အသင်းလည်းရှုံးရော ကလောပ့်ကိုတောင် နှုတ်မဆက်ဘဲ ဥမင်လှိုဏ်ခေါင်းထဲ တန်းပြေးခဲ့တဲ့ ဆီမြွန်နီ

အသလက်တီကို အသင်းကတော့ ဒီမနက်ပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ လီဗာပူးလ် အသင်းကို (၃)ဂိုး-(၂)ဂိုးနဲ့ အရေးနိမ့်သွားခဲ့ပါတယ်။လီဗာပူးလ် အသင်းက ‌ဆာလတ်နဲ့ ကီတာ တို့က ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ဂရစ်ဇ်မန်းက ချေပဂိုး(၂)ဂိုးပြန်သွင်းခဲ့ပါတယ်။ဒါပေမယ့် ဂရစ်ဇ်မန်း ထုတ်ပယ်ခံခဲ့ရတာကြောင့် အသလက်တီကို အသင်းရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

လီဗာပူးလ် အတွက် အနိုင်ဂိုးကို ဆာလတ် က ပင်နယ်တီကနေ သွင်းယူသွားခဲ့တာပါ။အဲ့ဒါကြောင့် အသလက်တီကို အသင်းက လီဗာပူးလ် အသင်းကို အရေးနိမ့်သွားခဲ့တာဖြစ်ပါတယ်။ဒီပွဲစဉ်မှာ အသလက်တီကို အသင်းလည်း ပင်နယ်တီရဖို့ အခွင့်အရေးရခဲ့ပေမယ့် ငြင်းပယ်ခံရတာကြောင့် ဆီမြွန်နီ က ဒေါသထွက်နေခဲ့တာပါ။

ပွဲပြီးချိန်မှာတော့ ဆီမြွန်နီ ဟာ ကလော့ပ်ကို လက်ဆွဲနှုတ်ဆက်ခြင်းမပြုလုပ်ဘဲ ဥမင်လှိုဏ်ခေါင်းထဲကို တန်းပြီး ပြေးဝင်သွားခဲ့တာဖြစ်ပါတယ်။ကလောပ့်ကတော့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး မကျေမနပ်ဖြစ်ခဲ့ပေမယ့် အသလက်တီကို ကစားသမားအချို့နဲ့ လက်‌ဆွဲနှုတ်ဆက်ခဲ့ပါတယ်။

ပွဲအပြီးမှာ ကလောပ့် က “ဒါက ကျွန်တော်တို့ မကြိုက်ပါဘူး။ဒါပေမယ့် အခြေအနေက ရှင်းပါတယ်။ကျွန်တော်က သူ့ကို လက်ဆွဲနှုတ်ဆက်ချင်ပါတယ်။သူရဲ့တုံ့ပြန်မှုကတော့ သိပ်ပြီးမကောင်းပါဘူး။နောက်တကြိမ်တွေ့ရင်တော့ သေချာပေါက်လက်ဆွဲနှုတ်ဆက်မှာပါ”

“သူဟာ ကျွန်တော့်ကို ဒေါသထွက်နေတာမဟုတ်ဘဲ ပွဲအပေါ်မှာ ဒေါသထွက်နေတယ်ဆိုတာ သိသာပါတယ်။အခြားဘာမှမရှိပါဘူး”လို့ ဆိုခဲ့တာဖြစ်ပါတယ်။ဆီမြွန်နီ ကတော့ သူဟာ ပွဲတွေအပြီးမှာ လက်ဆွဲနှုတ်ဆက်‌လေ့မရှိဘူးလို့ ပြောဆိုခဲ့ဝာာပါ။

ဆီမြွန်နီ က “ပွဲအပြီးမှာ ကျွန်တော်ဟာ ဘယ်တော့မှ လက်ဆွဲနှုတ်ဆက်လေ့မရှိပါဘူး။ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်ဟာ ဒါကို မနှစ်သက်လို့ပါပဲ။နိုင်တဲ့သူအတွက်ရော ရှုံးတဲ့သူအတွက်ပါ ဒါဟာ သိပ်ပြီးမကောင်းပါဘူး။ကျွန်တော်ကတော့ ဒီလိုပဲမြင်ပါတယ်”

“ဒါပေမယ့် အခုသူနဲ့ တွေ့တဲ့အချိန်မှာ ဘာပြသနာမှမရှိဘဲ လက်ဆွဲနှုတ်ဆက်မှာပါ”လို့ ဆိုခဲ့တာဖြစ်ပါတယ်။လီဗာပူးလ် အသင်းဟာ ဒီနိုင်ပွဲကြောင့် အုပ်စုတွင်း(၃)ပွဲကစားအပြီးမှာ (၃)ပွဲလုံးအနိုင်ရကာ အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပါတယ်။

အသလက်တီကို အသင်းကတော့ (၃)ပွဲကစားအပြီးမှာ ရမှတ်(၄)မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေတာပါ။ပေါ်တို အသင်းကလည်း ရမှတ်(၄)မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပြီး အေစီမီလန် အသင်းကတော့ ရမှတ်မရသေးဘဲ အုပ်စုနောက်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Zawgyi

