မင်းတို့မရှက်ဘူးလားဆိုပြီး အတ္တလန္တာနဲ့ ပထမပိုင်းအပြီး အသင်းဖော်တွေကို ကောခဲ့တဲ့ ရော်နယ်ဒို

‌ရော်နယ်ဒို ကတော့ အတ္တလန္တာ အသင်းနဲ့ ကစားခဲ့တဲ့ ပထမပိုင်းအပြီးမှာ အသင်းဖော်တွေကို မရှက်ကြဘူးလားဆိုပြီး အဝတ်လဲခန်းထဲမှာ ပြောဆိုခဲ့တယ်လို့ The Sun က ဖော်ပြလိုက်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီပွရဲ့ပထမပိုင်းမှာ ခြေစွမ်းဆိုးဆိုးရွားရွားနဲ့ အတ္တလန္တာကို (၂)ဂိုးပြတ်နဲ့ အရေးနိမ့်နေခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ နိုင်ပွဲရဖို့ အတွက် နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန် ရဲ့ပုံစံအတိုင်း အဝတ်လဲခန်းထဲမှာ ပြုမူခဲ့တာပါ။ယူနိုက်တက်နဲ့ နီးစပ်တဲ့ ရင်းမြစ်ကတော့ ရော်နယ်ဒို ပြောဆိုခဲ့တာတွေကို SunSport နဲ့ တွေ့ဆုံရာမှာ အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။”ရော်နယ်ဒို က တသင်းလုံးကို ပြောနေခဲ့တာ မင်းတို့ရဲ့စွမ်းဆောင်ရည်က လက်ခံနိုင်စရာလုံးဝမရှိဘူးဆိုပြီးပေါ့”

“မင်းတို့ မရှက်ကြဘူးလားဆိုပြီးတော့လည်းမေးခဲ့ပါတယ်။ယူနိုက်တက် ပရိသတ်တွေရှေ့မှာ မင်းတို့ ဒီလိုပုံစံလုပ်လို့မရဘူး။ငါတို့ ဒီပွဲကို အနိုင်ရဖို့ လိုတယ်။ဒီလိုမှမဟုတ်ရင် ချန်ပီယံလိဂ် နောက်တဆင့်တက်မှာ မဟုတ်ဘူးဆိုပြီးပြောခဲ့တာ”လို့ ဆိုခဲ့ပါတယ်။

အဲ့ဒီနောက်မှာ နည်းပြ ဆိုးလ်ရှား က အသင်းလိုက်ကစားပြီး ဒုတိယပိုင်းမှာ ပထမဂိုးသာ ရခဲ့မယ်ဆိုရင် သူတို့ အနိုင်ရဖို့ ရှိတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ဘရူနိုဖာနန်ဒတ်စ် ကလည်း နည်းဗျုဟာ ပြောင်းလဲဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဘရူနိုဖာနန်ဒတ်စ် ဟာ ဘောလုံးပိုမိုရရှိဖို့ အတွက် ကွင်းထဲမှာ ပိုမိုနက်နက်ရှိုင်းရှိုင်းကစားချင်တယ်လို့ နည်းပြ က ပြောဆိုခဲ့ပါသေးတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒုတိယပိုင်းမှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပြီး ရက်ရှ်ဖိုဒ့် နဲ့ မက်ဂွဲယား တို့က ချေပဂိုးသွင်းယူခဲ့ပါတယ်။

အသင်းကို စိတ်ဓါတ်တက်ကြွအောင် လှုံဆော်ပေးခဲ့တဲ့ ရော်နယ်ဒို ကတော့ ပွဲချိန်(၈၁)မိနစ်မှာ အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို ခေါင်းတိုက်ပြီးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီပွဲအနိုင်ကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုကို ပြန်လည်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်း နိုင်ပွဲရရှိခဲ့ရာမှာ ရော်နယ်ဒို နဲ့ ဘရူနိုဖာနန်ဒတ်စ် တို့ရဲ့ဩဇာဟာ ကြီးထွားလာတယ်ဆိုတာကို ပြသခဲ့တာလည်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ မနက်ဖြန်မှာတော့ ခါးသီးပြိုင်ဘက် လီဗာပူးလ် အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေဆိုးရွားနေပြီး နောက်ဆုံးကစားထားတဲ့ (၃)ပွဲမှာ (၁)မှတ်သာ ရရှိထားတာဖြစ်ပါတယ်။

