာ အသင်းက ဆက်လက်ကြိုးစားဖွယ်ရှိနေတာပါ။

အမ်တီတီ ကတော့ ကလပ်အသင်းမှာဖြစ်ပျက်နေတဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး မွန်ဒိုဒီပို့တီဗို နဲ့ အင်တာဗျုးမှာ ပထမဆုံးအကြိမ်ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။အမ်တီတီ က “ဥက္ကဌနဲ့ ပထမဆုံးအကြိမ်တွေ့တဲ့အချိန်မှာ ကျွန်တော်ငိုကြွေးခဲ့ပါတယ်။စကားတွေအများကြီးတော့မပြောဖြစ်ခဲ့ပါဘူး”

“ဒါပေမယ့် နှလုံးသားနဲ့ စကားပြောတဲ့ အချိန် နောက်ဆုံးမှာတော့ ဒါတွေဖြစ်ပျက်ခဲ့တာပါဘဲ။ရိုးရိုးသားသားပြောရရင် ကျွန်တော့်အတွက် အလွန်အရေးကြီးတဲ့ စကားပြောဖြစ်ခဲ့တယ်။ကျွန်တော်ဒါကို ဖွင့်ပြောဖို့လိုပြီး ရှင်းလင်းအောင်ပြုလုပ်ရပါမယ်။ကျွန်တော်အဆင်သင့်ဖြစ်နေပြီ၊အလွန်ကောင်းမွန်နေပြီ၊ကလပ်အသင်းကို ကူညီချင်တယ်ဆိုတာကို ဥက္ကဌ ကို သိစေခဲ့ပါတယ်”

“ဒါက ကျွန်တော်ပြောချင်တဲ့ တခုတည်းသောအရာပါပဲ။လာပေါ်တာကတော့ ပွဲကစားဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင် ဒါကို သက်သေပြရမယ်။ဒါကို လုပ်ပြရမယ်ဆိုပြီး ပြောခဲ့ပါတယ်။သူက ကျွန်တော့်အကြောင်းကိုသိပြီးသားပါ။သူက ပြောတယ် မင်းပုံစံကောင်းရှိတယ်ဆိုရင် အဲ့ဒါကို သက်သေပြဖို့လိုတယ်။ပြီးတော့ မင်းအခွင့်အရေးတွေရနိုင်တယ်ပေါ့”

“ကျွန်တော်ဒီကိုရောက်တဲ့ ပထမဆုံးနေ့ထဲက အလုပ်ကိုကြိုးစားခဲ့တယ်။ကလပ်ကိုချစ်မြတ်နိုးခဲ့တယ်။နောက်ဆုံးတော့ အရာအားလုံးက ပြောင်းလဲသွားခဲ့ပါတယ်။ရော်နယ်လ်ကိုးမန်းက ဆုံးဖြတ်ချက်ချတဲ့သူပါ”

“ဘုတ်အဖွဲ့ကတဦးဦးက ကျွန်တော့်ကို မကစားဘူးလို့ တခုခုပြောနိုင်ပေမယ့် နောက်ဆုံးမှာ သူတို့ရဲ့ရွေးချယ်မှုနဲ့ ဒါကို လေးစားဖို့ လိုအပ်ပါတယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

Zawgyi

ျပင္သစ္လက္ေရြးစင္ အသင္းနဲ႔အတူ ကမၻာ့ဖလားရရွိထားတဲ့ အမ္တီတီ ဟာ အခုရာသီမွာ ဘာစီလိုနာ အတြက္ ပြဲထြက္ခြင့္မရေသးတဲ့ ကစားသမားအနည္းငယ္ေတြထဲက တဦးအပါအဝင္ျဖစ္ၿပီး နည္းၿပ ေရာ္နယ္လ္ကိုးမန္းက သူ႔ကို အသုံးျပဳျခင္းမရွိတာျဖစ္ပါတယ္။