အသလက္တီကို အသင္းကေတာ့ ဒီမနက္ပိုင္းက ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ပြဲစဥ္မွာ လီဗာပူးလ္ အသင္းကို (၃)ဂိုး-(၂)ဂိုးနဲ႔ အေရးနိမ့္သြားခဲ့ပါတယ္။လီဗာပူးလ္ အသင္းက ‌ဆာလတ္နဲ႔ ကီတာ တို႔က ဦးေဆာင္ဂိုးသြင္းယူခဲ့ၿပီး ဂရစ္ဇ္မန္းက ေခ်ပဂိုး(၂)ဂိုးျပန္သြင္းခဲ့ပါတယ္။ဒါေပမယ့္ ဂရစ္ဇ္မန္း ထုတ္ပယ္ခံခဲ့ရတာေၾကာင့္ အသလက္တီကို အသင္း႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။

လီဗာပူးလ္ အတြက္ အနိုင္ဂိုးကို ဆာလတ္ က ပင္နယ္တီကေန သြင္းယူသြားခဲ့တာပါ။အဲ့ဒါေၾကာင့္ အသလက္တီကို အသင္းက လီဗာပူးလ္ အသင္းကို အေရးနိမ့္သြားခဲ့တာျဖစ္ပါတယ္။ဒီပြဲစဥ္မွာ အသလက္တီကို အသင္းလည္း ပင္နယ္တီရဖို႔ အခြင့္အေရးရခဲ့ေပမယ့္ ျငင္းပယ္ခံရတာေၾကာင့္ ဆီႁမြန္နီ က ေဒါသထြက္ေနခဲ့တာပါ။

ပြဲၿပီးခ်ိန္မွာေတာ့ ဆီႁမြန္နီ ဟာ ကေလာ့ပ္ကို လက္ဆြဲႏႈတ္ဆက္ျခင္းမျပဳလုပ္ဘဲ ဥမင္လွိုဏ္ေခါင္းထဲကို တန္းၿပီး ေျပးဝင္သြားခဲ့တာျဖစ္ပါတယ္။ကေလာပ့္ကေတာ့ ဒီအျဖစ္အပ်က္နဲ႔ ပတ္သက္ၿပီး မေက်မနပ္ျဖစ္ခဲ့ေပမယ့္ အသလက္တီကို ကစားသမားအခ်ိဳ႕နဲ႔ လက္‌ဆြဲႏႈတ္ဆက္ခဲ့ပါတယ္။

ပြဲအၿပီးမွာ ကေလာပ့္ က “ဒါက ကၽြန္ေတာ္တို႔ မႀကိဳက္ပါဘူး။ဒါေပမယ့္ အေျခအေနက ရွင္းပါတယ္။ကၽြန္ေတာ္က သူ႔ကို လက္ဆြဲႏႈတ္ဆက္ခ်င္ပါတယ္။သူရဲ့တုံ႔ျပန္မႈကေတာ့ သိပ္ၿပီးမေကာင္းပါဘူး။ေနာက္တႀကိမ္ေတြ႕ရင္ေတာ့ ေသခ်ာေပါက္လက္ဆြဲႏႈတ္ဆက္မွာပါ”

“သူဟာ ကၽြန္ေတာ့္ကို ေဒါသထြက္ေနတာမဟုတ္ဘဲ ပြဲအေပၚမွာ ေဒါသထြက္ေနတယ္ဆိုတာ သိသာပါတယ္။အျခားဘာမွမရွိပါဘူး”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။ဆီႁမြန္နီ ကေတာ့ သူဟာ ပြဲေတြအၿပီးမွာ လက္ဆြဲႏႈတ္ဆက္‌ေလ့မရွိဘူးလို႔ ေျပာဆိုခဲ့ဝာာပါ။

ဆီႁမြန္နီ က “ပြဲအၿပီးမွာ ကၽြန္ေတာ္ဟာ ဘယ္ေတာ့မွ လက္ဆြဲႏႈတ္ဆက္ေလ့မရွိပါဘူး။ဘာျဖစ္လို႔လဲဆိုရင္ ကၽြန္ေတာ္ဟာ ဒါကို မႏွစ္သက္လို႔ပါပဲ။နိုင္တဲ့သူအတြက္ေရာ ရႈံးတဲ့သူအတြက္ပါ ဒါဟာ သိပ္ၿပီးမေကာင္းပါဘူး။ကၽြန္ေတာ္ကေတာ့ ဒီလိုပဲျမင္ပါတယ္”

“ဒါေပမယ့္ အခုသူနဲ႔ ေတြ႕တဲ့အခ်ိန္မွာ ဘာျပသနာမွမရွိဘဲ လက္ဆြဲႏႈတ္ဆက္မွာပါ”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။လီဗာပူးလ္ အသင္းဟာ ဒီနိုင္ပြဲေၾကာင့္ အုပ္စုတြင္း(၃)ပြဲကစားအၿပီးမွာ (၃)ပြဲလုံးအနိုင္ရကာ အမွတ္ေပးဇယားကို ဦးေဆာင္ေနတာျဖစ္ပါတယ္။

အသလက္တီကို အသင္းကေတာ့ (၃)ပြဲကစားအၿပီးမွာ ရမွတ္(၄)မွတ္နဲ႔ ဒုတိယေနရာမွာ ရွိေနတာပါ။ေပၚတို အသင္းကလည္း ရမွတ္(၄)မွတ္နဲ႔ တတိယေနရာမွာ ရပ္တည္ေနၿပီး ေအစီမီလန္ အသင္းကေတာ့ ရမွတ္မရေသးဘဲ အုပ္စုေနာက္ဆုံးေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။