လီဗာပူးလ်မှာပဲ အနားယူချင်ပေမယ့် အနာဂတ်ကို သူမပိုင်ဘူးလို့ ဆိုခဲ့တဲ့ ‌ဆာလတ်

ဆာလတ် ကတော့ သူ့ရဲ့ကျန်ရှိနေတဲ့ ကစားသမားဘဝတလျှောက်ကို လီဗာပူးလ် မှာပဲ ကုန်ဆုံးချင်တယ်လို့ ပြောလိုက်ပါတယ်။ဒါပေမယ့် သူ့ရဲ့အနာဂတ်ဟာ သူ့ရဲ့လက်ထဲမှာ မရှိဘူးလို့ လည်း အီဂျစ်ကစားသမားက ထပ်မံပြောဆိုခဲ့တာဖြစ်ပါတယ်။

ဆာလတ် ဟာ လက်ရှိအချိန်မှာ လီဗာပူးလ် အသင်းအတွက် ခြေစွမ်းပြသနေတာဖြစ်ပေမယ့် သူနဲ့ အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၂၀၂၃)ဇွန်လမှာ ကုန်ဆုံးမှာလည်းဖြစ်ပါတယ်။ဒါပေမယ့် အခုအချိန်ထိ စာချုပ်သက်တမ်းတိုးဖို့ တော့ သဘောတူညီမှုမရရှိသေးတာပါ။

လီဗာပူးလ် အသင်းကစားသမား ဆာလတ် ရဲ့အေးဂျင့်ကတော့ သူ့ရဲ့ကစားသမားကို စာချုပ်သစ်အတွက် တပတ်လုပ်ခပေါင်(၅)သိန်းတောင်းဆိုထားတာဖြစ်ပါတယ်။အဲ့ဒါကြောင့် စာချုပ်သစ်အတွက် အခုထိ သဘောတူညီမှု မရရှိသေးတာလည်းဖြစ်ပါတယ်။ဆာလတ် က “ခင်ဗျား မေးမယ်ဆိုရင် ကျွန်တော်ကစားသမားဘဝ နောက်ဆုံးနေ့အထိ ဒီမှာဆက်ရှိချင်တယ်လို့ ပြောချင်ပါတယ်”

“ဒါပေမယ့် ဒါနဲ့ ပတ်သက်ပြီး ကျွန်တော် အများကြီးမပြောနိုင်ပါဘူး။ဒါက ကျွန်တော့်လက်ထဲမှာ ရှိတာမဟုတ်ပါဘူး။ဒါက ကျွန်တော့်အပေါ်မှာမူမတည်ပါဘူး။ကလပ်အသင်းလိုချင်တဲ့ အရာပေါ်မှာပဲ မူတည်ပါတယ်။အခုအချိန်ထိ လီဗာပူးလ် နဲ့ ဆန့်ကျင်ဘက်ကစားဖို့ ကျွန်တော်မမြင်သေးပါဘူး”

“ဒါက ကျွန်တော့်ကို ဝမ်းနည်းစေပါလိမ့်မယ်။ဒါက ခက်ခဲပါတယ်၊ကျွန်တော် ဒီအကြောင်းကို မပြောချင်ပါဘူး။ဒါပေမယ့် ဒါက ကျွန်တော့်ကို တကယ်ကို ဝမ်းနည်းစေမိမှာပါ”

“အခုအချိန်မှာတော့ လီဗာပူးလ် အသင်းနဲ့ ကျွန်တော် ပြိုင်ဘက်အဖြစ် ကစားရမှာကို ကျွန်တော် မမြင်သေးပါဘူး။ဒါပေမယ့် အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာကြည့်ရအောင်ပါ”လို့ စကိုင်းစပါ့သတင်းနဲ့ အင်တာဗျုးပြုလုပ်ရာမှာ ဆိုခဲ့တာလည်းဖြစ်ပါတယ်။

အီဂျစ် တိုက်စစ်မှုးဟာ ဒီရာသီမှာ လီဗာပူးလ် အသင်းအတွက် (၁၁)ပွဲပါဝင်ကစားထားပြီး (၁၂)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ကလောပ့် က ‌ဆာလတ် ရဲ့ခြေစွမ်းဟာ လက်ရှိအချိန်မှာ ရော်နယ်ဒို ၊မက်ဆီ တို့ထက် ပိုမိုကောင်းမွန်ပြီး သူ့ထက်ကောင်းမွန်တဲ့ ကစားသမားမရှိဘူးလို့ ပြောဆိုထားတာဖြစ်ပါတယ်။

WATFORD, ENGLAND – OCTOBER 16: (SUN OUT,THE SUN ON SUNDAY OUT) Mohamed Salah of Liverpool celebrates after scoring the fourth goal 0-4 during the Premier League match between Watford and Liverpool at Vicarage Road on October 16, 2021 in Watford, England. (Photo by John Powell/Liverpool FC via Getty Images)

