ကွင်းထဲရှိလည်းဂိုးမသွင်းနိုင်၊ အခုလည်း ကွင်းပြင်ထွက်ထိုင်နေတော့မယ့် ချဲလ်ဆီးတိုက်စစ်မှူးနှစ်ယောက်

ချဲလ်ဆီးတိုက်စစ်မှူးနှစ်ယောက်ဖြစ်တဲ့ တီမိုဗာနာနဲ့ လူကာကူတို့ဟာ မနေ့ညက မာလ်မိုကို (၄) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲမှာ ဒဏ်ရာကိုယ်စီရရှိခဲ့ပါတယ်။

ပွဲကစားချိန် (၂၂) မိနစ်မှာ လူကာကူကို ဒဏ်ရာကြောင့် ဟာဗက်ဇ်နဲ့ လူစားလဲခဲ့ရပြီး ပွဲကစားချိန် (၄၃) မိနစ်မှာတော့ တီမိုဗာနာကို အိုဒွိုင်းနဲ့ လူစားလဲခဲ့ရပါတယ်။

အဓိက တိုက်စစ်မှူးနှစ်ယောက်လုံး ဒဏ်ရာကိုယ်စီရခဲ့ကြပေမယ့် ချဲလ်ဆီးကတော့ ဒီပွဲမှာခြေစွမ်းပြခဲ့ပြီး ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီနှစ်ဂိုး အပါအဝင် ခရစ္စတန်ဆန်၊ ဟာဗက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အနိုင်ရရှိခဲ့တာပါ။

ဒီကစားသမားတွေရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ နည်းပြ သောမတ်စ်တူချယ်လ်က ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောကြားခဲ့ပါတယ်။ “လူကာကူက ခြေကျင်းဝတ်လည်သွားပြီး ဗာနာက တံကောက်ကြောဒဏ်ရာရခဲ့ပါတယ်”

“ကျွန်တော်တို့ဆီမှာ အရင်က ဒဏ်ရာရနေတာ ပူလီဆစ်ပဲရှိပါတယ်။ အခုလည်း ကျွန်တော်တို့ ဆှိပါတယ်။ အခုလည်း ကျွားပြီး ဗာနာက တံကောက်ကြောဒဏ်ရာရခှုင်ခြေပေးစရာမရှိပါဘူး”

“လူကာကူက ဧရိယာထဲမှာ ပြစ်ဒဏ်ဘောဖြစ်ရင်း ခြေကျင်းဝတ်ထိသွားတာပါ။ ဗာနာကတော့ တံကောက်ကြောဆိုတော့ သူတို့အတွက် အနားယူချိန် အနည်းငယ်လိုအပ်တာပေါ့။ တချို့ပွဲတွေ သူတို့လွဲပါလိမ့်မယ်”

“ကျွန်တော်ကတော့ နောင်တမရပါဘူး။ ဘာလို့လဲဆိုတော့ လူကာကူအတွက် ယုံကြည်မှုပြန်ရဖို့ အခိုက်အတန့်ဖြစ်ခဲ့လို့ပါ။ တချို့အရာတွေက ဒီလိုပဲဖြစ်တတ်ပါတယ်။ ကံဆိုးသွားတာပေါ့” လို့ တူချယ်လ်က ဖွင့်ဟပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ လာမယ့်ပွဲတွေမှာ နော့ဝစ်ချ်၊ ဆောက်သမ်တန် (ကာရာဘောင်ဖလား)၊ နယူးကာဆယ်တို့နဲ့ ဆက်တိုက်ရင်ဆိုင်မှာလည်းဖြစ်ပါတယ်။