ယူနိုက်တက် အသင်းဖော်တွေကို တင်းကျပ်တဲ့ ညွှန်ကြားချက်တွေ ထုတ်လိုက်တဲ့ ရော်နယ်ဒို

ရော်နယ်ဒို ကတော့ ဒီနေ့မှာ ကစားမယ့် လီဗာပူးလ် အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်ခင် အသင်းဖော်တွေကို တင်းကျပ်တဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်လိုက်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လက်စတာ အသင်းကို (၄)ဂိုး-(၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီရလဒ်တွေအပါအဝင် နောက်ဆုံးကစားထားတဲ့ (၈)ပွဲမှာ (၃)ပွဲသာ အနိုင်ရတဲ့ အထိ ရလဒ်တွေဆိုးရွားနေခဲ့တာဖြစ်ပါတယ်။ဒီလိုရလဒ်ဆိုးတွေကြောင့် နည်းပြ ဆိုးလ်ရှား အပေါ်မှာ ဖိအားတွေ အများအပြား ကျရောက်ခဲ့တာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ရော်နယ်ဒို၊ဆန်ချိုနဲ့ ဗာရာနီ တို့ကို ခေါ်ယူခဲ့ပြီး နည်းပြ ဆိုးလ်ရှား ကိုင်တွယ်ခဲ့တဲ့ (၂၀၁၈) ဒီဇင်ဘာနောက်ပိုင်း ပထမဆုံး ဆုဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားခဲ့တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ရော်နယ်ဒို ဒုတိယအကြိမ်မြောက် ပွဲထွက်ခဲ့တဲ့ နယူးကာဆယ် နဲ့ ပွဲပြီးတည်းက ပရီးမီးယားလိဂ်မှာ အိမ်ကွင်းနိုင်ပွဲပျောက်ဆုံးခဲ့တာပါ။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ရော်နယ်ဒို ရဲ့နောက်ကျသွင်းဂိုးတွေကြောင့်သာ အိမ်ကွင်းမှာ ဗီလာရီးရယ်လ် နဲ့ အတ္တလန္တာအသင်းတွေကို အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းရဲ့ခံစစ်ပိုင်းကလည်း ဆိုးရွားနေခဲ့ပြီး နောက်ဆုံးကစားထားတဲ့ (၁၃)ပွဲမှာ (၁)ပွဲသာ ပေးဂိုးမပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ရော်နယ်ဒို ကတော့ အသင်းဟာ အကူးအပြောင်းကာလဖြစ်တာကြောင့် အချိန်တခုယူရမယ်လို့ဆိုခဲ့ပါတယ်။ရော်နယ်ဒို က “ယူနိုက်တက် အသင်းဟာ အပြောင်းအလဲအနည်းငယ်လုပ်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။သူတို့ ကျွန်တော့်ကိုဝယ်တယ်၊ဆန်ချိုနဲ့ ဗာရာနီကိုလည်း ဝယ်ခဲ့တယ်။လိုက်လျောညီထွေမှုဖြစ်ဖို့ အချိန်ယူရပါမယ်”

“ဒါပေမယ့် အရာရာတိုင်းဖြစ်ရမယ်ဆိုတာကို စိတ်ထဲမှာ အဆင့်ဆင့်ထည့်ထားရမယ်လို့ ကျွန်တော်ထင်ပါတယ်။ကျွန်တော်ဟာ တဦးချင်းအကြောင်းအရာတွေကိုမပြောပါဘူး။စုပေါင်းလုပ်ရမယ့်အရာကိုပဲ ပထမဦးစားပေးမှာထားပါတယ်။တဦးချင်းထက် စုပေါင်းလုပ်မယ်ဆိုရင် အနိုင်ရဖို့က ပိုလွယ်ကူပါတယ်။ဖြစ်နိုင်မယ်လို့လည်းထင်ပါတယ်”

“လူတိုင်းက သူတို့ရဲ့အခန်းကဏ္ဍကို သိသင့်ပါတယ်။အသင်းမှာ ကျွန်တော့်ရဲ့အခန်းကဏ္ဍကို သိပါတယ်။ကျွန်တော့်ရဲ့ကဏ္ဍက အသင်းအတွက် ဂိုးတွေသွင်းမယ်၊အတွေ့အကြုံတွေနဲ့ နိုင်ပွဲရအောင်ကူညီပေးနိုင်ဖို့ပါ။လူတိုင်းက ဒီလိုတွေးပြီး အသင်းအတွက် အနစ်နာခံမယ်ဆိုရင် ပိုကောင်းတဲ့ အသင်းဖြစ်မယ်လို့ ကျွန်တော်ထင်ကြောင်း”ဆိုခဲ့ပါတယ်။

