ဗီလာ ကို အနိုင်ရပြီး နောက်ဆုံးကစားထားတဲ့ ၇ပွဲဆက်ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားတဲ့ အာဆင်နယ်

အာဆင်နယ် အသင်းဟာ ဒီမနက်ပိုင်းက ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အက်စတွန်ဗီလာ အသင်းနဲ့ ကစားခဲ့ရာ (၃)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။အာဆင်နယ် အတွက်ဂိုးတွေကို ပါတေး၊အူဘာမီယန်းနဲ့ စမစ်ရိုဝီ တို့က သွင်းယူခဲ့တာပါ။အက်စတွန်ဗီလာ အတွက် ချေပဂိုးကို ရမ်ဆေးက သွင်းယူခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ရာသီအစပရီးမီးယားလိဂ် ပွဲစဉ်(၃)ပွဲလုံး အရေးနိမ့်ခဲ့လို့ ဝေဖန်ခံခဲ့ရပြီး နည်းပြ အာတီတာ ရဲ့ရာထူးပါ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အာဆင်နယ် အသင်းဟာ အဲ့ဒီနောက်ပိုင်းကစားခဲ့တဲ့ ပွဲတွေမှာ ရလဒ်တွေပြန်လည်ကောင်းမွန်လာခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ မန်စီးတီး အသင်းကို အရေးနိမ့်ပြီးနောက် ကစားခဲ့တဲ့ (၇)ပွဲမှာ (၅)ပွဲအနိုင်ရခဲ့ပြီး (၂)ပွဲသရေကျခဲ့တာပါ။အဲ့ဒါကြောင့် အာဆင်နယ် အသင်းဟာ အဆင့်(၄)နေရာက ဘရိုက်တန် အသင်းနဲ့ (၁)မှတ်အကွာ အဆင့်(၉)နေရာထိ ရောက်ရှိလာခဲ့တာပါ။

အာဆင်နယ် အသင်းနည်းပြ အာတီတာ ကတော့ ပဲလေ့စ် အသင်းနဲ့ သရေကျပြီးနောက် ဒီပွဲမှာ နိုင်ပွဲရရှိအောင် တုံ့ပြန်နိုင်ခဲ့တဲ့ အသင်းရဲ့စွမ်းဆောင်ရည်ကို ချီးကျုးသွားခဲ့ပါတယ်။အာတီတာ က “ကျွန်တော်အနှစ်သက်ဆုံးအရာကတော့ အသင်းရဲ့တုံ့ပြန်မှုပါဘဲ”

“ဒါဟာ လုံလောက်မှုမရှိသေးဘူးဆိုတာ လက်ခံပါတယ်။ကျွန်တော်တို့ ဟာ အချို့အပိုင်းတွေမှာ တကယ်ကို လက်ခံနိုင်လောက်တဲ့အထိ ကစားနိုင်ခဲ့ကြပါတယ်။ကျွန်တော်တို့ဟာ လိဂ်မှာ အသက်အငယ်ဆုံးအသင်းဖြစ်ပါတယ်။ဒါဟာ အကြောင်းပြချက်ပေးတာမဟုတ်ပါဘူး”

“ကျွန်တော်တို့ဟာ အသက်အရွယ်ကို ပြောင်းလို့မရပါဘူး။အဲ့ဒါကြောင့် ဒီလို အကြောင်းပြချက်မျိုးတွေကို ကျွန်တော်တို့ တွေ့နိုင်မှာမဟုတ်ပါဘူး။ဒီပွဲတွေမှာ ဘာကြောင့် ဒီလိုဖြစ်ရသလဲ၊မှန်ကန်တဲ့အဖြေတွေကို ရှာရမယ်၊ပြီးရင် ဒါတွေကို မှန်ကန်အောင်လုပ်ရပါမယ်။သူတို့ဟာ ဒီအဆင့်မှာ ကစားနိုင်တယ်ဆိုတာ ယုံကြည်မှုရှိရပါမယ်”လို့ ဆိုခဲ့ပါတယ်။

ဒါ့အပြင် ဒီရာသီမှာ (၂)ဂိုးသွင်းပြီး (၂)ဂိုးဖန်တီးခဲ့တဲ့ စမစ်ရိုဝီကိုလည်း အာတီတာ က ချီးကျုးမှုပြုလုပ်သွားခဲ့ပါတယ်။အာဆင်နယ် အသင်းဟာ ကြားရက်မှာတော့ ကာရာဘောင်းဖလားပွဲစဉ်အဖြစ် လိဒ်စ် အသင်းနဲ့ ကစားရမှာဖြစ်ပြီး ဒါပြီးရင်တော့ လက်စတာ နဲ့ ပရီးမီးယားလိဂ် ကစားရမှာဖြစ်ပါတယ်။

