ဟတ်ထရစ်ရမယ့် ပင်နယ်တီအခွင့်အရေးကို ငြင်းပယ်ပြီး ဘတ်ပီ ကန်ခိုင်းခဲ့တဲ့ မက်ဆီ

ပီအက်စ်ဂျီ အသင်းဟာ ဒီမနက်က ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် လိုက်ပ်ဇစ် အသင်းနဲ့ ကစားခဲ့ရာ (၃)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ပီအက်စ်ဂျီ အတွက် ဂိုးတွေကို မက်ဆီ က (၂)ဂိုး၊ဘတ်ပီ (၁)ဂိုးသွင်းယူခဲ့တာဖြစ်ပြီး လိုက်ပ်ဇစ် အတွက် ဂိုးတွေကို အန်ဒီရီဆေးလ်ဗားနဲ့ မူကီလီ က သွင်းယူခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ ပီအက်စ်ဂျီ အတွက် မပါဝင်နိုင်ခဲ့တဲ့ မက်ဆီ ဟာ ဒီပွဲမှာ ပွဲထွက်လာခဲ့ပြီး အသင်း အတွက်ခြေစွမ်းပြ သွင်းဂိုးတွေရယူခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာ ပီအက်စ်ဂျီ အသင်း ပင်နယ်တီရခဲ့ရာမှာ နေမာ မပါဝင်လို့ ဘတ်ပီ ကန်သွင်းရမှာဖြစ်ပေမယ့် ပြင်သစ် ကစားသမားက မက်ဆီ ကို ကန်သွင်းစေခဲ့တာဖြစ်ပါတယ်။

မက်‌ဆီ ဟာ ဒီပင်နယ်တီ ကို peneka ကန်သွင်းချက်နဲ့ သွင်းယူသွားခဲ့တာလည်းဖြစ်ပါတယ်။ပီအက်စ်ဂျီ အသင်းဟာ နာကျင်အချိန်ပိုမှာလည်း နောက်ထပ်ပင်နယ်တီကန်သွင်းခွင့်ရရှိခဲ့ပါတယ်။ဒီပင်နယ်တီ ကို မက်ဆီ ကန်သွင်းခဲ့မယ်ဆိုရင် ပီအက်စ်ဂျီ ကစားသမားဘဝ ပထမဆုံးဟတ်ထရစ်ရမယ့် အခွင့်အရေးရမှာပါ။

ဒါပေမယ့် မက်ဆီ ကတော့ ဒီပင်နယ်တီ ပြစ်ဒဏ်ကို သူမကန်သွင်းဘဲ တိုက်စစ်ကစားသမား ဘတ်ပီ ကို ကန်သွင်းစေခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ဘတ်ပီ ကန်သွင်းရာမှာတော့ ဂိုးမဝင်ခဲ့တာကြောင့် ပီအက်စ်ဂျီ အသင်းက (၃)ဂိုး-(၂)ဂိုးနဲ့ ပဲ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဘတ်ပီ ကတော့ ပင်နယ်တီကန်သွင်းဖို့ အတွက် သူတို့(၂)ဦးကြားမှာ နားလည်မှုရယူထားတယ်လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။ဘတ်ပီ က “ဒါဟာ ပုံမှန်အခြေအနေပါပဲ၊လေးစားမှုလည်းဖြစ်ပါတယ်။သူဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားပါ”

“သူနဲ့ တွဲကစားခွင့်ရတာဟာ အခွင့်ထူးတခုလိုပါပဲ။ဒုတိယပင်နယ်တီ အတွက် ကျွန်တော်တို့ အပြောင်းအလဲပြုလုပ်ခဲ့တာပါ။သူက ကျွန်တော့်ကို ကန်သွင်းယူဖို့ ပြောခဲ့တာပါ”လို့ Canal+ နဲ့ အင်တာဗျုးပြုလုပ်ရာမှာဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ဒီနိုင်ပွဲကြောင့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၃)ပွဲကစားပြီးချိန်မှာ ရမှတ်(၇)မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာလည်းဖြစ်ပါတယ်။မက်ဆီ ကတော့ ဒီပွဲမှာ (၂)ဂိုးသွင်းခဲ့တာကြောင့် ပီအက်စ်ဂျီ ကစားသမားဘဝ သွင်းဂိုး(၃)ဂိုးရှိသွားခဲ့ပြီဖြစ်ပါတယ်။

မက်ဆီ ဟာ ဒီ(၃)ဂိုးလုံးကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာပဲ သွင်းယူထားတာဖြစ်ပါတယ်။ပီအက်စ်ဂျီ အသင်းဟာ ဒီတပတ်မှာ လီဂူးဝမ်းပွဲစဉ်အဖြစ် မာဆေးလ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

