ရော်နယ်ဒို သာ စောစောထဲက ထွက်သွားရင် ဂျုဗီ က အခုထက်ပိုကောင်းမယ်လို့ ဆိုတဲ့ ချီလီနီ

ဂျုဗင်တပ်စ် အသင်းအနေနဲ့ ရော်နယ်ဒို ကို အံအားသင့်ဖွယ်ထွက်ခွာခွင့်ပြုခဲ့ပြီးနောက် ပေးဆပ်ခဲ့ရပြီး ပေါ်တူဂီ ကစားသမားအနေနဲ့ စောစောစီးစီးထွက်ခွာသွားမယ်ဆိုရင် အားလုံးအတွက် ပိုကောင်းလိမ့်မယ်လို့ အသင်းခေါင်းဆောင် ချီလီနီက ပြောလိုက်ပါတယ်။

ရော်နယ်ဒို ဟာ အပြောင်းအရွှေ့ပိတ်ခါနီး နောက်ဆုံးရက်သတ္တပတ်မှာ ဂျုဗင်တပ်စ် ကနေ မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းရွှေ့ခဲ့တာပါ။အဲ့ဒါကြောင့် ဂျုဗင်တပ်စ် အသင်းဟာ သူ့ရဲ့နေရာမှာ အစားထိုးဖို့ အတွက် ကစားသမားရှာဖွေရာမှာ ရက်အနည်းငယ်ပဲ အချိန်ရတော့တဲ့အတွက် ခက်ခဲခဲ့တာဖြစ်ပါတယ်။

ဂျုဗင်တပ်စ် အသင်းဟာ ရော်နယ်ဒို နေရာမှာ ကစားသမားဟောင်းဖြစ်တဲ့ မွိုက်ဆီကိန်းကို အလျင်အမြန်ခေါ်ယူခဲ့ရတာဖြစ်ပြီး ရာသီအစပိုင်းမှာ ရလဒ်တွေဆိုးရွားခဲ့တာလည်းဖြစ်ပါတယ်။ချီလီနီ က “ခရစ်စတီယာနို ဟာ သူ့ရဲ့ရည်မှန်းချက်အသစ်တွေနဲ့ သူကစားမယ့် အသင်းလိုအပ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ဟာ ဆက်ဆံရေးတခုရဲ့အမှတ်တခုကို ရောက်နေပါပြီ”

“ဘာဖြစ်လို့လဲဆိုရင် သူက အဲ့လိုအသင်းတွေ့တဲ့ အချိန်မှာ သူ့ရဲ့ဆုံးဖြတ်ချက်က ပြတ်သားသွားပါတယ်။သူဟာ ဒီလတွေမှာ ဒါတွေကို သက်သေပြနေသလို ကျွန်တော်တို့ကိုလည်း ပြသခဲ့ပါတယ်။ဒီအချိန်မှာ ဂျုဗင်တပ်စ် က ငယ်ရွယ်နုပျိုမှုတွေနဲ့ သွေးသစ်လောင်းမယ့် အစီအစဉ်က စတင်နေပါပြီ”

“ရော်နယ်ဒို သာ ရှိနေရင် သူဟာ တန်ဖိုးပိုပြီးရှိနေပါလိမ့်မယ်။ဒါပေမယ့် သူက ပစ္စုပ္ပန်ထက် အနာဂတ်ကို ပိုတွေးတာက ပုံမှန်ပါပဲ။ရော်နယ်ဒို က ဩဂုတ်လ(၂၈)ရက်က ထွက်ခွာသွားခဲ့တယ်။သူသာ စောစောထွက်ခွာသွားခဲ့မယ်ဆိုရင် ကျွန်တော်တို့ အတွက် ပိုကောင်းပါလိမ့်မယ်”

“အဲ့ဒီအတွက် ကျွန်တော်တို့ အနည်းငယ်ပေးဆပ်ခဲ့ရတယ်၊အနည်းငယ် ထိတ်လန့်ခဲ့ရတယ်၊ကျွန်တော်တို့ အမှတ်တွေလည်း ဆုံးရှုံးခဲ့ရပါတယ်။သူသာ စောစောထွက်ခွာသွားခဲ့မယ်ဆိုရင် ကျွန်တော်တို့ ပိုကောင်းအောင်ပြင်ဆင်ဖို့ အချိန်ရှိပါလိမ့်မယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဂျုဗင်တပ်စ် အသင်းဟာ ရာသီအစ စီးရီးအေပွဲစဉ်(၄)ပွဲလုံးနိုင်ပွဲပျောက်ဆုံးခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ (၇)ပွဲဆက်တိုက် အနိုင်ရရှိကာ လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။ရော်နယ်ဒို ကတော့ မန်ချက်စတာယူနိုက်တက် အတွက် (၈)ပွဲပါဝင်ကစားထားပြီး (၆)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၂)ပွဲလုံး မန်ချက်စတာယူနိုက်တက် အသင်းအတွက် နောက်ကျအနိုင်ဂိုးတွေသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi

ဂ်ဳဗင္တပ္စ္ အသင္းအေနနဲ႔ ေရာ္နယ္ဒို ကို အံအားသင့္ဖြယ္ထြက္ခြာခြင့္ျပဳခဲ့ၿပီးေနာက္ ေပးဆပ္ခဲ့ရၿပီး ေပၚတူဂီ ကစားသမားအေနနဲ႔ ေစာေစာစီးစီးထြက္ခြာသြားမယ္ဆိုရင္ အားလုံးအတြက္ ပိုေကာင္းလိမ့္မယ္လို႔ အသင္းေခါင္းေဆာင္ ခ်ီလီနီက ေျပာလိုက္ပါတယ္။

