နည်းပြဘဝပွဲ ၁ထောင်ကျော်မှာ ဂူးဂဲလ်‌ တောင်မသိတဲ့ အသင်းကိုမှ အရှက်တကွဲရှုံးခဲ့တဲ့ မော်ရင်ဟို

မော်ရင်ဟို ရဲ့ရိုးမား အသင်းကတော့ မ‌နေ့ညက ကစားခဲ့တဲ့ ယူရိုပါကွန်းဖရန့်စ်လိဂ် အုပ်စုအဆင့်ပွဲစဉ်မှာ နော်ဝေးကလပ် ဘိုဒိုဂီလင့်မ် အသင်းကို (၆)ဂိုး-(၁)ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်သွားခဲ့တာဖြစ်ပါတယ်။

ရိုးမား အသင်းဟာ ဒီပွဲမှာ ကစားသမားအများအပြားကို အပြောင်းအလဲပြုလုပ်ကာ ပွဲထွက်လာခဲ့တာလည်းဖြစ်ပါတယ်။ရိုးမား အသင်းဟာ ပထမပိုင်းမှာ (၂)ဂိုး-(၁)ဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ နောက်ထပ်(၄)ဂိုးထပ်ပေးခဲ့ရကာ (၆)ဂိုး-(၁)ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါဟာ မော်ရင်ဟို ရဲ့နည်းပြဘဝ ပွဲပေါင်း (၁၀၀၈) ပွဲမှာ ပထမဆုံးအကြိမ် ပြိုင်ဘက်အသင်းက (၆)ဂိုးသွင်းတာကို ခံခဲ့ရပြီး အရှက်တကွဲရှုံးနိမ့်မှုနဲ့ ကြုံတွေ့ခဲ့ရတာပါ။မော်ရင်ဟို ကတော့ ဒီလို အရှက်တကွဲရှုံးနိမ့်ခဲ့တာဟာ သူ့မှာတာဝန်အပြည့်ရှိတယ်လို့ ပြောသွားခဲ့ပါတယ်။

မော်ရင်ဟို က “ဒီလူစာရင်းနဲ့ ကစားဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တာပါ။အဲ့ဒါကြောင့် ကျွန်တော့်မှာ တာဝန်ရှိပါတယ်။အေးခဲတဲ့ ရာသီဥတုမှာ အသင်းကို လှည့်လှည်ပြီး အသုံးပြုဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ကစားသမားတွေကို အခွင့်အရေးပေးဖို့ ဆိုပြီး ရည်ရွယ်ချက်ကောင်းတွေနဲ့ လုပ်ခဲ့တာပါ”

“ကစားသမားအများအပြားကို အနားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။စွမ်းဆောင်ရည်ပိုကောင်းတဲ့ အသင်းကို ကျွန်တော်တို့ အရေးနိမ့်ခဲ့တာပါ။ဒါက ရိုးရှင်းပါတယ်။ပွဲထွက်(၁၁)ယောက်ကို အမြဲတမ်းအသုံးပြုလို့ရရင် ကျွန်တော်အသုံးပြုမှာပေါ့။ဒါက အန္တရယ်များပါတယ်”

“ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ရဲ့ကစားသမားအုပ်စု(၂)ခုကြားမှာ ကြီးမားတဲ့ ကွာဟမှုရှိနေလို့ပါပဲ။ဒီအသင်းရဲ့ကန့်သတ်ချက်တွေကို ကျွန်တော်သိပါတယ်။ဒါဟာ ကျွန်တော့်အတွက်တော့ အသစ်အဆန်းမဟုတ်ပါဘူး”

“ပိုကောင်းတဲ့ တုံ့ပြန်မှုကိုရဖို့တော့ မျှော်လင့်တာပေါ့။ကျွန်တော်ပြောခဲ့သလိုပဲ သူတို့ကို ကစားခွင့်ပေးဖို့က ကျွန်တော့်ရဲ့ရွေးချယ်မှုဖြစ်သလို ဒါက ကျွန်တော့်ရဲ့တာဝန်ပါပဲ”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ရိုးမား အသင်းဟာ အုပ်စုတွင်း(၃)ပွဲကစားပြီးချိန်မှာ (၂)ပွဲနိုင် (၁)ပွဲရှုံးနဲ့ ဒုတိယနေရာမှာ ရှိနေတာဖြစ်ပြီး ဘိုဒိုဂီလင့်မ် အသင်းကတော့ (၂)ပွဲနိုင် (၁)ပွဲသရေ (၇)မှတ်ရရှိကာ အုပ်စုတွင်းဦးဆောင်နေတာဖြစ်ပါတယ်။

Zawgyi

ေမာ္ရင္ဟို ရဲ့ရိုးမား အသင္းကေတာ့ မ‌ေန႔ညက ကစားခဲ့တဲ့ ယူရိုပါကြန္းဖရန႔္စ္လိဂ္ အုပ္စုအဆင့္ပြဲစဥ္မွာ ေနာ္ေဝးကလပ္ ဘိုဒိုဂီလင့္မ္ အသင္းကို (၆)ဂိုး-(၁)ဂိုးနဲ႔ ဂိုးျပတ္အေရးနိမ့္သြားခဲ့တာျဖစ္ပါတယ္။

