ဆာလတ် က လီဝန်ဒေါစကီးနဲ့ ဘန်ဇီမာ တို့ရဲ့ခြေဖျားကိုမမှီသေးဘူးလို့ ပြောလိုက်တဲ့ အွန်နရီ

အာဆင်နယ် အသင်း တိုက်စစ်မှုးဟောင်း အွန်နရီ က လီဗာပူးလ် အသင်းတိုက်စစ်ကစားသမား ‌ဆာလတ် ဟာ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံရရှိနေပေမယ့် ကမ္ဘာ့အကောင်းဆုံးကစားသမားမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။အွန်နရီ က လီဝန်ဒေါစကီးနဲ့ ဘန်ဇီမာ ဟာ ဆာလတ်ထက်ပိုကောင်းတယ်လို့ ဆိုခဲ့ပါတယ်။

ဆာလတ် ဟာ ဒီရာသီမှာ လီဗာပူးလ် အတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး ပြိုင်ပွဲစုံ(၁၂)ဂိုးသွင်းယူထားတာပါ။ဘန်ဇီမာ ကတော့ ပြိုင်ပွဲစုံ(၁၁)ဂိုးသွင်းထားပြီး (၈)ဂိုးဖန်တီးထားတာဖြစ်ပါတယ်။လီဝန်ဒေါစကီးက (၁၆)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ဆာလတ် က လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားလားလို့ မေးမြန်းခဲ့ရာမှာ အွန်နရီ က မဟုတ်သေးပါဘူးလို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။ဒါ့အပြင် အွန်နရီက “ဒီအချိန်မှာ သူသွင်းယူခဲ့တဲ့ ဂိုးတွေက အလွန်ကောင်းမွန်ပါတယ်။ဒါပေမယ့် လီဝန်ဒေါစကီးနဲ့ ဘန်ဇီမာ တို့ကို ဘယ်လိုမေ့နိုင်မှာလဲ?”

“လက်ရွေးစင်အဆင့်မှာ ဒီလိုလုပ်နိုင်ခဲ့တာကို ခင်ဗျားဘယ်လိုလုပ်မေ့နိုင်မှာလဲ?ဆာလတ် က အီဂျစ်လက်ရွေးစင် အသင်းမှာ အရမ်းကြီးခြေစွမ်းမပြနိုင်ပါဘူး။ဒါဟာ မလွယ်ကူပါဘူး။ကျွန်တော် ဆာလတ်ကို ချစ်ပါတယ်။ဒါပေမယ့် သူက အကောင်းဆုံးတော့မဟုတ်သေးပါဘူး”လို့ ဆိုခဲ့ပါတယ်။

ဆာလတ် ဟာ လက်ရှိအချိန်မှာ လီဗာပူးလ် အသင်းအတွက် ပြိုင်ပွဲစုံ(၉)ပွဲဆက် ဂိုးသွင်းထားတဲ့ ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းတင်ထားတာပါ။

လီဗာပူးလ် နည်းပြ ကလောပ့် ကတော့ လက်ရှိအချိန်မှာ ဆာလတ် ထက်ပိုကောင်းတဲ့သူမရှိဘူးလို့ ပြောဆိုထားပါတယ်။ရော်နယ်ဒိုနဲ့ မက်ဆီ က အကောင်းဆုံးကစားသမားတွေဖြစ်ပေမယ့် လက်ရှိအချိန်မှာ ဆာလတ် ထက်ကောင်းတဲ့သူမရှိဘူးလို့ ဆိုထားတာဖြစ်ပါတယ်။

ကာရေဂါ အပါအဝင် ဘောလုံးဝေဖန်သုံးသပ်သူတွေကလည်း လက်ရှိပြသနေတဲ့ ခြေစွမ်းတွေကြောင့် ဆာလတ် က ကမ္ဘာ့အကောင်း‌ဆုံးကစားသမားဖြစ်တယ်လို့ ပြောဆိုထားတာဖြစ်ပါတယ်။