ေရာ္နယ္ဒို ဟာ အေျပာင္းအေရႊ႕ပိတ္ခါနီး ေနာက္ဆုံးရက္သတၱပတ္မွာ ဂ်ဳဗင္တပ္စ္ ကေန မန္ခ်က္စတာယူနိုက္တက္ အသင္းကို ေျပာင္းေရႊ႕ခဲ့တာပါ။အဲ့ဒါေၾကာင့္ ဂ်ဳဗင္တပ္စ္ အသင္းဟာ သူ႔ရဲ့ေနရာမွာ အစားထိုးဖို႔ အတြက္ ကစားသမားရွာေဖြရာမွာ ရက္အနည္းငယ္ပဲ အခ်ိန္ရေတာ့တဲ့အတြက္ ခက္ခဲခဲ့တာျဖစ္ပါတယ္။

ဂ်ဳဗင္တပ္စ္ အသင္းဟာ ေရာ္နယ္ဒို ေနရာမွာ ကစားသမားေဟာင္းျဖစ္တဲ့ မြိဳက္ဆီကိန္းကို အလ်င္အျမန္ေခၚယူခဲ့ရတာျဖစ္ၿပီး ရာသီအစပိုင္းမွာ ရလဒ္ေတြဆိုးရြားခဲ့တာလည္းျဖစ္ပါတယ္။ခ်ီလီနီ က “ခရစ္စတီယာနို ဟာ သူ႔ရဲ့ရည္မွန္းခ်က္အသစ္ေတြနဲ႔ သူကစားမယ့္ အသင္းလိုအပ္ေနတဲ့ အခ်ိန္မွာ ကၽြန္ေတာ္တို႔ဟာ ဆက္ဆံေရးတခုရဲ့အမွတ္တခုကို ေရာက္ေနပါၿပီ”

“ဘာျဖစ္လို႔လဲဆိုရင္ သူက အဲ့လိုအသင္းေတြ႕တဲ့ အခ်ိန္မွာ သူ႔ရဲ့ဆုံးျဖတ္ခ်က္က ျပတ္သားသြားပါတယ္။သူဟာ ဒီလေတြမွာ ဒါေတြကို သက္ေသျပေနသလို ကၽြန္ေတာ္တို႔ကိုလည္း ျပသခဲ့ပါတယ္။ဒီအခ်ိန္မွာ ဂ်ဳဗင္တပ္စ္ က ငယ္ရြယ္ႏုပ်ိဳမႈေတြနဲ႔ ေသြးသစ္ေလာင္းမယ့္ အစီအစဥ္က စတင္ေနပါၿပီ”

“ေရာ္နယ္ဒို သာ ရွိေနရင္ သူဟာ တန္ဖိုးပိုၿပီးရွိေနပါလိမ့္မယ္။ဒါေပမယ့္ သူက ပစၥဳပၸန္ထက္ အနာဂတ္ကို ပိုေတြးတာက ပုံမွန္ပါပဲ။ေရာ္နယ္ဒို က ဩဂုတ္လ(၂၈)ရက္က ထြက္ခြာသြားခဲ့တယ္။သူသာ ေစာေစာထြက္ခြာသြားခဲ့မယ္ဆိုရင္ ကၽြန္ေတာ္တို႔ အတြက္ ပိုေကာင္းပါလိမ့္မယ္”

“အဲ့ဒီအတြက္ ကၽြန္ေတာ္တို႔ အနည္းငယ္ေပးဆပ္ခဲ့ရတယ္၊အနည္းငယ္ ထိတ္လန႔္ခဲ့ရတယ္၊ကၽြန္ေတာ္တို႔ အမွတ္ေတြလည္း ဆုံးရႈံးခဲ့ရပါတယ္။သူသာ ေစာေစာထြက္ခြာသြားခဲ့မယ္ဆိုရင္ ကၽြန္ေတာ္တို႔ ပိုေကာင္းေအာင္ျပင္ဆင္ဖို႔ အခ်ိန္ရွိပါလိမ့္မယ္”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ဂ်ဳဗင္တပ္စ္ အသင္းဟာ ရာသီအစ စီးရီးေအပြဲစဥ္(၄)ပြဲလုံးနိုင္ပြဲေပ်ာက္ဆုံးခဲ့ေပမယ့္ ေနာက္ဆုံးကစားခဲ့တဲ့ (၇)ပြဲဆက္တိုက္ အနိုင္ရရွိကာ လမ္းေၾကာင္းမွန္ေပၚ ျပန္လည္ေရာက္ရွိလာခဲ့တာလည္းျဖစ္ပါတယ္။ေရာ္နယ္ဒို ကေတာ့ မန္ခ်က္စတာယူနိုက္တက္ အတြက္ (၈)ပြဲပါဝင္ကစားထားၿပီး (၆)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။

ေရာ္နယ္ဒို ဟာ ေနာက္ဆုံးကစားခဲ့တဲ့ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္(၂)ပြဲလုံး မန္ခ်က္စတာယူနိုက္တက္ အသင္းအတြက္ ေနာက္က်အနိုင္ဂိုးေတြသြင္းယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။