လိုက်ပ်ဇစ်နဲ့ ပွဲမှာ ဂိုးသွင်းပြီး ရော်နယ်ဒို ရဲ့ချန်ပီယံလိဂ် စံချိန်ကို အမှီလိုက်နိုင်ခဲ့တဲ့ မက်ဆီ

မက်ဆီ ကတော့ ပီအက်စ်ဂျီ အသင်းက လိုက်ပ်ဇစ် အသင်းကို (၃)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပီအက်စ်ဂျီ အတွက် အနိုင်ဂိုး(၂)ဂိုးသွင်းယူပေးခဲ့ပါတယ်။

မက်ဆီ ဟာ ဒီပွဲမှာ ပီအက်စ်ဂျီ ကစားသမားဘဝ ပထမဆုံးဟတ်ထရစ်ဂိုးရရှိဖို့ အခွင့်အရေးရခဲ့ပေမယ့် ဒီအခွင့်အရေးကို မယူခဲ့တာလည်းဖြစ်ပါတယ်။နာကျင်အချိန်ပိုမှာ ပီအက်စ်ဂျီ အသင်း ပင်နယ်တီကန်သွင်းခွင့်ရခဲ့ပြီး ဒီပင်နယ်တီ ကို မက်ဆီ က မကန်သွင်းဘဲ ဘတ်ပီ ကို ပေးကန်ခဲ့တာဖြစ်ပါတယ်။

ဘတ်ပီ ကတော့ ဒီပင်နယ်တီကို ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။မက်ဆီ အနေနဲ့ ဒီပင်နယ်တီကို ကန်သွင်းပြီး ဂိုးဝင်ခဲ့မယ်ဆိုရင် ပီအက်စ်ဂျီ ကစားသမားဘဝ ပထမဆုံးမှတ်တမ်းကောင်းတခုကို ရရှိမှာဖြစ်ပေမယ့် အခုဆိုရင် ဒီလိုမှတ်တမ်းတခုကို လက်လွှတ်ခဲ့ရတာပါ။

ဒါပေမယ့် မက်ဆီ ဟာ ပြိုင်ဘက်ကြီး ရော်နယ်ဒို ရဲ့ချန်ပီယံလိဂ် စံချိန်မှတ်တမ်းတခုကို အမှီလိုက်နိုင်ခဲ့ပါတယ်။အဲ့ဒါကတော့ ချန်ပီယံလိဂ်သမိုင်းမှာ မတူညီတဲ့ ပြိုင်ဘက်အများဆုံးကို ဂိုးသွင်းယူနိုင်ခဲ့တဲ့ စံချိန်မှတ်တမ်းလည်းဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ချန်ပီယံလိဂ်မှာ မတူညီတဲ့ ပြိုင်ဘက်အသင်း (၃၇)သင်းကို ဂိုးသွင်းယူထားတာပါ။မက်ဆီ ဟာ လိုက်ပ်ဇစ် အသင်းကို ဂိုးသွင်းယူပြီးနောက် သူလည်း မတူညီတဲ့ ပြိုင်ဘက်အသင်း (၃၇)သင်းကို ဂိုးသွင်းယူနိုင်ခဲ့ပြီး ရော်နယ်ဒို ရဲ့စံချိန်ကို အမှီလိုက်နိုင်ခဲ့တာပါ။

မက်ဆီ ကတော့ လိုက်ပ်ဇစ်နဲ့ သွင်းယူခဲ့တဲ့ (၂)ဂိုးကြောင့် ‌ပီအက်စ်ဂျီ ကစားသမားဘဝ သွင်းဂိုး(၃)ဂိုးရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။မက်ဆီ ဟာ ဒီ(၃)ဂိုးလုံးကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာပဲ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ အခုတပတ်မှာ ပြင်သစ်လီဂူးဝမ်းပွဲစဉ်အဖြစ် မာဆေးလ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။အာဂျင်တီးနား အသင်းခေါင်းဆောင် အနေနဲ့ ဒီပွဲမှာ ပီအက်စ်ဂျီ အသင်း အတွက် သူ့ရဲ့ပထမဆုံးလီဂူးဝမ်းသွင်းဂိုးကို ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။

