ဘရူနိုကပါ အပြောင်းအလဲလုပ်ခိုင်းနေရပြီဖြစ်တဲ့ ဆိုးလ်ရှားရဲ့နည်းဗျူဟာ

ယူနိုက်တက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ အတ္တလန်တာကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအတွင်း နည်းပြဆိုးလ်ရှားကို နည်းဗျူဟာ အပြောင်းအလဲလုပ်ဖို့ ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

ဒီပွဲရဲ့ ပထမပိုင်းမှာ ယူနိုက်တက်တို့ ၀-၂ ဂိုးနဲ့ ရှုံးနိမ့်နေပေမယ့် ဒုတိယပိုင်းမှာတော့ အံ့အားသင့်ဖွယ် Comeback နဲ့အတူ ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ပထမပိုင်းပြီးတဲ့အချိန်မှာ ရော်နယ်ဒိုက အသင်းသားတွေကို အကြီးအကျယ် စိတ်ဓာတ်လှုံ့ဆော်ပေးခဲ့သလို ဘရူနိုဖာနန်ဒက်စ်ကလည်း သူကစားနေတဲ့နေရာကို အပြောင်းအလဲလုပ်ဖို့ ဆိုးလ်ရှားကို ပြောခဲ့တာပါ။

ဘရူနိုဖာနန်ဒက်စ်က သူ့အနေနဲ့ ဘောလုံးပိုမိုရရှိဖို့အတွက် နောက်ကိုပိုဆင်းကစားချင်တယ်လို့ဆိုခဲ့ပြီး ဒုတိယပိုင်းမှာလည်း ယူနိုက်တက်က အပြောင်းအလဲတွေနဲ့ သွင်းဂိုးတွေပြန်လည်ရရှိခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ပထမပိုင်းတစ်ပိုင်းလုံး အမှားအယွင်းတွေပြုလုပ်နေခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ရပ်ရှ်ဖို့ဒ်ရဲ့ ပထမချေပဂိုးအတွက် အကောင်းဆုံး ဖန်တီးပေးခဲ့တာပါ။

ဒါ့အပြင် တစ်ပွဲလုံး ရုန်းကန်ကစားသွားခဲ့တဲ့ သူ့ရဲ့ ကစားအားက ဒုတိယပိုင်းမှာ ပိုမိုသိသာပေါ်လွင်ခဲ့ပြီး ဒီပွဲရဲ့အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီနိုင်ပွဲကြောင့် အုပ်စုထိပ်ဆုံးကို ရောက်ရှိလာခဲ့ပြီး အုပ်စုတက်ဖို့အတွက်တော့ လာမယ့်ပွဲတွေကို အာရုံစိုက်ကစားဖို့ လိုအပ်နေဆဲပါ။

ဘရူနိုဖာနန်ဒက်စ်အနေနဲ့ အဲ့ဒီပွဲအပြီး နောက်တစ်နေ့ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပြီး မနက်ဖြန်မှာ ကစားမယ့် လီဗာပူးနဲ့ပွဲကို လွဲချော်နိုင်ဖွယ်ရှိတယ်လို့ ဆိုးလ်ရှားက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။