Zawgyi

အာဆင္နယ္ အသင္း တိုက္စစ္မႈးေဟာင္း အြန္နရီ က လီဗာပူးလ္ အသင္းတိုက္စစ္ကစားသမား ‌ဆာလတ္ ဟာ လက္ရွိအခ်ိန္မွာ အေကာင္းဆုံးပုံစံရရွိေနေပမယ့္ ကမၻာ့အေကာင္းဆုံးကစားသမားမဟုတ္ဘူးလို႔ ေျပာလိုက္ပါတယ္။အြန္နရီ က လီဝန္ေဒါစကီးနဲ႔ ဘန္ဇီမာ ဟာ ဆာလတ္ထက္ပိုေကာင္းတယ္လို႔ ဆိုခဲ့ပါတယ္။

ဆာလတ္ ဟာ ဒီရာသီမွာ လီဗာပူးလ္ အတြက္ ေျခစြမ္းျပသေနတာျဖစ္ၿပီး ၿပိဳင္ပြဲစုံ(၁၂)ဂိုးသြင္းယူထားတာပါ။ဘန္ဇီမာ ကေတာ့ ၿပိဳင္ပြဲစုံ(၁၁)ဂိုးသြင္းထားၿပီး (၈)ဂိုးဖန္တီးထားတာျဖစ္ပါတယ္။လီဝန္ေဒါစကီးက (၁၆)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။

ဆာလတ္ က လက္ရွိကမၻာ့အေကာင္းဆုံးကစားသမားလားလို႔ ေမးျမန္းခဲ့ရာမွာ အြန္နရီ က မဟုတ္ေသးပါဘူးလို႔ ျပန္လည္ေျဖဆိုခဲ့ပါတယ္။ဒါ့အျပင္ အြန္နရီက “ဒီအခ်ိန္မွာ သူသြင္းယူခဲ့တဲ့ ဂိုးေတြက အလြန္ေကာင္းမြန္ပါတယ္။ဒါေပမယ့္ လီဝန္ေဒါစကီးနဲ႔ ဘန္ဇီမာ တို႔ကို ဘယ္လိုေမ့နိုင္မွာလဲ?”

“လက္ေရြးစင္အဆင့္မွာ ဒီလိုလုပ္နိုင္ခဲ့တာကို ခင္ဗ်ားဘယ္လိုလုပ္ေမ့နိုင္မွာလဲ?ဆာလတ္ က အီဂ်စ္လက္ေရြးစင္ အသင္းမွာ အရမ္းႀကီးေျခစြမ္းမျပနိုင္ပါဘူး။ဒါဟာ မလြယ္ကူပါဘူး။ကၽြန္ေတာ္ ဆာလတ္ကို ခ်စ္ပါတယ္။ဒါေပမယ့္ သူက အေကာင္းဆုံးေတာ့မဟုတ္ေသးပါဘူး”လို႔ ဆိုခဲ့ပါတယ္။

ဆာလတ္ ဟာ လက္ရွိအခ်ိန္မွာ လီဗာပူးလ္ အသင္းအတြက္ ၿပိဳင္ပြဲစုံ(၉)ပြဲဆက္ ဂိုးသြင္းထားတဲ့ ပထမဆုံးကစားသမားအျဖစ္လည္း မွတ္တမ္းတင္ထားတာပါ။

လီဗာပူးလ္ နည္းၿပ ကေလာပ့္ ကေတာ့ လက္ရွိအခ်ိန္မွာ ဆာလတ္ ထက္ပိုေကာင္းတဲ့သူမရွိဘူးလို႔ ေျပာဆိုထားပါတယ္။ေရာ္နယ္ဒိုနဲ႔ မက္ဆီ က အေကာင္းဆုံးကစားသမားေတြျဖစ္ေပမယ့္ လက္ရွိအခ်ိန္မွာ ဆာလတ္ ထက္ေကာင္းတဲ့သူမရွိဘူးလို႔ ဆိုထားတာျဖစ္ပါတယ္။

ကာေရဂါ အပါအဝင္ ေဘာလုံးေဝဖန္သုံးသပ္သူေတြကလည္း လက္ရွိျပသေနတဲ့ ေျခစြမ္းေတြေၾကာင့္ ဆာလတ္ က ကမၻာ့အေကာင္း‌ဆုံးကစားသမားျဖစ္တယ္လို႔ ေျပာဆိုထားတာျဖစ္ပါတယ္။