ပီအက္စ္ဂ်ီ အသင္းဟာ ဒီမနက္က ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ လိုက္ပ္ဇစ္ အသင္းနဲ႔ ကစားခဲ့ရာ (၃)ဂိုး-(၂)ဂိုးနဲ႔ အနိုင္ရရွိခဲ့ပါတယ္။ပီအက္စ္ဂ်ီ အတြက္ ဂိုးေတြကို မက္ဆီ က (၂)ဂိုး၊ဘတ္ပီ (၁)ဂိုးသြင္းယူခဲ့တာျဖစ္ၿပီး လိုက္ပ္ဇစ္ အတြက္ ဂိုးေတြကို အန္ဒီရီေဆးလ္ဗားနဲ႔ မူကီလီ က သြင္းယူခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ လီဂူးဝမ္းပြဲစဥ္မွာ ပီအက္စ္ဂ်ီ အတြက္ မပါဝင္နိုင္ခဲ့တဲ့ မက္ဆီ ဟာ ဒီပြဲမွာ ပြဲထြက္လာခဲ့ၿပီး အသင္း အတြက္ေျခစြမ္းၿပ သြင္းဂိုးေတြရယူခဲ့တာျဖစ္ပါတယ္။ဒီပြဲမွာ ပီအက္စ္ဂ်ီ အသင္း ပင္နယ္တီရခဲ့ရာမွာ ေနမာ မပါဝင္လို႔ ဘတ္ပီ ကန္သြင္းရမွာျဖစ္ေပမယ့္ ျပင္သစ္ ကစားသမားက မက္ဆီ ကို ကန္သြင္းေစခဲ့တာျဖစ္ပါတယ္။

မက္‌ဆီ ဟာ ဒီပင္နယ္တီ ကို peneka ကန္သြင္းခ်က္နဲ႔ သြင္းယူသြားခဲ့တာလည္းျဖစ္ပါတယ္။ပီအက္စ္ဂ်ီ အသင္းဟာ နာက်င္အခ်ိန္ပိုမွာလည္း ေနာက္ထပ္ပင္နယ္တီကန္သြင္းခြင့္ရရွိခဲ့ပါတယ္။ဒီပင္နယ္တီ ကို မက္ဆီ ကန္သြင္းခဲ့မယ္ဆိုရင္ ပီအက္စ္ဂ်ီ ကစားသမားဘဝ ပထမဆုံးဟတ္ထရစ္ရမယ့္ အခြင့္အေရးရမွာပါ။

ဒါေပမယ့္ မက္ဆီ ကေတာ့ ဒီပင္နယ္တီ ျပစ္ဒဏ္ကို သူမကန္သြင္းဘဲ တိုက္စစ္ကစားသမား ဘတ္ပီ ကို ကန္သြင္းေစခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္ ဘတ္ပီ ကန္သြင္းရာမွာေတာ့ ဂိုးမဝင္ခဲ့တာေၾကာင့္ ပီအက္စ္ဂ်ီ အသင္းက (၃)ဂိုး-(၂)ဂိုးနဲ႔ ပဲ အနိုင္ရခဲ့တာျဖစ္ပါတယ္။

ဘတ္ပီ ကေတာ့ ပင္နယ္တီကန္သြင္းဖို႔ အတြက္ သူတို႔(၂)ဦးၾကားမွာ နားလည္မႈရယူထားတယ္လို႔ ပြဲအၿပီးမွာ ေျပာဆိုခဲ့ပါတယ္။ဘတ္ပီ က “ဒါဟာ ပုံမွန္အေျခအေနပါပဲ၊ေလးစားမႈလည္းျဖစ္ပါတယ္။သူဟာ ကမၻာေပၚမွာ အေကာင္းဆုံးကစားသမားပါ”

“သူနဲ႔ တြဲကစားခြင့္ရတာဟာ အခြင့္ထူးတခုလိုပါပဲ။ဒုတိယပင္နယ္တီ အတြက္ ကၽြန္ေတာ္တို႔ အေျပာင္းအလဲျပဳလုပ္ခဲ့တာပါ။သူက ကၽြန္ေတာ့္ကို ကန္သြင္းယူဖို႔ ေျပာခဲ့တာပါ”လို႔ Canal+ နဲ႔ အင္တာဗ်ဳးျပဳလုပ္ရာမွာဆိုခဲ့ပါတယ္။

ပီအက္စ္ဂ်ီ အသင္းဟာ ဒီနိုင္ပြဲေၾကာင့္ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္(၃)ပြဲကစားၿပီးခ်ိန္မွာ ရမွတ္(၇)မွတ္နဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္ေနတာလည္းျဖစ္ပါတယ္။မက္ဆီ ကေတာ့ ဒီပြဲမွာ (၂)ဂိုးသြင္းခဲ့တာေၾကာင့္ ပီအက္စ္ဂ်ီ ကစားသမားဘဝ သြင္းဂိုး(၃)ဂိုးရွိသြားခဲ့ၿပီျဖစ္ပါတယ္။

မက္ဆီ ဟာ ဒီ(၃)ဂိုးလုံးကို ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာပဲ သြင္းယူထားတာျဖစ္ပါတယ္။ပီအက္စ္ဂ်ီ အသင္းဟာ ဒီတပတ္မွာ လီဂူးဝမ္းပြဲစဥ္အျဖစ္ မာေဆးလ္ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။