Zawgyi

ဆာလတ္ ကေတာ့ သူ႔ရဲ့က်န္ရွိေနတဲ့ ကစားသမားဘဝတေလၽွာက္ကို လီဗာပူးလ္ မွာပဲ ကုန္ဆုံးခ်င္တယ္လို႔ ေျပာလိုက္ပါတယ္။ဒါေပမယ့္ သူ႔ရဲ့အနာဂတ္ဟာ သူ႔ရဲ့လက္ထဲမွာ မရွိဘူးလို႔ လည္း အီဂ်စ္ကစားသမားက ထပ္မံေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဆာလတ္ ဟာ လက္ရွိအခ်ိန္မွာ လီဗာပူးလ္ အသင္းအတြက္ ေျခစြမ္းျပသေနတာျဖစ္ေပမယ့္ သူနဲ႔ အသင္းတို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ (၂၀၂၃)ဇြန္လမွာ ကုန္ဆုံးမွာလည္းျဖစ္ပါတယ္။ဒါေပမယ့္ အခုအခ်ိန္ထိ စာခ်ဳပ္သက္တမ္းတိုးဖို႔ ေတာ့ သေဘာတူညီမႈမရရွိေသးတာပါ။

လီဗာပူးလ္ အသင္းကစားသမား ဆာလတ္ ရဲ့ေအးဂ်င့္ကေတာ့ သူ႔ရဲ့ကစားသမားကို စာခ်ဳပ္သစ္အတြက္ တပတ္လုပ္ခေပါင္(၅)သိန္းေတာင္းဆိုထားတာျဖစ္ပါတယ္။အဲ့ဒါေၾကာင့္ စာခ်ဳပ္သစ္အတြက္ အခုထိ သေဘာတူညီမႈ မရရွိေသးတာလည္းျဖစ္ပါတယ္။ဆာလတ္ က “ခင္ဗ်ား ေမးမယ္ဆိုရင္ ကၽြန္ေတာ္ကစားသမားဘဝ ေနာက္ဆုံးေန႔အထိ ဒီမွာဆက္ရွိခ်င္တယ္လို႔ ေျပာခ်င္ပါတယ္”

“ဒါေပမယ့္ ဒါနဲ႔ ပတ္သက္ၿပီး ကၽြန္ေတာ္ အမ်ားႀကီးမေျပာနိုင္ပါဘူး။ဒါက ကၽြန္ေတာ့္လက္ထဲမွာ ရွိတာမဟုတ္ပါဘူး။ဒါက ကၽြန္ေတာ့္အေပၚမွာမူမတည္ပါဘူး။ကလပ္အသင္းလိုခ်င္တဲ့ အရာေပၚမွာပဲ မူတည္ပါတယ္။အခုအခ်ိန္ထိ လီဗာပူးလ္ နဲ႔ ဆန႔္က်င္ဘက္ကစားဖို႔ ကၽြန္ေတာ္မျမင္ေသးပါဘူး”

“ဒါက ကၽြန္ေတာ့္ကို ဝမ္းနည္းေစပါလိမ့္မယ္။ဒါက ခက္ခဲပါတယ္၊ကၽြန္ေတာ္ ဒီအေၾကာင္းကို မေျပာခ်င္ပါဘူး။ဒါေပမယ့္ ဒါက ကၽြန္ေတာ့္ကို တကယ္ကို ဝမ္းနည္းေစမိမွာပါ”

“အခုအခ်ိန္မွာေတာ့ လီဗာပူးလ္ အသင္းနဲ႔ ကၽြန္ေတာ္ ၿပိဳင္ဘက္အျဖစ္ ကစားရမွာကို ကၽြန္ေတာ္ မျမင္ေသးပါဘူး။ဒါေပမယ့္ အနာဂတ္မွာ ဘာေတြျဖစ္လာမလဲဆိုတာၾကည့္ရေအာင္ပါ”လို႔ စကိုင္းစပါ့သတင္းနဲ႔ အင္တာဗ်ဳးျပဳလုပ္ရာမွာ ဆိုခဲ့တာလည္းျဖစ္ပါတယ္။

အီဂ်စ္ တိုက္စစ္မႈးဟာ ဒီရာသီမွာ လီဗာပူးလ္ အသင္းအတြက္ (၁၁)ပြဲပါဝင္ကစားထားၿပီး (၁၂)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။ကေလာပ့္ က ‌ဆာလတ္ ရဲ့ေျခစြမ္းဟာ လက္ရွိအခ်ိန္မွာ ေရာ္နယ္ဒို ၊မက္ဆီ တို႔ထက္ ပိုမိုေကာင္းမြန္ၿပီး သူ႔ထက္ေကာင္းမြန္တဲ့ ကစားသမားမရွိဘူးလို႔ ေျပာဆိုထားတာျဖစ္ပါတယ္။