Zawgyi

အာဆင္နယ္ အသင္းဟာ ဒီမနက္ပိုင္းက ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ အက္စတြန္ဗီလာ အသင္းနဲ႔ ကစားခဲ့ရာ (၃)ဂိုး-(၁)ဂိုးနဲ႔ အနိုင္ရရွိသြားခဲ့ပါတယ္။အာဆင္နယ္ အတြက္ဂိုးေတြကို ပါေတး၊အူဘာမီယန္းနဲ႔ စမစ္ရိုဝီ တို႔က သြင္းယူခဲ့တာပါ။အက္စတြန္ဗီလာ အတြက္ ေခ်ပဂိုးကို ရမ္ေဆးက သြင္းယူခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ အသင္းဟာ ရာသီအစပရီးမီးယားလိဂ္ ပြဲစဥ္(၃)ပြဲလုံး အေရးနိမ့္ခဲ့လို႔ ေဝဖန္ခံခဲ့ရၿပီး နည္းၿပ အာတီတာ ရဲ့ရာထူးပါ လႈပ္ခတ္ခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္ အာဆင္နယ္ အသင္းဟာ အဲ့ဒီေနာက္ပိုင္းကစားခဲ့တဲ့ ပြဲေတြမွာ ရလဒ္ေတြျပန္လည္ေကာင္းမြန္လာခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ အသင္းဟာ မန္စီးတီး အသင္းကို အေရးနိမ့္ၿပီးေနာက္ ကစားခဲ့တဲ့ (၇)ပြဲမွာ (၅)ပြဲအနိုင္ရခဲ့ၿပီး (၂)ပြဲသေရက်ခဲ့တာပါ။အဲ့ဒါေၾကာင့္ အာဆင္နယ္ အသင္းဟာ အဆင့္(၄)ေနရာက ဘရိုက္တန္ အသင္းနဲ႔ (၁)မွတ္အကြာ အဆင့္(၉)ေနရာထိ ေရာက္ရွိလာခဲ့တာပါ။

အာဆင္နယ္ အသင္းနည္းၿပ အာတီတာ ကေတာ့ ပဲေလ့စ္ အသင္းနဲ႔ သေရက်ၿပီးေနာက္ ဒီပြဲမွာ နိုင္ပြဲရရွိေအာင္ တုံ႔ျပန္နိုင္ခဲ့တဲ့ အသင္းရဲ့စြမ္းေဆာင္ရည္ကို ခ်ီးက်ဳးသြားခဲ့ပါတယ္။အာတီတာ က “ကၽြန္ေတာ္အႏွစ္သက္ဆုံးအရာကေတာ့ အသင္းရဲ့တုံ႔ျပန္မႈပါဘဲ”

“ဒါဟာ လုံေလာက္မႈမရွိေသးဘူးဆိုတာ လက္ခံပါတယ္။ကၽြန္ေတာ္တို႔ ဟာ အခ်ိဳ႕အပိုင္းေတြမွာ တကယ္ကို လက္ခံနိုင္ေလာက္တဲ့အထိ ကစားနိုင္ခဲ့ၾကပါတယ္။ကၽြန္ေတာ္တို႔ဟာ လိဂ္မွာ အသက္အငယ္ဆုံးအသင္းျဖစ္ပါတယ္။ဒါဟာ အေၾကာင္းျပခ်က္ေပးတာမဟုတ္ပါဘူး”

“ကၽြန္ေတာ္တို႔ဟာ အသက္အရြယ္ကို ေျပာင္းလို႔မရပါဘူး။အဲ့ဒါေၾကာင့္ ဒီလို အေၾကာင္းျပခ်က္မ်ိဳးေတြကို ကၽြန္ေတာ္တို႔ ေတြ႕နိုင္မွာမဟုတ္ပါဘူး။ဒီပြဲေတြမွာ ဘာေၾကာင့္ ဒီလိုျဖစ္ရသလဲ၊မွန္ကန္တဲ့အေျဖေတြကို ရွာရမယ္၊ၿပီးရင္ ဒါေတြကို မွန္ကန္ေအာင္လုပ္ရပါမယ္။သူတို႔ဟာ ဒီအဆင့္မွာ ကစားနိုင္တယ္ဆိုတာ ယုံၾကည္မႈရွိရပါမယ္”လို႔ ဆိုခဲ့ပါတယ္။

ဒါ့အျပင္ ဒီရာသီမွာ (၂)ဂိုးသြင္းၿပီး (၂)ဂိုးဖန္တီးခဲ့တဲ့ စမစ္ရိုဝီကိုလည္း အာတီတာ က ခ်ီးက်ဳးမႈျပဳလုပ္သြားခဲ့ပါတယ္။အာဆင္နယ္ အသင္းဟာ ၾကားရက္မွာေတာ့ ကာရာေဘာင္းဖလားပြဲစဥ္အျဖစ္ လိဒ္စ္ အသင္းနဲ႔ ကစားရမွာျဖစ္ၿပီး ဒါၿပီးရင္ေတာ့ လက္စတာ နဲ႔ ပရီးမီးယားလိဂ္ ကစားရမွာျဖစ္ပါတယ္။