ရော်နယ်ဒို တောင် တပတ်ပေါင်၅သိန်းရတာပဲ ဆာလတ်က သူ့ထက်ပိုရသင့်တယ်ဆိုတဲ့ အဘွန်လဟော်

အက်စတွန်ဗီလာ အသင်း တိုက်စစ်မှုးဟောင်း အဘွန်လဟော်က လီဗာပူးလ် တိုက်စစ်မှုး ဆာတ် ဟာ မန်ချက်စဝာာယူနိုက်တက် အသင်း တိုက်စစ်ကစားသမား ရော်နယ်ဒိုထက် လုပ်ခလစာပိုမိုရဖို့ ထိုက်တန်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အခုလက်ရှိပြသနေတဲ့ ခြေစွမ်းတွေကြောင့် ဆာလတ် ဟာ အခုအချိန်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်တယ်လို့ အဘွန်လဟော်က talkSport နဲ့ အင်တာ‌ဗျုးမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။ဆာလတ် ဟာ လက်ရှိအချိန်မှာ လီဗာပူးလ် အသင်းအတွက် ခြေစွမ်းပြနေပြီး (၉)ပွဲဆက်တိုက်ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

အဘွန်လဟော် က “ကျွန်တော်သာ မိုဆာလတ် ဆိုရင် ပရီးမီးယားလိဂ်ရဲ့လစာအမြင့်ဆုံးရ ကစားသမားထက် ပေါင်(၁)ပေါင်ပိုလိုချင်ပါတယ်။ခင်ဗျားတို့သာ အဲ့လိုမပေးဘူးဆိုရင် ကျွန်တော်သွားချင်တဲ့ နေရာကို သွားမှာပါ။သူက လီဗာပူးလ် အတွက်အရေးပါပါတယ်”

“အဲ့အသင်းမှာ သူသာမရှိဘူးဆိုရင် လီဗာပူးလ် အသင်းဟာ လိဂ်ဖလား ဒါမှမဟုတ် ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ဖို့ အခွင့်အရေးရလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။ဆာလတ်ဟာ အလွန်ကောင်းမွန်သလို လီဗာပူးလ် အတွက် အရေးပါတယ်လို့ ခံစားရပါတယ်”

“သူတို့ အနေနဲ့ ထိုက်တန်တဲ့ လစာကို ပေးသင့်ပါတယ်။သူဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားပါ။ကမ္ဘာပေါ်က အကြီးမားဆုံးလိဂ်မှာ ဆာလတ် လုပ်နေတဲ့အရာကိုလုပ်ဖို့ ဘယ်သူကမှ ကြွေးကြော်လို့ မရပါဘူး။သူရဲ့နေရာမှာ ကျွန်တော်သာဆိုရင် ကျွန်တော်နဲ့ ထိုက်တန်တဲ့လစာကို အတိအကျရချင်ပါတယ်”

“ကျွန်တော်ပြောချင်တာက ရော်နယ်ဒို က တပတ်ပေါင်(၅)သိန်းရတယ်ဆိုရင် ကျွန်တော်က တပတ်ပေါင်(၅သိန်း၁ထောင်)ရချင်ပါတယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဆာလတ် ဟာ လက်ရှိအချိန် လီဗာပူးလ် အသင်းမှာ တပတ်လုပ်ခပေါင်(၂)သိန်းရရှိနေတာဖြစ်ပြီး စာချုပ်သစ်မှာ လုပ်ခလစာအများကြီးရဖို့ အတွက် ဆွေးနွေးမှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။ရော်နယ်ဒို ဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ လုပ်ခလစာအမြင့်ဆုံးရရှိနေတာပါ။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ဂျုဗီ ကနေ အိုးထရက်ဖိုဒ့်ကို ရောက်ရှိလာတဲ့ ရော်နယ်ဒို ဟာ တပတ်လုပ်ခပေါင်(၅)သိန်း ရရှိနေတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။