ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘက်ခမ်းကို ပေါင်သန်း ၁၅၀ နဲ့ ၀ယ်လိုက်တဲ့ ကာတာ

ဒေး‌ဗစ်ဘက်ခမ်း ဟာ ဆယ်စုနှစ်အတွင်း ကာတာ နိုင်ငံရဲ့သံအမတ်ဖြစ်လာဖို့ အတွက် ပေါင်သန်း(၁၅၀)နဲ့ သဘောတူညီမှုရရှိခဲ့တယ်လို့ ယုံကြည်ရပြီး သူဟာ (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဓိကပါဝင်ရဖွယ်ရှိနေတာဖြစ်ပါတယ်။ဒေးဗစ်ဘက်ခမ်း ဟာ အခုလအစောပိုင်းက ကာတာနိုင်ငံကို ရောက်ရှိခဲ့တဲ့ ပုံတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဒေးဗစ်ဘက်ခမ်း ဟာ လာမယ့်နှစ်ပြိုင်ပွဲအတွက် အသုံးပြုမယ့် အားကစားကွင်းအချို့အပါအဝင် မြင်ကွင်းမျိုးစုံကို လိုက်လံကြည့်ရှုခဲ့တာပါ။ဒေးဗစ်ဘက်ခမ်း ဟာ လာမယ့်လမှာ ကြေညာမယ့် သဘောတူညီမှုရဲ့အစိတ်အပိုင်းအဖြစ် သူ့ရဲ့တရားဝင်အခန်းကဏ္ဍပါဝင်လာမှာဖြစ်ပါတယ်။

ဒေးဗစ်ဘက်ခမ်း ဟာ ကာတာနိုင်ငံမှာ ခရီးသွားလုပ်ငန်းနဲ့ ယှဉ်ကျေးမှုကို မြှင့်တင်ပေးရမှာလည်းဖြစ်ပါတယ်။အသက်(၄၆)နှစ်အရွယ်ရှိ ဒေးဗစ်ဘက်ခမ်း က လာမယ့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သက်တံအလံတွေကို ခွင့်ပြုသွားရမယ်လို့ ပြောဆိုခဲ့ပါတယ်။

ကာတာနိုင်ငံဟာ လိင်တူချစ်သူတွေနဲ့ အမျိုးသမီးတွေအပေါ် လူ့အခွင့်အရေးမှတ်တမ်းတွနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။”ဒေးဗစ်ဟာ အဆင့်အများအပြားမှာ ကောင်းမွန်တဲ့ ခွန်အားအဖြစ် ဘောလုံးရဲ့စွမ်းအားအကြောင်းကို အမြဲတမ်းပြောတယ်လို့”သူရဲ့ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက The Sun ကို ပြောပါတယ်။

သူကတော့ ဒီကမ္ဘာ့ဖလားပြိုင်ပွဲကို အလွန်ကောင်းတဲ့ ပြိုင်ပွဲဖြစ်ဖို့ မျှော်လင့်နေတယ်လို့ လည်း ပြောဆိုခဲ့ပါတယ်။ဒေးဗစ်ဘက်ခမ်းနဲ့ ကာတာ တို့ ဆက်ဆံရေးဟာ အသစ်တခုပုံစံမဟုတ်ဘဲ ပီအက်စ်ဂျီ မှာ ကစားခဲ့တုန်းထဲက ဆက်ဆံမှုတွေရှိခဲ့တာဖြစ်ပါတယ်။

ဒေး‌ဗစ်ဘက်ခမ်းဟာ (၂၀၁၃) က ပြင်သစ်ကလပ်အတွက် ကစားချိန်မှာ ပီအက်စ်ဂျီ အသင်း ဥက္ကဌ အယ်လ်ခီလိုင်ဖီ နဲ့ အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့တာကြောင့် ဒီလိုသံအမတ်ပြုလုပ်ဖို့ သဘောတူညီချက် ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

သူတို့(၂)ဦးဟာ (၂၀၁၉) က ကျင်းပတဲ့ နိုင်ငံတကာပွဲစဉ်တပွဲမှာ ရယ်မောပျော်ရွှင်နေတဲ့ ဓါတ်ပုံတွေထွက်ပေါ်လာခဲ့ပြီး ဒေးဗစ်ဘက်ခမ်းဟာ ကာတာနိုင်ငံကို မကြာခဏ အလည်အပတ်ရောက်ရှိခဲ့တာဖြစ်ပါတယ်။ဒေးဗစ်ဘက်ခမ်း ဟာ လာမယ့်လမှာ ဖော်မြူလာဝမ်းပြိုင်ပွဲကြည့်ဖို့ကာတာ နိုင်ငံကို လာရောက်မှာဖြစ်တယ်လို့ သတင်းမှာ ဆိုပါတယ်။

Zawgyi