Zawgyi

ေရာ္နယ္ဒို ကေတာ့ ဒီေန႔မွာ ကစားမယ့္ လီဗာပူးလ္ အသင္းနဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္မတိုင္ခင္ အသင္းေဖာ္ေတြကို တင္းက်ပ္တဲ့ ညႊန္ၾကားခ်က္ေတြ ထုတ္ျပန္လိုက္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ လက္စတာ အသင္းကို (၄)ဂိုး-(၂)ဂိုးနဲ႔ အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဒီရလဒ္ေတြအပါအဝင္ ေနာက္ဆုံးကစားထားတဲ့ (၈)ပြဲမွာ (၃)ပြဲသာ အနိုင္ရတဲ့ အထိ ရလဒ္ေတြဆိုးရြားေနခဲ့တာျဖစ္ပါတယ္။ဒီလိုရလဒ္ဆိုးေတြေၾကာင့္ နည္းၿပ ဆိုးလ္ရွား အေပၚမွာ ဖိအားေတြ အမ်ားအျပား က်ေရာက္ခဲ့တာလည္းျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕က ေရာ္နယ္ဒို၊ဆန္ခ်ိဳနဲ႔ ဗာရာနီ တို႔ကို ေခၚယူခဲ့ၿပီး နည္းၿပ ဆိုးလ္ရွား ကိုင္တြယ္ခဲ့တဲ့ (၂၀၁၈) ဒီဇင္ဘာေနာက္ပိုင္း ပထမဆုံး ဆုဖလားကို ရယူနိုင္ဖို႔ ပစ္မွတ္ထားခဲ့တာျဖစ္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ေရာ္နယ္ဒို ဒုတိယအႀကိမ္ေျမာက္ ပြဲထြက္ခဲ့တဲ့ နယူးကာဆယ္ နဲ႔ ပြဲၿပီးတည္းက ပရီးမီးယားလိဂ္မွာ အိမ္ကြင္းနိုင္ပြဲေပ်ာက္ဆုံးခဲ့တာပါ။

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာလည္း ေရာ္နယ္ဒို ရဲ့ေနာက္က်သြင္းဂိုးေတြေၾကာင့္သာ အိမ္ကြင္းမွာ ဗီလာရီးရယ္လ္ နဲ႔ အတၱလႏၲာအသင္းေတြကို အနိုင္ရခဲ့တာလည္းျဖစ္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့ခံစစ္ပိုင္းကလည္း ဆိုးရြားေနခဲ့ၿပီး ေနာက္ဆုံးကစားထားတဲ့ (၁၃)ပြဲမွာ (၁)ပြဲသာ ေပးဂိုးမေပးခဲ့ရတာလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒို ကေတာ့ အသင္းဟာ အကူးအေျပာင္းကာလျဖစ္တာေၾကာင့္ အခ်ိန္တခုယူရမယ္လို႔ဆိုခဲ့ပါတယ္။ေရာ္နယ္ဒို က “ယူနိုက္တက္ အသင္းဟာ အေျပာင္းအလဲအနည္းငယ္လုပ္ခဲ့တယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။သူတို႔ ကၽြန္ေတာ့္ကိုဝယ္တယ္၊ဆန္ခ်ိဳနဲ႔ ဗာရာနီကိုလည္း ဝယ္ခဲ့တယ္။လိုက္ေလ်ာညီေထြမႈျဖစ္ဖို႔ အခ်ိန္ယူရပါမယ္”

“ဒါေပမယ့္ အရာရာတိုင္းျဖစ္ရမယ္ဆိုတာကို စိတ္ထဲမွာ အဆင့္ဆင့္ထည့္ထားရမယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ကၽြန္ေတာ္ဟာ တဦးခ်င္းအေၾကာင္းအရာေတြကိုမေျပာပါဘူး။စုေပါင္းလုပ္ရမယ့္အရာကိုပဲ ပထမဦးစားေပးမွာထားပါတယ္။တဦးခ်င္းထက္ စုေပါင္းလုပ္မယ္ဆိုရင္ အနိုင္ရဖို႔က ပိုလြယ္ကူပါတယ္။ျဖစ္နိုင္မယ္လို႔လည္းထင္ပါတယ္”

“လူတိုင္းက သူတို႔ရဲ့အခန္းက႑ကို သိသင့္ပါတယ္။အသင္းမွာ ကၽြန္ေတာ့္ရဲ့အခန္းက႑ကို သိပါတယ္။ကၽြန္ေတာ့္ရဲ့က႑က အသင္းအတြက္ ဂိုးေတြသြင္းမယ္၊အေတြ႕အၾကဳံေတြနဲ႔ နိုင္ပြဲရေအာင္ကူညီေပးနိုင္ဖို႔ပါ။လူတိုင္းက ဒီလိုေတြးၿပီး အသင္းအတြက္ အနစ္နာခံမယ္ဆိုရင္ ပိုေကာင္းတဲ့ အသင္းျဖစ္မယ္လို႔ ကၽြန္ေတာ္ထင္ေၾကာင္း”ဆိုခဲ့ပါတယ္။