Zawgyi

မက္ဆီ ကေတာ့ ပီအက္စ္ဂ်ီ အသင္းက လိုက္ပ္ဇစ္ အသင္းကို (၃)ဂိုး-(၂)ဂိုးနဲ႔ အနိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ပီအက္စ္ဂ်ီ အတြက္ အနိုင္ဂိုး(၂)ဂိုးသြင္းယူေပးခဲ့ပါတယ္။

မက္ဆီ ဟာ ဒီပြဲမွာ ပီအက္စ္ဂ်ီ ကစားသမားဘဝ ပထမဆုံးဟတ္ထရစ္ဂိုးရရွိဖို႔ အခြင့္အေရးရခဲ့ေပမယ့္ ဒီအခြင့္အေရးကို မယူခဲ့တာလည္းျဖစ္ပါတယ္။နာက်င္အခ်ိန္ပိုမွာ ပီအက္စ္ဂ်ီ အသင္း ပင္နယ္တီကန္သြင္းခြင့္ရခဲ့ၿပီး ဒီပင္နယ္တီ ကို မက္ဆီ က မကန္သြင္းဘဲ ဘတ္ပီ ကို ေပးကန္ခဲ့တာျဖစ္ပါတယ္။

ဘတ္ပီ ကေတာ့ ဒီပင္နယ္တီကို ဂိုးဝင္ေအာင္ ကန္သြင္းနိုင္ခဲ့ျခင္းမရွိပါဘူး။မက္ဆီ အေနနဲ႔ ဒီပင္နယ္တီကို ကန္သြင္းၿပီး ဂိုးဝင္ခဲ့မယ္ဆိုရင္ ပီအက္စ္ဂ်ီ ကစားသမားဘဝ ပထမဆုံးမွတ္တမ္းေကာင္းတခုကို ရရွိမွာျဖစ္ေပမယ့္ အခုဆိုရင္ ဒီလိုမွတ္တမ္းတခုကို လက္လႊတ္ခဲ့ရတာပါ။

ဒါေပမယ့္ မက္ဆီ ဟာ ၿပိဳင္ဘက္ႀကီး ေရာ္နယ္ဒို ရဲ့ခ်န္ပီယံလိဂ္ စံခ်ိန္မွတ္တမ္းတခုကို အမွီလိုက္နိုင္ခဲ့ပါတယ္။အဲ့ဒါကေတာ့ ခ်န္ပီယံလိဂ္သမိုင္းမွာ မတူညီတဲ့ ၿပိဳင္ဘက္အမ်ားဆုံးကို ဂိုးသြင္းယူနိုင္ခဲ့တဲ့ စံခ်ိန္မွတ္တမ္းလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒို ဟာ ခ်န္ပီယံလိဂ္မွာ မတူညီတဲ့ ၿပိဳင္ဘက္အသင္း (၃၇)သင္းကို ဂိုးသြင္းယူထားတာပါ။မက္ဆီ ဟာ လိုက္ပ္ဇစ္ အသင္းကို ဂိုးသြင္းယူၿပီးေနာက္ သူလည္း မတူညီတဲ့ ၿပိဳင္ဘက္အသင္း (၃၇)သင္းကို ဂိုးသြင္းယူနိုင္ခဲ့ၿပီး ေရာ္နယ္ဒို ရဲ့စံခ်ိန္ကို အမွီလိုက္နိုင္ခဲ့တာပါ။

မက္ဆီ ကေတာ့ လိုက္ပ္ဇစ္နဲ႔ သြင္းယူခဲ့တဲ့ (၂)ဂိုးေၾကာင့္ ‌ပီအက္စ္ဂ်ီ ကစားသမားဘဝ သြင္းဂိုး(၃)ဂိုးရွိသြားခဲ့ၿပီလည္းျဖစ္ပါတယ္။မက္ဆီ ဟာ ဒီ(၃)ဂိုးလုံးကို ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာပဲ သြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီ အသင္းဟာ အခုတပတ္မွာ ျပင္သစ္လီဂူးဝမ္းပြဲစဥ္အျဖစ္ မာေဆးလ္ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာပါ။အာဂ်င္တီးနား အသင္းေခါင္းေဆာင္ အေနနဲ႔ ဒီပြဲမွာ ပီအက္စ္ဂ်ီ အသင္း အတြက္ သူ႔ရဲ့ပထမဆုံးလီဂူးဝမ္းသြင္းဂိုးကို ရယူနိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာလည္းျဖစ္ပါတယ္။