ရော်နယ်ဒို ကို ဝေဖန်ချင်နေတဲ့သူတွေ ဒီပွဲကိုကြည့်လိုက်လို့ ပြောလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက် အသင်းကတော့ အတ္တလန်တာ အသင်းကို ရော်နယ်ဒို ရဲ့သွင်းဂိုးနဲ့ အနိုင်ရပြီးနောက် နည်းပြ ဆိုးလ်ရှားက ရော်နယ်ဒို ကို ဝေဖန်နေတဲ့သူတွေကို ဦးတည်ပြီးပြောလိုက်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီပွဲမှာ အတ္တလန်တာ အသင်းကို (၃)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ (၂)ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်နေခဲ့တာဖြစ်ပြီး ရက်ရှ်ဖိုဒ့်နဲ့ မက်ဂွဲယား က ချေပဂိုးတွေသွင်းယူခဲ့ကာ ရော်နယ်ဒို က အနိုင်ဂိုးသွင်းယူခဲ့တဲ့ အတွက် ပွဲအပြီးမှာ အနိုင်ရရှိကာ အဖိုးတန်(၃)မှတ်ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မကြာသေးခင်က ရော်နယ်ဒို ရဲ့လုပ်အားနှုန်းနဲ့ ခံစစ်ပိုင်း အားထုတ်မှုတွေကို ဝေဖန်ခဲ့ကြတာဖြစ်ပြီး ဆိုးလ်ရှားကတော့ ဒီပွဲအနိုင်ရခဲ့ရာမှာ ရော်နယ်ဒို ကောင်းမွန်တယ်ဆိုတာကို ညွှန်ပြနေတယ်လို့ ဆိုခဲ့ပါတယ်။

ဆိုးလ်ရှားက “သူဟာ ပထမပိုင်းမှာ အခွင့်အရေးတွေရခဲ့ပေမယ့် ဒါကို မားကတ်စ်က ဆက်ပြီးလုပ်နိုင်ခဲ့ပါတယ်။သူဟာ ကျွန်တော်တို့ အတွက် အလွန်အရေးကြီးပါတယ်။ခရစ်စတီယာနိုက ဂိုးရှေ့မှာ အလွန်ကောင်းမွန်တဲ့သူပါ။ဘယ်သူမဆို သူ့ရဲ့အားထုတ်မှုနဲ့ အလုပ်လုပ်နှုန်းကိုဝေဖန်ချင်ရင် ဒီပွဲကိုကြည့်လိုက်ပါ”

“သူဘယ်လိုလုပ်ဆောင်ခဲ့လဲဆိုတာကို ကြည့်လိုက်ပါ။ရော်နယ်ဒို ဒီလမ်းကြောင်းကို ဘယ်လိုဦးဆောင်ခဲ့လဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်အလွန်ကျေနပ်ပါတယ်။သူဟာ ရှေ့တန်းမှာ လုပ်သင့်တဲ့အရာအာလုံးကို လုပ်ခဲ့ပါတယ်။ပြီးတော့ ဂိုးသွင်းတာကတော့ သူပိုကောင်းအောင်လုပ်ခဲ့တဲ့အရာပါပဲ”လို့ဆိုခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ အခုရာသီ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၃)ပွဲလုံးမှာ (၁)ဂိုးစီ သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ရော်နယ်ဒို ဟာ မန်ချက်စတာယူနိုက်တက် အသင်းကို တကျော့ပြန်ရောက်ရှိလာအပြီး (၈)ပွဲကစားထားရာမှာ (၆)ဂိုးသွင်းယူထားတာပါ။

