ဘာကာ မဟုတ်တဲ့ ဂျာစီနဲ့ မက်ဆီ ကို တွေ့ရဖို့ ဘယ်တုန်းကမှမထင်ခဲ့ကြောင်းဆိုလာတဲ့ ရော်နယ်ဒင်ဟို

ဘာစီလိုနာ နဲ့ ပီအက်စ်ဂျီ အသင်းကစားသမားဟောင်း ရော်နယ်ဒင်ဟို က မက်ဆီ အနေနဲ့ ပီအက်စ်ဂျီ အသင်းကို ပြောင်းရွှေ့လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ကြောင်းပြောလိုက်ပါတယ်။

မက်ဆီ ဟာ ဘာစီလိုနာ အသင်းနဲ့ စာချုပ်သစ်အဆင်မပြေခဲ့တာကြောင့် ပီအက်စ်ဂျီ အသင်းကို အံအားသင့်ဖွယ်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။မက်ဆီ ဟာ ပီအက်စ်ဂျီ အသင်းအတွက် လီဂူးဝမ်းပြိုင်ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၃)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ရော်နယ်ဒင်ဟို ကတော့ မက်ဆီရဲ့ဘာစီလိုနာ အစောပိုင်းနေ့တွေနဲ့ ပီအက်စ်ဂျီ ကို မမျှော်လင့်ဘဲ ပြောင်းရွှေ့ခဲ့ပုံတွေကို အင်တာဗျုးမှာဖြေဆိုခဲ့ပါတယ်။ရော်နယ်ဒင်ဟို က “ကျွန်တော် ဘာစီလိုနာကို ရောက်တော့ ဒီလိုအံဩစရာကောင်းတဲ့ လူငယ်တဦးဖြစ်တဲ့ မက်ဆီ အကြောင်း ပြောပြီးပါပြီ”

“ကျွန်တော်တို့ အတူတူလေ့ကျင့်တဲ့ အချိန်မှာ သူ့အရည်အသွေးတွေကို မြင်ခဲ့ရပါတယ်။ကစားပွဲနဲ့ လေ့ကျင့်ရေးမှာ သူဟာကွဲပြားခြားနားတာကို ကျွန်တော််တို့မြင်တွေ့ရပါတယ်”

“သူလုပ်ဆောင်တာတွေကို ကြည့်ရတာပျော်ဖို့ ကောင်းပြီး သူဟာ ကျွန်တော့်အတွက် မှန်ကန်တဲ့ သူငယ်ချင်းဖြစ်လာခဲ့ပါတယ်။ကျွန်တော် ဥရောပမှာ စခဲ့တဲ့ ကလပ်မှာ သူ့ကို တွေ့ရတာ ကျွန်တော်ပျော်ရွှင်ပါတယ်။ဒီလိုဖြစ်လိမ့်မယ်လို့တော့ ကျွန်တော်ထင်ခဲ့တာမဟုတ်ပါဘူး”

“သူဟာ ဘာစီလိုနာမှာပဲ ကစားသမားဘဝ အဆုံးသတ်ဖို့ သေချာခဲ့တာပါ။ကျွန်တော့်အတွက် ဒါဟာ အံဩစရာဖြစ်ခဲ့ရပါတယ်။ကျွန်တော် ပီအက်စ်ဂျီ ကို သဘောကျပါတယ်။ဒါပေမယ့် အံဩစရာကောင်းပါတယ်၊ဘာဖြစ်လို့လဲဆိုရင် ဘာစီလိုနာ မဟုတ်တဲ့ ဂျာစီနဲ့ သူ့ကို တွေ့ရမယ်လို့ ကျွန်တော်ဘယ်တုန်းကမှ မထင်ခဲ့တာကြောင့်ပါ”

ရော်နယ်ဒင်ဟို နဲ့ မက်ဆီ တို့ ဟာ ဘာစီလိုနာ အသင်းမှာ အတူတွဲကစားခဲ့ကြပြီး ခြေစွမ်းပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။သူတို့(၂)ဦးဟာ ပီအက်စ်ဂျီ က လိုက်ပ်ဇစ် အသင်းကို အနိုင်ရတဲ့ ပွဲစဉ်မစခင်မှာ တွေ့ဆုံခဲ့ကြပြီး ပွေ့ဖက်နေခဲ့ကြတာလည်းဖြစ်ပါတယ်။

