အတ္တလန္တာကို ရော်နယ်ဒိုဂိုးသွင်းအပြီး ဖြစ်လာတဲ့ စံချိန်ငါးခု

ရော်နယ်ဒို ကတော့ ဒီမနက်က ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက် အသင်းက အတ္တလန္တာအသင်းကို (၃)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရတဲ့ ပွဲမှာ မန်ချက်စဝာာယူနိုက်တက်အတွက် အနိုင်ဂိုးသွင်းယူပေးခဲ့ပြီး စံချိန်မှတ်တမ်းတွေလည်း ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ  အတ္တလန္တာ အသင်းကို ပါဆလစ်၊ဒီမီရယ်လ် တို့ရဲ့သွင်းဂိုးတွေနဲ့ ပထမပိုင်းမှာ အရေးနိမ့်နေခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းမှာတော့ မန်ချက်စတာယူနိုက်တက် အသင်းက ချေပဂိုးရဖို့ ကြိုးစားလာခဲ့ပြီး ရက်ရှ်ဖိုဒ့်နဲ့ မက်ဂွဲယား တို့က ချေပဂိုးသွင်းယူခဲ့တာဖြစ်ကာ အနိုင်ဂိုးကို ရော်နယ်ဒို က သွင်းယူခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ အတ္တလန္တာနဲ့ ပွဲမှာ ဂိုးသွင်းပြီးနောက် စံချိန်မှတ်တမ်း(၅)ခုဖြစ်ပျက်လာခဲ့ပါတယ်။အဲ့ဒါတွေထဲက ပထမတခုကတော့ ရော်နယ်ဒို ဟာ အီတလီကလပ်အသင်းကို ဂိုးသွင်းယူပြီးနောက် ချန်ပီယံလိဂ်မှာ မတူညီတဲ့ အသင်းပေါင်း(၃၈)သင်းကို ဂိုးသွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါဟာ ချန်ပီယံလိဂ်သမိုင်းမှာ အများဆုံးလည်းဖြစ်ပါတယ်။

ဒုတိယတခုကတော့ ရော်နယ်ဒို ဟာ ဒီပွဲမှာ အနိုင်ဂိုးသွင်းယူခဲ့ပြီးနောက် ချန်ပီယံလိဂ်မှာ အနိုင်ဂိုးသွင်းယူတဲ့ ဂိုးအရေအတွက် (၄၂)ဂိုးအထိ ရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။ဒါဟာ ချန်ပီယံလိဂ်သမိုင်းမှာ အနိုင်ဂိုးသွင်းယူတဲ့ အရေအတွက် အများဆုံးလည်းဖြစ်ပါတယ်။သူ့ရဲ့နောက်မှာတော့ မက်ဆီ က (၃၉)ဂိုးနဲ့ ရပ်တည်နေတာပါ။

တတိယခုကတော့ ဘရူနိုဖာနန်ဒတ်စ် ဟာ ဒီပွဲမှာ မန်ချက်စတာယူနိုက်တက် အတွက် ခြေစွမ်းပြပြီး သွင်းဂိုးတွေရဖို့ ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဘရူနိုဖာနန်ဒတ်စ် ဟာ ဒီပွဲမှာ အခွင့်အရေး(၈)ကြိမ်ဖန်တီးနိုင်ခဲ့တာဖြစ်ပြီး (၂၀၀၃-၀၄) ရာသီတည်းက ချန်ပီယံလိဂ်ပွဲတစ်ပွဲတည်းမှာ ဖန်တီးမှုအများဆုံးပြုလုပ်နိုင်တဲ့ ယူနိုက်တက် ကစားသမားလည်းဖြစ်ပါတယ်။

နောက်တခုကတော့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ခံစစ်ပိုင်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ အိမ်ကွင်းမှာ ကစားရပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်(၂)ပွဲမှာဆိုရင် ပေးဂိုး(၃)ဂိုးခွင့်ပြုခဲ့တာပါ။ဒါ့အပြင် မန်ချက်စတာယူနိုက်တက် အသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်(၁၂)ပွဲဆက်တိုက် ပွဲတိုင်းပေးဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ဒါဟာ (၁၉၆၄)က (၁၃)ပွဲဆက်တိုက်ပေးဂိုးပေးရပြီးနောက်ပိုင်း အရှည်ကြာဆုံး မှတ်တမ်းလည်းဖြစ်ခဲ့တာပါ။နောက်တခုကတော့ ရော်နယ်ဒို ဟာ ဒီပွဲမှာ ဂိုးသွင်းယူပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲ(၃)ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ရော်နယ်ဒို ဟာ ယန်းဘွိုင်းစ်၊ဗီလာရီးရယ်လ်နဲ့ ပွဲစဉ်မှာလည်း ဂိုးသွင်းထားတာပါ။

ဒါဟာ (၂၀၀၇) နိုဝင်ဘာလက ယူနိုက်တက် အသင်းနဲ့ အတူ ချန်ပီယံလိဂ်ဖလားဆွတ်ခူးခဲ့တုန်းကလည်း ဒီလိုပဲ (၃)ပွဲဆက်တိုက်ဂိုးသွင်းယူခဲ့တာဖြစ်ပြီး ဒါက ဒုတိယအကြိမ်မြောက် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

Zawgyi

ေရာ္နယ္ဒို ကေတာ့ ဒီမနက္က ကစားခဲ့တဲ့ မန္ခ်က္စတာယူနိုက္တက္ အသင္းက အတၱလႏၲာအသင္းကို (၃)ဂိုး-(၂)ဂိုးနဲ႔ အနိုင္ရတဲ့ ပြဲမွာ မန္ခ်က္စဝာာယူနိုက္တက္အတြက္ အနိုင္ဂိုးသြင္းယူေပးခဲ့ၿပီး စံခ်ိန္မွတ္တမ္းေတြလည္း ရယူနိုင္ခဲ့တာျဖစ္ပါတယ္။