ဒီနိုင်ပွဲကြောင့် ရလဒ်တွေဆိုးနေတဲ့ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ နည်းပြ ဆိုးလ်ရှား အတွက်တော့ ဖိအားတွေအနည်းငယ်လျော့ကျသွားခဲ့တာလည်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီတပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးလ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ အသင္းကေတာ့ အတၱလန္တာ အသင္းကို ေရာ္နယ္ဒို ရဲ့သြင္းဂိုးနဲ႔ အနိုင္ရၿပီးေနာက္ နည္းၿပ ဆိုးလ္ရွားက ေရာ္နယ္ဒို ကို ေဝဖန္ေနတဲ့သူေတြကို ဦးတည္ၿပီးေျပာလိုက္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဒီပြဲမွာ အတၱလန္တာ အသင္းကို (၃)ဂိုး-(၂)ဂိုးနဲ႔ အနိုင္ရခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ (၂)ဂိုး-ဂိုးမရွိနဲ႔ အေရးနိမ့္ေနခဲ့တာျဖစ္ၿပီး ရက္ရွ္ဖိုဒ့္နဲ႔ မက္ဂြဲယား က ေခ်ပဂိုးေတြသြင္းယူခဲ့ကာ ေရာ္နယ္ဒို က အနိုင္ဂိုးသြင္းယူခဲ့တဲ့ အတြက္ ပြဲအၿပီးမွာ အနိုင္ရရွိကာ အဖိုးတန္(၃)မွတ္ကို ရယူနိုင္ခဲ့တာျဖစ္ပါတယ္။

မၾကာေသးခင္က ေရာ္နယ္ဒို ရဲ့လုပ္အားႏႈန္းနဲ႔ ခံစစ္ပိုင္း အားထုတ္မႈေတြကို ေဝဖန္ခဲ့ၾကတာျဖစ္ၿပီး ဆိုးလ္ရွားကေတာ့ ဒီပြဲအနိုင္ရခဲ့ရာမွာ ေရာ္နယ္ဒို ေကာင္းမြန္တယ္ဆိုတာကို ညႊန္ျပေနတယ္လို႔ ဆိုခဲ့ပါတယ္။

ဆိုးလ္ရွားက “သူဟာ ပထမပိုင္းမွာ အခြင့္အေရးေတြရခဲ့ေပမယ့္ ဒါကို မားကတ္စ္က ဆက္ၿပီးလုပ္နိုင္ခဲ့ပါတယ္။သူဟာ ကၽြန္ေတာ္တို႔ အတြက္ အလြန္အေရးႀကီးပါတယ္။ခရစ္စတီယာနိုက ဂိုးေရွ႕မွာ အလြန္ေကာင္းမြန္တဲ့သူပါ။ဘယ္သူမဆို သူ႔ရဲ့အားထုတ္မႈနဲ႔ အလုပ္လုပ္ႏႈန္းကိုေဝဖန္ခ်င္ရင္ ဒီပြဲကိုၾကည့္လိုက္ပါ”

“သူဘယ္လိုလုပ္ေဆာင္ခဲ့လဲဆိုတာကို ၾကည့္လိုက္ပါ။ေရာ္နယ္ဒို ဒီလမ္းေၾကာင္းကို ဘယ္လိုဦးေဆာင္ခဲ့လဲဆိုတာနဲ႔ ပတ္သက္ၿပီး ကၽြန္ေတာ္အလြန္ေက်နပ္ပါတယ္။သူဟာ ေရွ႕တန္းမွာ လုပ္သင့္တဲ့အရာအာလုံးကို လုပ္ခဲ့ပါတယ္။ၿပီးေတာ့ ဂိုးသြင္းတာကေတာ့ သူပိုေကာင္းေအာင္လုပ္ခဲ့တဲ့အရာပါပဲ”လို႔ဆိုခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒို ဟာ အခုရာသီ မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္(၃)ပြဲလုံးမွာ (၁)ဂိုးစီ သြင္းယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။ေရာ္နယ္ဒို ဟာ မန္ခ်က္စတာယူနိုက္တက္ အသင္းကို တေက်ာ့ျပန္ေရာက္ရွိလာအၿပီး (၈)ပြဲကစားထားရာမွာ (၆)ဂိုးသြင္းယူထားတာပါ။

ဒီနိုင္ပြဲေၾကာင့္ ရလဒ္ေတြဆိုးေနတဲ့ မန္ခ်က္စတာယူနိုက္တက္ အသင္းနဲ႔ နည္းၿပ ဆိုးလ္ရွား အတြက္ေတာ့ ဖိအားေတြအနည္းငယ္ေလ်ာ့က်သြားခဲ့တာလည္းျဖစ္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဒီတပတ္မွာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ လီဗာပူးလ္ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။