EPLသမိုင်းတ‌‌လျှောက် အိုးထရက်ဖိုဒ့်ကွင်းမှာ ဘယ်သူမှမလုပ်နိုင်တဲ့ အရာကိုလုပ်ပြခဲ့ ဆာလတ်

လီဗာပူးလ် အသင်းကတော့ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခါးသီးပြိုင်ဘက် မန်ချက်စတာယူနိုက်တက် အသင်းကို အိုးထရက်ဖိုဒ့်ကွင်းမှာ (၅)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။ဆာလတ် ကတော့ ဒီပွဲမှာ ဟတ်ထရစ်သွင်းယူခဲ့ပြီး ကီတာနဲ့ ဂျိုတာ တို့က တဂိုးစီသွင်းယူခဲ့တာဖြစ်ပါတယ်။

ဆာလတ် ကတော့ ဒီပွဲမှာ ဟတ်ထရစ်ဂိုးသွင်းယူခဲ့တာကြောင့် ဒီရာသီမှာ လီဗာပူးလ် အသင်းအတွက် (၁၂)ပွဲပါဝင်ကစားထားပြီး ဂိုးပါဝင်ပတ်သတ်မှု (၂၀)ဂိုးအထိ ပြုလုပ်ထားတာဖြစ်ပါတယ်။

ဒီရာသီမှာ လီဗာပူးလ် အသင်းအတွက် ခြေစွမ်းပြသနေတဲ့ ဆာလတ် ဟာ ဒီဂိုး(၂၀)မှာ (၁၅)ဂိုးသွင်းယူပြီး (၅)ဂိုးဖန်တီးထားခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ဆာလတ် ဟာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့အိမ်ကွင်းမှာ ဂိုးသွင်းပြီးနောက် ပရီးမီးယားလိဂ်ရဲ့စံချိန်သစ်တခုကိုလည်း တင်နိုင်ခဲ့ပါတယ်။

အီဂျစ် ကစားသမားဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် အိုးထရက်ဖိုဒ့်ကွင်းမှာ ဟတ်ထရစ်ဂိုးသွင်းတဲ့ ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းရဲ့အိမ်ကွင်းမှာ ဟတ်ထရစ်ဂိုးသွင်းယူခဲ့တဲ့နောက်ဆုံး(၂)ဦး ကတော့ ဘရာဇီးလ် ရော်နယ်ဒို နဲ့ ‌ဆာလတ် တို့ ဖြစ်ပါတယ်။ရော်နယ်ဒိုကတော့ (၂၀၀၃) က သွင်းယူခဲ့တာပါ။အဲ့ဒါကြောင့် ဆာလတ် အတွက်ကတော့ ဒီမှတ်တမ်းဟာ ချိုမြိန်ဖွယ်ကောင်းခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဆာလတ် ဟာ ဒီပွဲမှာ သွင်းခဲ့တဲ့ ဟတ်ထရစ်ဂိုးကြောင့် ပရီးမီးယားလိဂ်သမိုင်းတလျှောက် အာဖရိကကစားသမားတွေထဲမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ဆာလတ် ဟာ (၁၀၇)ဂိုးနဲ့ ဒရော့ဘာရဲ့သွင်းဂိုး(၁၀၄)ဂိုးကို ကျော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီရာသီ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်းခံနေရတဲ့ ဆာလတ် တယောက် တကယ်ပဲ အဲ့လိုသတ်မှတ်ခံရအောင် လာမယ့် ပွဲတွေမှာလည်း ဘယ်လောက်ထိ ခြေစွမ်းပြပြီးဂိုးတွေသွင်းမလဲဆိုတာ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။

Zawgyi

လီဗာပူးလ္ အသင္းကေတာ့ မေန႔ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ခါးသီးၿပိဳင္ဘက္ မန္ခ်က္စတာယူနိုက္တက္ အသင္းကို အိုးထရက္ဖိုဒ့္ကြင္းမွာ (၅)ဂိုး-ဂိုးမရွိနဲ႔ ဂိုးျပတ္အနိုင္ရရွိသြားခဲ့ပါတယ္။ဆာလတ္ ကေတာ့ ဒီပြဲမွာ ဟတ္ထရစ္သြင္းယူခဲ့ၿပီး ကီတာနဲ႔ ဂ်ိဳတာ တို႔က တဂိုးစီသြင္းယူခဲ့တာျဖစ္ပါတယ္။