ဒီပြဲမွာ မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ  အတၱလႏၲာ အသင္းကို ပါဆလစ္၊ဒီမီရယ္လ္ တို႔ရဲ့သြင္းဂိုးေတြနဲ႔ ပထမပိုင္းမွာ အေရးနိမ့္ေနခဲ့တာျဖစ္ပါတယ္။ဒုတိယပိုင္းမွာေတာ့ မန္ခ်က္စတာယူနိုက္တက္ အသင္းက ေခ်ပဂိုးရဖို႔ ႀကိဳးစားလာခဲ့ၿပီး ရက္ရွ္ဖိုဒ့္နဲ႔ မက္ဂြဲယား တို႔က ေခ်ပဂိုးသြင္းယူခဲ့တာျဖစ္ကာ အနိုင္ဂိုးကို ေရာ္နယ္ဒို က သြင္းယူခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒို ဟာ အတၱလႏၲာနဲ႔ ပြဲမွာ ဂိုးသြင္းၿပီးေနာက္ စံခ်ိန္မွတ္တမ္း(၅)ခုျဖစ္ပ်က္လာခဲ့ပါတယ္။အဲ့ဒါေတြထဲက ပထမတခုကေတာ့ ေရာ္နယ္ဒို ဟာ အီတလီကလပ္အသင္းကို ဂိုးသြင္းယူၿပီးေနာက္ ခ်န္ပီယံလိဂ္မွာ မတူညီတဲ့ အသင္းေပါင္း(၃၈)သင္းကို ဂိုးသြင္းနိုင္ခဲ့တာလည္းျဖစ္ပါတယ္။ဒါဟာ ခ်န္ပီယံလိဂ္သမိုင္းမွာ အမ်ားဆုံးလည္းျဖစ္ပါတယ္။

ဒုတိယတခုကေတာ့ ေရာ္နယ္ဒို ဟာ ဒီပြဲမွာ အနိုင္ဂိုးသြင္းယူခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္မွာ အနိုင္ဂိုးသြင္းယူတဲ့ ဂိုးအေရအတြက္ (၄၂)ဂိုးအထိ ရွိသြားခဲ့ၿပီလည္းျဖစ္ပါတယ္။ဒါဟာ ခ်န္ပီယံလိဂ္သမိုင္းမွာ အနိုင္ဂိုးသြင္းယူတဲ့ အေရအတြက္ အမ်ားဆုံးလည္းျဖစ္ပါတယ္။သူ႔ရဲ့ေနာက္မွာေတာ့ မက္ဆီ က (၃၉)ဂိုးနဲ႔ ရပ္တည္ေနတာပါ။

တတိယခုကေတာ့ ဘ႐ူနိုဖာနန္ဒတ္စ္ ဟာ ဒီပြဲမွာ မန္ခ်က္စတာယူနိုက္တက္ အတြက္ ေျခစြမ္းျပၿပီး သြင္းဂိုးေတြရဖို႔ ဖန္တီးေပးနိုင္ခဲ့တာျဖစ္ပါတယ္။ဘ႐ူနိုဖာနန္ဒတ္စ္ ဟာ ဒီပြဲမွာ အခြင့္အေရး(၈)ႀကိမ္ဖန္တီးနိုင္ခဲ့တာျဖစ္ၿပီး (၂၀၀၃-၀၄) ရာသီတည္းက ခ်န္ပီယံလိဂ္ပြဲတစ္ပြဲတည္းမွာ ဖန္တီးမႈအမ်ားဆုံးျပဳလုပ္နိုင္တဲ့ ယူနိုက္တက္ ကစားသမားလည္းျဖစ္ပါတယ္။

ေနာက္တခုကေတာ့ မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့ခံစစ္ပိုင္းျဖစ္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ အိမ္ကြင္းမွာ ကစားရေပမယ့္ ေနာက္ဆုံးကစားခဲ့တဲ့ ခ်န္ပီယံလိဂ္(၂)ပြဲမွာဆိုရင္ ေပးဂိုး(၃)ဂိုးခြင့္ျပဳခဲ့တာပါ။ဒါ့အျပင္ မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ အိမ္ကြင္းမွာ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္(၁၂)ပြဲဆက္တိုက္ ပြဲတိုင္းေပးဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ဒါဟာ (၁၉၆၄)က (၁၃)ပြဲဆက္တိုက္ေပးဂိုးေပးရၿပီးေနာက္ပိုင္း အရွည္ၾကာဆုံး မွတ္တမ္းလည္းျဖစ္ခဲ့တာပါ။ေနာက္တခုကေတာ့ ေရာ္နယ္ဒို ဟာ ဒီပြဲမွာ ဂိုးသြင္းယူၿပီးေနာက္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ(၃)ပြဲဆက္တိုက္ဂိုးသြင္းယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။ေရာ္နယ္ဒို ဟာ ယန္းဘြိဳင္းစ္၊ဗီလာရီးရယ္လ္နဲ႔ ပြဲစဥ္မွာလည္း ဂိုးသြင္းထားတာပါ။

ဒါဟာ (၂၀၀၇) နိုဝင္ဘာလက ယူနိုက္တက္ အသင္းနဲ႔ အတူ ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးခဲ့တုန္းကလည္း ဒီလိုပဲ (၃)ပြဲဆက္တိုက္ဂိုးသြင္းယူခဲ့တာျဖစ္ၿပီး ဒါက ဒုတိယအႀကိမ္ေျမာက္ စြမ္းေဆာင္နိုင္ခဲ့တာျဖစ္ပါတယ္။