ရိုးမား အသင္းဟာ ဒီပြဲမွာ ကစားသမားအမ်ားအျပားကို အေျပာင္းအလဲျပဳလုပ္ကာ ပြဲထြက္လာခဲ့တာလည္းျဖစ္ပါတယ္။ရိုးမား အသင္းဟာ ပထမပိုင္းမွာ (၂)ဂိုး-(၁)ဂိုးနဲ႔ အေရးနိမ့္ခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းမွာ ေနာက္ထပ္(၄)ဂိုးထပ္ေပးခဲ့ရကာ (၆)ဂိုး-(၁)ဂိုးနဲ႔ ဂိုးျပတ္အေရးနိမ့္ခဲ့တာလည္းျဖစ္ပါတယ္။

ဒါဟာ ေမာ္ရင္ဟို ရဲ့နည္းျပဘဝ ပြဲေပါင္း (၁၀၀၈) ပြဲမွာ ပထမဆုံးအႀကိမ္ ၿပိဳင္ဘက္အသင္းက (၆)ဂိုးသြင္းတာကို ခံခဲ့ရၿပီး အရွက္တကြဲရႈံးနိမ့္မႈနဲ႔ ၾကဳံေတြ႕ခဲ့ရတာပါ။ေမာ္ရင္ဟို ကေတာ့ ဒီလို အရွက္တကြဲရႈံးနိမ့္ခဲ့တာဟာ သူ႔မွာတာဝန္အျပည့္ရွိတယ္လို႔ ေျပာသြားခဲ့ပါတယ္။

ေမာ္ရင္ဟို က “ဒီလူစာရင္းနဲ႔ ကစားဖို႔ ကၽြန္ေတာ္ဆုံးျဖတ္ခဲ့တာပါ။အဲ့ဒါေၾကာင့္ ကၽြန္ေတာ့္မွာ တာဝန္ရွိပါတယ္။ေအးခဲတဲ့ ရာသီဥတုမွာ အသင္းကို လွည့္လွည္ၿပီး အသုံးျပဳဖို႔ ႀကိဳးစားခဲ့တာျဖစ္ၿပီး ကစားသမားေတြကို အခြင့္အေရးေပးဖို႔ ဆိုၿပီး ရည္ရြယ္ခ်က္ေကာင္းေတြနဲ႔ လုပ္ခဲ့တာပါ”

“ကစားသမားအမ်ားအျပားကို အနားေပးဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။စြမ္းေဆာင္ရည္ပိုေကာင္းတဲ့ အသင္းကို ကၽြန္ေတာ္တို႔ အေရးနိမ့္ခဲ့တာပါ။ဒါက ရိုးရွင္းပါတယ္။ပြဲထြက္(၁၁)ေယာက္ကို အျမဲတမ္းအသုံးျပဳလို႔ရရင္ ကၽြန္ေတာ္အသုံးျပဳမွာေပါ့။ဒါက အႏၲရယ္မ်ားပါတယ္”

“ဘာျဖစ္လို႔လဲဆိုရင္ ကၽြန္ေတာ္တို႔ရဲ့ကစားသမားအုပ္စု(၂)ခုၾကားမွာ ႀကီးမားတဲ့ ကြာဟမႈရွိေနလို႔ပါပဲ။ဒီအသင္းရဲ့ကန႔္သတ္ခ်က္ေတြကို ကၽြန္ေတာ္သိပါတယ္။ဒါဟာ ကၽြန္ေတာ့္အတြက္ေတာ့ အသစ္အဆန္းမဟုတ္ပါဘူး”

“ပိုေကာင္းတဲ့ တုံ႔ျပန္မႈကိုရဖို႔ေတာ့ ေမၽွာ္လင့္တာေပါ့။ကၽြန္ေတာ္ေျပာခဲ့သလိုပဲ သူတို႔ကို ကစားခြင့္ေပးဖို႔က ကၽြန္ေတာ့္ရဲ့ေရြးခ်ယ္မႈျဖစ္သလို ဒါက ကၽြန္ေတာ့္ရဲ့တာဝန္ပါပဲ”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ရိုးမား အသင္းဟာ အုပ္စုတြင္း(၃)ပြဲကစားၿပီးခ်ိန္မွာ (၂)ပြဲနိုင္ (၁)ပြဲရႈံးနဲ႔ ဒုတိယေနရာမွာ ရွိေနတာျဖစ္ၿပီး ဘိုဒိုဂီလင့္မ္ အသင္းကေတာ့ (၂)ပြဲနိုင္ (၁)ပြဲသေရ (၇)မွတ္ရရွိကာ အုပ္စုတြင္းဦးေဆာင္ေနတာျဖစ္ပါတယ္။