ဆာလတ္ ကေတာ့ ဒီပြဲမွာ ဟတ္ထရစ္ဂိုးသြင္းယူခဲ့တာေၾကာင့္ ဒီရာသီမွာ လီဗာပူးလ္ အသင္းအတြက္ (၁၂)ပြဲပါဝင္ကစားထားၿပီး ဂိုးပါဝင္ပတ္သတ္မႈ (၂၀)ဂိုးအထိ ျပဳလုပ္ထားတာျဖစ္ပါတယ္။

ဒီရာသီမွာ လီဗာပူးလ္ အသင္းအတြက္ ေျခစြမ္းျပသေနတဲ့ ဆာလတ္ ဟာ ဒီဂိုး(၂၀)မွာ (၁၅)ဂိုးသြင္းယူၿပီး (၅)ဂိုးဖန္တီးထားခဲ့တာျဖစ္ပါတယ္။ဒါ့အျပင္ ဆာလတ္ ဟာ မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့အိမ္ကြင္းမွာ ဂိုးသြင္းၿပီးေနာက္ ပရီးမီးယားလိဂ္ရဲ့စံခ်ိန္သစ္တခုကိုလည္း တင္နိုင္ခဲ့ပါတယ္။

အီဂ်စ္ ကစားသမားဟာ ပရီးမီးယားလိဂ္သမိုင္းတေလၽွာက္ အိုးထရက္ဖိုဒ့္ကြင္းမွာ ဟတ္ထရစ္ဂိုးသြင္းတဲ့ ပထမဆုံးကစားသမားအျဖစ္လည္း မွတ္တမ္းဝင္ခဲ့တာလည္းျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့အိမ္ကြင္းမွာ ဟတ္ထရစ္ဂိုးသြင္းယူခဲ့တဲ့ေနာက္ဆုံး(၂)ဦး ကေတာ့ ဘရာဇီးလ္ ေရာ္နယ္ဒို နဲ႔ ‌ဆာလတ္ တို႔ ျဖစ္ပါတယ္။ေရာ္နယ္ဒိုကေတာ့ (၂၀၀၃) က သြင္းယူခဲ့တာပါ။အဲ့ဒါေၾကာင့္ ဆာလတ္ အတြက္ကေတာ့ ဒီမွတ္တမ္းဟာ ခ်ိဳၿမိန္ဖြယ္ေကာင္းခဲ့တာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ ဆာလတ္ ဟာ ဒီပြဲမွာ သြင္းခဲ့တဲ့ ဟတ္ထရစ္ဂိုးေၾကာင့္ ပရီးမီးယားလိဂ္သမိုင္းတေလၽွာက္ အာဖရိကကစားသမားေတြထဲမွာ ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္လည္း မွတ္တမ္းဝင္ခဲ့ပါတယ္။ဆာလတ္ ဟာ (၁၀၇)ဂိုးနဲ႔ ဒေရာ့ဘာရဲ့သြင္းဂိုး(၁၀၄)ဂိုးကို ေက်ာ္ျဖတ္နိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီရာသီ ျပသေနတဲ့ ေျခစြမ္းေတြေၾကာင့္ လက္ရွိမွာ ကမၻာ့အေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ျခင္းခံေနရတဲ့ ဆာလတ္ တေယာက္ တကယ္ပဲ အဲ့လိုသတ္မွတ္ခံရေအာင္ လာမယ့္ ပြဲေတြမွာလည္း ဘယ္ေလာက္ထိ ေျခစြမ္းျပၿပီးဂိုးေတြသြင္းမလဲဆိုတာ ေစာင့္ၾကည့္ရမွာလည္းျဖစ္ပါတယ္။