Zawgyi

ေရာ္နယ္ဒို ကေတာ့ အတၱလႏၲာ အသင္းနဲ႔ ကစားခဲ့တဲ့ ပထမပိုင္းအၿပီးမွာ အသင္းေဖာ္ေတြကို မရွက္ၾကဘူးလားဆိုၿပီး အဝတ္လဲခန္းထဲမွာ ေျပာဆိုခဲ့တယ္လို႔ The Sun က ေဖာ္ျပလိုက္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဒီပြရဲ့ပထမပိုင္းမွာ ေျခစြမ္းဆိုးဆိုးရြားရြားနဲ႔ အတၱလႏၲာကို (၂)ဂိုးျပတ္နဲ႔ အေရးနိမ့္ေနခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒို ဟာ နိုင္ပြဲရဖို႔ အတြက္ နည္းျပေဟာင္း ဆာအဲလက္စ္ဖာဂူဆန္ ရဲ့ပုံစံအတိုင္း အဝတ္လဲခန္းထဲမွာ ျပဳမူခဲ့တာပါ။ယူနိုက္တက္နဲ႔ နီးစပ္တဲ့ ရင္းျမစ္ကေတာ့ ေရာ္နယ္ဒို ေျပာဆိုခဲ့တာေတြကို SunSport နဲ႔ ေတြ႕ဆုံရာမွာ အခုလို ေျပာဆိုခဲ့တာျဖစ္ပါတယ္။”ေရာ္နယ္ဒို က တသင္းလုံးကို ေျပာေနခဲ့တာ မင္းတို႔ရဲ့စြမ္းေဆာင္ရည္က လက္ခံနိုင္စရာလုံးဝမရွိဘူးဆိုၿပီးေပါ့”

“မင္းတို႔ မရွက္ၾကဘူးလားဆိုၿပီးေတာ့လည္းေမးခဲ့ပါတယ္။ယူနိုက္တက္ ပရိသတ္ေတြေရွ႕မွာ မင္းတို႔ ဒီလိုပုံစံလုပ္လို႔မရဘူး။ငါတို႔ ဒီပြဲကို အနိုင္ရဖို႔ လိုတယ္။ဒီလိုမွမဟုတ္ရင္ ခ်န္ပီယံလိဂ္ ေနာက္တဆင့္တက္မွာ မဟုတ္ဘူးဆိုၿပီးေျပာခဲ့တာ”လို႔ ဆိုခဲ့ပါတယ္။

အဲ့ဒီေနာက္မွာ နည္းၿပ ဆိုးလ္ရွား က အသင္းလိုက္ကစားၿပီး ဒုတိယပိုင္းမွာ ပထမဂိုးသာ ရခဲ့မယ္ဆိုရင္ သူတို႔ အနိုင္ရဖို႔ ရွိတယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။ဘ႐ူနိုဖာနန္ဒတ္စ္ ကလည္း နည္းဗ်ဳဟာ ေျပာင္းလဲဖို႔ လိုအပ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ဘ႐ူနိုဖာနန္ဒတ္စ္ ဟာ ေဘာလုံးပိုမိုရရွိဖို႔ အတြက္ ကြင္းထဲမွာ ပိုမိုနက္နက္ရွိုင္းရွိုင္းကစားခ်င္တယ္လို႔ နည္းၿပ က ေျပာဆိုခဲ့ပါေသးတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဒုတိယပိုင္းမွာ အလြန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ျပသနိုင္ခဲ့ၿပီး ရက္ရွ္ဖိုဒ့္ နဲ႔ မက္ဂြဲယား တို႔က ေခ်ပဂိုးသြင္းယူခဲ့ပါတယ္။

အသင္းကို စိတ္ဓါတ္တက္ႂကြေအာင္ လႈံေဆာ္ေပးခဲ့တဲ့ ေရာ္နယ္ဒို ကေတာ့ ပြဲခ်ိန္(၈၁)မိနစ္မွာ အသင္းအတြက္ အဖိုးတန္အနိုင္ဂိုးကို ေခါင္းတိုက္ၿပီးသြင္းယူသြားခဲ့တာျဖစ္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဒီပြဲအနိုင္ေၾကာင့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ အုပ္စုကို ျပန္လည္ဦးေဆာင္နိုင္ခဲ့တာျဖစ္ပါတယ္။

ဒီပြဲမွာ မန္ခ်က္စတာယူနိုက္တက္ အသင္း နိုင္ပြဲရရွိခဲ့ရာမွာ ေရာ္နယ္ဒို နဲ႔ ဘ႐ူနိုဖာနန္ဒတ္စ္ တို႔ရဲ့ဩဇာဟာ ႀကီးထြားလာတယ္ဆိုတာကို ျပသခဲ့တာလည္းျဖစ္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ မနက္ျဖန္မွာေတာ့ ခါးသီးၿပိဳင္ဘက္ လီဗာပူးလ္ အသင္းနဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ရလဒ္ေတြဆိုးရြားေနၿပီး ေနာက္ဆုံးကစားထားတဲ့ (၃)ပြဲမွာ (၁)မွတ္သာ ရရွိထားတာျဖစ္ပါတယ္။