ဘာစီလိုနာ အသင္းဟာ ၿပီးခဲ့တဲ့အေျပာင္းအေရႊ႕က သူတို႔ရဲ့လစာအသုံးစရိတ္ကို ေလၽွာ့ခ်ဖို႔ အတြက္ အမ္တီတီ ကို ေရာင္းခ်ဖို႔ ႀကိဳးစားခဲ့တာျဖစ္ေပမယ့္ ကစားသမားကေတာ့ စပိန္ကလပ္မွာပဲ ဆက္ေနဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။အဲ့ဒါေၾကာင့္ ဇန္နဝါရီအေျပာင္းအေရႊ႕မွာ ေရာင္းခ်ဖို႔ ဘာကာ အသင္းက ဆက္လက္ႀကိဳးစားဖြယ္ရွိေနတာပါ။

အမ္တီတီ ကေတာ့ ကလပ္အသင္းမွာျဖစ္ပ်က္ေနတဲ့ လက္ရွိအေျခအေနနဲ႔ ပတ္သက္ၿပီး မြန္ဒိုဒီပို႔တီဗို နဲ႔ အင္တာဗ်ဳးမွာ ပထမဆုံးအႀကိမ္ထုတ္ေဖာ္ေျပာဆိုလာခဲ့ပါတယ္။အမ္တီတီ က “ဥကၠဌနဲ႔ ပထမဆုံးအႀကိမ္ေတြ႕တဲ့အခ်ိန္မွာ ကၽြန္ေတာ္ငိုေႂကြးခဲ့ပါတယ္။စကားေတြအမ်ားႀကီးေတာ့မေျပာျဖစ္ခဲ့ပါဘူး”

“ဒါေပမယ့္ ႏွလုံးသားနဲ႔ စကားေျပာတဲ့ အခ်ိန္ ေနာက္ဆုံးမွာေတာ့ ဒါေတြျဖစ္ပ်က္ခဲ့တာပါဘဲ။ရိုးရိုးသားသားေျပာရရင္ ကၽြန္ေတာ့္အတြက္ အလြန္အေရးႀကီးတဲ့ စကားေျပာျဖစ္ခဲ့တယ္။ကၽြန္ေတာ္ဒါကို ဖြင့္ေျပာဖို႔လိုၿပီး ရွင္းလင္းေအာင္ျပဳလုပ္ရပါမယ္။ကၽြန္ေတာ္အဆင္သင့္ျဖစ္ေနၿပီ၊အလြန္ေကာင္းမြန္ေနၿပီ၊ကလပ္အသင္းကို ကူညီခ်င္တယ္ဆိုတာကို ဥကၠဌ ကို သိေစခဲ့ပါတယ္”

“ဒါက ကၽြန္ေတာ္ေျပာခ်င္တဲ့ တခုတည္းေသာအရာပါပဲ။လာေပၚတာကေတာ့ ပြဲကစားဖို႔ အဆင္သင့္ျဖစ္ေနၿပီဆိုရင္ ဒါကို သက္ေသျပရမယ္။ဒါကို လုပ္ျပရမယ္ဆိုၿပီး ေျပာခဲ့ပါတယ္။သူက ကၽြန္ေတာ့္အေၾကာင္းကိုသိၿပီးသားပါ။သူက ေျပာတယ္ မင္းပုံစံေကာင္းရွိတယ္ဆိုရင္ အဲ့ဒါကို သက္ေသျပဖို႔လိုတယ္။ၿပီးေတာ့ မင္းအခြင့္အေရးေတြရနိုင္တယ္ေပါ့”

“ကၽြန္ေတာ္ဒီကိုေရာက္တဲ့ ပထမဆုံးေန႔ထဲက အလုပ္ကိုႀကိဳးစားခဲ့တယ္။ကလပ္ကိုခ်စ္ျမတ္နိုးခဲ့တယ္။ေနာက္ဆုံးေတာ့ အရာအားလုံးက ေျပာင္းလဲသြားခဲ့ပါတယ္။ေရာ္နယ္လ္ကိုးမန္းက ဆုံးျဖတ္ခ်က္ခ်တဲ့သူပါ”

“ဘုတ္အဖြဲ႕ကတဦးဦးက ကၽြန္ေတာ့္ကို မကစားဘူးလို႔ တခုခုေျပာနိုင္ေပမယ့္ ေနာက္ဆုံးမွာ သူတို႔ရဲ့ေရြးခ်ယ္မႈနဲ႔ ဒါကို ေလးစားဖို႔ လိုအပ္ပါတယ္”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။