Zawgyi

ဘာစီလိုနာ နဲ႔ ပီအက္စ္ဂ်ီ အသင္းကစားသမားေဟာင္း ေရာ္နယ္ဒင္ဟို က မက္ဆီ အေနနဲ႔ ပီအက္စ္ဂ်ီ အသင္းကို ေျပာင္းေရႊ႕လိမ့္မယ္လို႔ ဘယ္တုန္းကမွ မထင္ခဲ့ေၾကာင္းေျပာလိုက္ပါတယ္။

မက္ဆီ ဟာ ဘာစီလိုနာ အသင္းနဲ႔ စာခ်ဳပ္သစ္အဆင္မေျပခဲ့တာေၾကာင့္ ပီအက္စ္ဂ်ီ အသင္းကို အံအားသင့္ဖြယ္ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။မက္ဆီ ဟာ ပီအက္စ္ဂ်ီ အသင္းအတြက္ လီဂူးဝမ္းၿပိဳင္ပြဲမွာ ဂိုးမသြင္းနိုင္ခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ (၃)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။

ေရာ္နယ္ဒင္ဟို ကေတာ့ မက္ဆီရဲ့ဘာစီလိုနာ အေစာပိုင္းေန႔ေတြနဲ႔ ပီအက္စ္ဂ်ီ ကို မေမၽွာ္လင့္ဘဲ ေျပာင္းေရႊ႕ခဲ့ပုံေတြကို အင္တာဗ်ဳးမွာေျဖဆိုခဲ့ပါတယ္။ေရာ္နယ္ဒင္ဟို က “ကၽြန္ေတာ္ ဘာစီလိုနာကို ေရာက္ေတာ့ ဒီလိုအံဩစရာေကာင္းတဲ့ လူငယ္တဦးျဖစ္တဲ့ မက္ဆီ အေၾကာင္း ေျပာၿပီးပါၿပီ”

“ကၽြန္ေတာ္တို႔ အတူတူေလ့က်င့္တဲ့ အခ်ိန္မွာ သူ႔အရည္အေသြးေတြကို ျမင္ခဲ့ရပါတယ္။ကစားပြဲနဲ႔ ေလ့က်င့္ေရးမွာ သူဟာကြဲျပားျခားနားတာကို ကၽြန္ေတာ္္တို႔ျမင္ေတြ႕ရပါတယ္”

“သူလုပ္ေဆာင္တာေတြကို ၾကည့္ရတာေပ်ာ္ဖို႔ ေကာင္းၿပီး သူဟာ ကၽြန္ေတာ့္အတြက္ မွန္ကန္တဲ့ သူငယ္ခ်င္းျဖစ္လာခဲ့ပါတယ္။ကၽြန္ေတာ္ ဥေရာပမွာ စခဲ့တဲ့ ကလပ္မွာ သူ႔ကို ေတြ႕ရတာ ကၽြန္ေတာ္ေပ်ာ္ရႊင္ပါတယ္။ဒီလိုျဖစ္လိမ့္မယ္လို႔ေတာ့ ကၽြန္ေတာ္ထင္ခဲ့တာမဟုတ္ပါဘူး”

“သူဟာ ဘာစီလိုနာမွာပဲ ကစားသမားဘဝ အဆုံးသတ္ဖို႔ ေသခ်ာခဲ့တာပါ။ကၽြန္ေတာ့္အတြက္ ဒါဟာ အံဩစရာျဖစ္ခဲ့ရပါတယ္။ကၽြန္ေတာ္ ပီအက္စ္ဂ်ီ ကို သေဘာက်ပါတယ္။ဒါေပမယ့္ အံဩစရာေကာင္းပါတယ္၊ဘာျဖစ္လို႔လဲဆိုရင္ ဘာစီလိုနာ မဟုတ္တဲ့ ဂ်ာစီနဲ႔ သူ႔ကို ေတြ႕ရမယ္လို႔ ကၽြန္ေတာ္ဘယ္တုန္းကမွ မထင္ခဲ့တာေၾကာင့္ပါ”

ေရာ္နယ္ဒင္ဟို နဲ႔ မက္ဆီ တို႔ ဟာ ဘာစီလိုနာ အသင္းမွာ အတူတြဲကစားခဲ့ၾကၿပီး ေျခစြမ္းျပသနိုင္ခဲ့တာလည္းျဖစ္ပါတယ္။သူတို႔(၂)ဦးဟာ ပီအက္စ္ဂ်ီ က လိုက္ပ္ဇစ္ အသင္းကို အနိုင္ရတဲ့ ပြဲစဥ္မစခင္မွာ ေတြ႕ဆုံခဲ့ၾကၿပီး ေပြ႕ဖက္ေနခဲ့ၾကတာလည္းျဖစ္ပါတယ္။